Viber Sticker Enabler


Viber Sticker Enabler လေးပါ
Viber က ပိုက်ပိုက် နဲ့ ပေးဝယ်ရတယ့် 
sticker လေးတွေကို free ရမယ့် apk လေးပါ
ပုံမှာပြထားတဲ့ အတိုင်း 
apk လေးကို install ပြီး 
" Hack Me " လို့ နှိပ်လိုက်တာနဲ့
Sticker လေးတွေ ရရှိလာမှာပါ
ဒါပေမဲ့ viber မှာ ရှိမယ့် message တွေတော့ ပျက်သွားမယ်နော်
ပျော်ရွှင်ကြပါစေ Fans တို့

PC Tools File Recover Software


ဒေတာများပျောက်သွားသဖြင့် စိတ်ညစ်နေရကြောင်း ပြောဆိုပြီး ကူညီနိုင်က ကူညီပေးရန် ပြောလေသည်။ ကျွန်ုပ်မှာလည်း တတ်သိပညာ မနေသာ၍ မိမိတွင် ရှိနေသည့် PC Tools File Recover Software ဖြင့် ၎င်း၏ ဖျက်မိသော ဓာတ်ပုံများကို ပြန်ရှာပေးလေသည်။

Software ၏ ကောင်းကျိုးကြောင့် လိုချင်သည့် ဓာတ်ပုံများ ပြန်လည်ရရှိလေသည်။ ဓာတ်ပုံဆရာသည် File Recover Software ကိုလည်း လိုချင်ကြောင်း၊ ကွန်ပျူတာထဲ Install မည်သို့လုပ်ရမည် ကိုလည်း သိလိုကြောင်းဖြင့် တောင်းယူလေ၏။

ကျွန်ုပ်၏ ကွန်ပျူတာထဲတွင် ရှိသော PC Tools File Recover Software ဖိုင်ကို ပေးပြီး Software ကို Install လုပ်ပြီးပါက User name ကို Black Riders ထည့်ပြီး register key ကို 5324-098E-4C80-DE71-F64C-14C6-6B0C-0DD7-D21D-DAC9-A482 ထည့်သွင်းမှ Full Version ဖြစ်မှာ ဖြစ်ကြောင်း ပြောကြားလေ၏။

ဒါ့အပြင် ဤ Software သည် ဓာတ်ပုံအပြင် Database, Video, Music, Graphics, Documents, Archives, Email တို့ကိုလည်း Recover ပြန်လုပ်ယူနိုင်ကြောင်း ရှင်းပြလိုက်သည်။ ဓာတ်ပုံဆရာလည်း ကျွန်ုပ်အား အလွန်ကျေးဇူးတင်သဖြင့် ကော်ဖီဖြင့် ပြုစုချင်ကြောင်း ပြောလေသည်။ ကျွန်ုပ်လည်း ၀ါးရချည်သေးရဲ့ဟု စိတ်ကူးဖြင့် လိုက်ပါခဲ့လေတော့သည်။


ဖုန်းအားလုံးအတွက် Recovery Mode ၀င်နည်း



အခုပြောပြပေးမှာကတော့ Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း ဖြစ်ပါတယ်။ အရင်က Recovery mode ကို ၀င်ဖို့ဆိုရင် ဖုန်းအမျိုးအစားပေါ်လိုက်၍ သက်ဆိုင်ရာ ခလုပ်များကိုနှိပ်ရပါတယ်။ အခုပြောမည့် နည်းကတော့ ဘာခလုပ်မှ နှိပ်စရာမလိုတော့ပါဘူး။ လိုအပ်သော One Click Recovery ဖိုင်ကိုဒေါင်းပါ



ဒေါင်း၍ရလာသော One Click Recovery.rar ကို ဖြေချလိုက်ပါ။ အဲဒီထဲမှာ ပါလာတဲ့ One Click Recovery.exe ကို ကွန်ပျူတာပေါ်မှာ install လုပ်လိုက်ပါ။ desktop ပေါ်မှာ One Click Recovery ဆိုတဲ့ Icon လေး တွေ့ရပါလိမ့်မယ်။
Recovery mode ၀င်ချင်တဲ့ ဖုန်းကို power ဖွင့်ပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးလျှင် desktop ပေါ်က One Click Recovery ကို run လိုက်ပါ။ အောက်ပါပုံက box ကလေး တွေ့ရပါလိ့မ်မယ်။
Click To Enter Recovery ကို နှိပ်လိုက်ပါ။ ကဲ အခု ဖုန်းလေးကို ကြည့်လိုက်ပါ။ Recovery mode ထဲ ရောက်သွားတာ တွေ့ရပါလိ့မ်မယ်။ အားလုံးအဆင်ပြေကြပါစေ....

2095 ထိသက်တန်းရှိတဲ့ Avast Antivirus


Avast Antivirus လေးကတော့ အကောင်းဆုံး Antivirus များ ၁၀ ခုထဲက စာရင်းဝင်တဲ့ Antivirus လေး ဖြစ်ပါတယ်။ ကျနော်လက်ရှိသုံးနေတဲ့ Antivirus လေးပါ။ လိုင်စင်ကီးရဲ့ သက်တမ်းက မယုံနိုင်လောက် အောင် ၂၀၉၅-ခုနှစ် (၈၂-နှစ်နီးပါး-ရက်ပေါင်း၂၉၉၇ဝ) အထိရပါတယ်။ ဒီ Avast Antivirus လေး တခုထဲနဲ့ပဲ နှစ်ပေါင်းများစွာ သုံးနိုင်မှာဖြစ်ပါတယ်။
Key တခါထည့်ပြီးရုံနဲ့ ၂၀၉၅-ခုနှစ် အထိ
လိုင်စင်သက်တမ်း ရှိနေမှာဖြစ်ပါတယ်။ Install လုပ်နည်း ကတော့ Avast Setup ကို Install လုပ်ပါ။ Update နဲ့ Scanning ကို ပြီးအောင်ခဏစောင့်ပါ။ ပြီးရင် Avast ကိုဖွင့်ပြီး Setting>>Registration>>Off line Registration>>Insert License Key မှာ Notepat က အပေါ်ဆုံး Key ကို ထည့်ပေးလိုက်ပါ။။


Code ထည့်စရာမလိုတဲ့ Viber .apk



Viber ချစ်သူများအတွက် Code မလိုတဲ့ Viber  Version အသစ် ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရနေပါပြီဗျာ။

Screen ကိုခလုပ်မနှိပ်ဘဲ ဖွင့်ပိတ်လုပ်နိုင်တဲ့. apk

ဖုန်းတွေမှာ ပထမဆုံး Screen ကိုဖွင့်ဖို့အတွက် ခလုတ်ကိုနှိပ်ပြီးဖွင့်ကြရတယ်မဟုတ်လား။ ပိတ်ရင်သာ Screen Lock ဆော့ဝဲတစ်ခုခုကိုသုံးပြီး ပိတ်ကြရတယ်.. ခလုတ်နာသက်သာတာပေါ့.. ဒီ Tap Tap ဆိုတဲ့ ကောင်လေးက ဘာခလုတ်မှ နှိပ်စရာမလိုဘဲ Screen ကိုဖွင့်နိုင်တယ်၊ ပိတ်နိုင်တယ်ခင်ဗျ.. ခလုတ်အစား Proximity Sensor နဲ့ အလုပ်လုပ်ရတာ.. ဒီတော့ Proximity Sensor မပါတဲ့ ဖုန်းတွေတော့ အဆင်မပြေဘူးပေါ့ဗျာ.. ဗျာ.. Proximity Sensor လား.. Speaker ဘေးနားမှာ အပေါက်လေး သေးသေးလေးပါ.. ရှေ့ကင်မရာပါတဲ့ဖုန်းတွေဆို အဲဒီကင်မရာနားလေးမှာ.. ဘာလို့ ဒါကိုပြောနေရသလဲဆိုတော့ Proximity Sensor ကိုခိုင်းဖို့ပါ.. ဆက်ဖတ်တော့ သိရမှာပေါ့ဗျာ.. ..ဒီဗားရှင်းက 2013 July လကတည်းက ထွက်တာ.. ကျွန်တော်လည်း မသိဘူး. ကိုသူရကြီး မေးတော့မှ ရှာပြီး စမ်းကြည့်တာ.. အဆင်ပြေတယ်ဗျို့... လုပ်နည်းပြောပြမယ်...

1. Install လုပ်ပြီးရင် တွေ့ရမယ့်မြင်ကွင်းက အောက်ကပုံအတိုင်းပါပဲ. အဲဒီမှာ Setting ကိုနှိပ်လိုက်ပြီး ပေါ်လာတဲ့ထဲမှာ Activate ကိုနှိပ်ပေးလိုက်ပါ.. ဒီ App ကို အသက်သွင်းလိုက်တာပေါ့ဗျာ..


2. ဒီတစ်ခါ Proximity Sensor Configuration ကိုနှိပ်ပါ။

3. နောက်တစ်ခါ Count Sensor Events ကိုနှိပ်ပါ။

4. ဒါကတော့ Proximity Sensor ကို ဘယ်နှစ်ချက်နှိပ်ပြီးဖွင့်ခိုင်းမလဲဆိုတာကို သတ်မှတ်ပေးရမှာ.. သူ့မှာ Default အနေနဲ့ ၂ ချက်နှိပ်.. တက်တက် ဆိုပြီးရွေးထားတယ်ဗျ.. ကျွန်တော်က ၃ ခု ( Tap Tap Tap ) ကိုရွေးထားတယ်...

5. ကျန်တာတွေတော့ သူ့အတိုင်းပဲထားလိုက်ပါ..  ပြီးရင်တော့ OK OK နှိပ်ပြီးထွက်နိုင်ပါပြီ.. Setting ချိန်တဲ့အပိုင်းတော့ပြီးသွားပြီ... 
6. Screen Off အတွက်ကတော့ Status Bar ကိုဆွဲချပြီး Tap Tap ကိုနှိပ်လိုက်ရင် Off ဖြစ်သွားပြီ...
7. Screen On ဖို့အတွက်တော့ Proximity Sensor ကိုနှိပ်ပေးရမှာ.. ဘယ်နှစ်ချက်နှိပ်ရမလဲဆိုတာ ခုနက Count Sensor Events မှာရွေးခဲ့တဲ့အပေါ်မူတည်တယ်.. Tap Tap ကိုရွေးခဲ့သူက ၂ ချက်နှိပ်ပေးရမှာဗျ.. အဲဒီလိုနှိပ်ပေးရမှာ တစ်ချက်နဲ့တစ်ချက်ကြား Proximity Sensor ပေါ်က အရိပ်လွတ်အောင်နှိပ်နှော်.. ဒါဆို ဘာခလုတ်မှ နှိပ်စရာမလိုဘဲ ဖုန်း Screen လေးပွင့်လာပြီ.. Slide ဆွဲလို့ပဲဖြစ်ဖြစ်၊ Lock ဖြည်လို့ပဲဖြစ်ဖြစ် Home Screen ကိုရောက်ပါပြီခင်ဗျာ....




Facebook Messenger.apk




Facebook သုံးသူတွေအတွက် Facebook Messenger ဗားရှင်းအသစ်လေးတင်ပေးလိုက်ပါတယ် အသုံးပြုရလွယ်ကူမှန်းသုံးဖူးသူတိုင်း သိပါတယ် 



PicSay .apk


ဒါလေးကတော့ ကိုယ်သူငယ်ချင်းတွေကို ပြောင်ချင်နောက်ချင်တဲ့လူတွေအတွက် စာရေးပြီးပြောင်းလို့ရတဲ့ ဟာလေးပါ သုံးဖူးသူတွေတော့သိပါတယ် ရုပ်ပြောင်လည်းလုပ်လို့ရပါတယ် 



EasiestSoft Movie Editor v4.2.0 Final + Crack


ဒီဆော့စ်ဝဲလေးကတော့ Video တွေကိုကိုယ်လိုချင်သောအပိုင်းလောက်သာဖြတ်တောက်နိုင်ခြင်း ၊ နောက်ခံ watermark တွေထည့်စသွင်းခြင်း ၊ မြင်ကွင်းအကျဉ်းအကျယ်ပြောင်းနိုင်ခြင်း ၊ movie တွေကို
ဖျတ်တောက်ခြင်း ၊ ပေါင်းဆပ်ခြင်းတွေအပြင် Subtitle များထည့်သွင်းခြင်း ၊ Effect များထည့်သွင်းခြင်း
တို့ကိုဆောင်ရွက်နိုင်ပါတယ်။ဝင်းဒိုးအားလုံးမှာအသုံးပြုနိုင်ပါတယ်။Full ဖြစ်စေဖို့အတွက်ဒေါင်းလော့စ်
ဖိုင်ထဲမှာ Crack ဖိုင်လေးကိုထည့်သွင်းပေးထားပါတယ်။


S.O.: Windows 8, Windows 7, Vista, Windows XP.

Miglior Editor film per Win:

Taglia / video trim
Taglia / audio assetto
Crop Video
Rotate Video
Partecipa Video
Iscriviti Audio
Aggiungere watermark ai video
Aggiungere i sottotitoli a video
Anteprima e catturare immagini
Convertire video per il video
Convertire video in audio
Convertire l'audio in audio
Supporta Windows 8, Windows 7, Vista, XP

Drag Racing .apk


ကားမောင်းတာဝါသနာပါတဲ့သူငယ်ချင်းများအတွက် ပြိုင်ကားမောင်းတဲ့ဂိမ်းလေးကို တင်ပေးလိုက်ပါတယ် အင်တာနက်ကွန်နရှင်ရှိရင်တော့ ပိုပြီးဆော့လို့ကောင်းတယ်ဗျ ကားမောင်းပြိုင်းလို့နိုင်ရင် $ & Rp ရတယ် ရလာတဲ့ $ နဲ့ကားဝယ် အဆင့်မြင့် အဆင့်မြင့်တဲ့နေရာမှာ Rp ပေးရပါတယ် အင်တာနက်ကွန်နရှင်ရှိရင်တော့ Rp များများရအောင်ဆော့လို့ရတယ် Wifi Free ရှိတဲ့လူတွေအတွက် အဆင်ပြေတာပေါ့

လိုချင်ရင်တော့  ဒီမှာဒေါင်းပါ


Slide Show Maker Apk


ဒါလေးကတော့ Effect တွေတော့မပါဘူး လုပ်ရတာရိုးရိုးရှင်းရင်းလေးပါ သုံးရတာလွယ်ကူတယ် ဘာကွန်နရှင်မှမလိုဘူး သုံးနည်းကတော့လွယ်လို့ ပြောမပြတော့ပါဘူး
လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါ


CCTV ကင်မရာတစ်လုံးအား UTP Cable ဖြင့်တပ်ဆင်နည်း ( Ebook - မြန်မာလို )

ကျွန်တော်တို့ရဲ့အစ်ကိုလည်းဟုတ်..ဆရာလည်း ဟုတ်တဲ့ ဆရာဦးဇာနည် ရေးသားသည့် CCTV ကင်မရာတစ်လုံးအား UTP Cable ဖြင့်တပ်ဆင်နည်း ဆိုတဲ့စာအုပ်လေးဘဲဖြစ်ပါတယ်.. အဖိုးတန်တဲ့စာအုပ်ကောင်းလေးတစ်အုပ်လည်းဖြစ်ပါတယ်ခင်ဗျာ :)


ဖုန်းနဲ့ Slideshow လုပ်ချင်သူများအတွက်


ဖုန်းနဲ့ Slideshow လုပ်ချင်သူများအတွက် ကိုယ်ချစ်သူပုံလေးတွေကို သီချင်းနောက်ခံထားပြီး Slideshow လုပ်ချင်တာဘဲဖြစ်ဖြစ် ကိုယ်ရဲ့အမှတ်တရဓါတ်ပုံတွေကို လုပ်ချင်တာဘဲဖြစ်ဖြစ် လုပ်လို့ရအောင် တင်ပေးလိုက်ပါတယ် Internet ရှိဖို့တော့လိုတယ်နော် ဒါက Effect လေးတွေပါလို့အဆင်ပြေမယ်ထင်လို့တင်ပေးလိုက်ပါတယ် နောက်တစ်ခုရှိပါတယ်သူက Internet မရှိလည်းရတယ် ဒါပေမယ့် Effect မပါဘူးရိုးရိုးဘဲ နောက်တော့တင်ပေးမယ် အခုဒါလေးလိုချင်ရင်တော့


ငါWall ပေါ်မှာငါတင်ချင်တာတင်မယ်


ဒီ post ရဲ့ ခေါင်းစဉ်လိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရ
တဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။

 Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ်
ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။
အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။

ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို အပြင်မှာရင်းနှီးတယ်လို့၊ ပိုခင်တယ်လို့ ယူဆပြီး သူတင်တဲ့ post ကို ပိုပြပေးတာ။

 ဒါပေမယ့် နောက်ကျတော့ ဒီကောင်က နည်းနည်းလွန်လာပြီ၊ ထမင်းစားလည်းတင်၊ အပြင်သွားလဲတင်၊ checkin တွေလည်းဝင်၊ feeling တွေ watching တွေလည်းလုပ်၊ အိပ်ယာထလည်းတင် ဆိုတော့ မျက်စိနောက်လာကော၊ ဒါနဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ unfriend လည်းမလုပ်ချင်တော့ အရိပ်အမြွက်လေးပြောလိုက်တယ်၊
မင်းကွာ .. တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းလည်းမသိဘူး၊ ငါ့ဆီမှာ လာပေါ်တာ ရှုပ်နေတာပဲ
ဆိုတော့ သူငယ်ချင်းကလည်း သဘောပေါက်တယ်၊ ဒါပေမယ့် လက်မခံနိုင်ဘူး၊ ပထမတော့ ဘာမှမပြောဘဲနေလိုက်တယ်။ ဒါပေမယ့် တင်တာတော့မလျှော့ဘူး၊ မလျှော့တော့ နောက်တစ်ကြိမ် အပြောခံရကော၊ ဒီတစ်ခါတော့ သူလည်း
ဒေါသထွက်လာပြီးတော့
ငါ့ဝေါမှာငါတင်တာကွာ၊ မင်းမမြင်ချင်ရင် unfriend လုပ်သွား၊ block သွားလည်း ဘာမှမဖြစ်ဘူး၊ ငါစိတ်မဆိုးဘူး
စိတ်မဆိုးဘူးသာပြောတာ၊ တစ်ကယ်လုပ်ကြည့်ပါလား၊ အပြင်မှာပါ မိတ်ပျက်ကုန်မယ်။ အဲဒါနဲ့ သူတင်တာတွေကို သည်းမခံနိုင်ရာကနေ သူက ဒီလိုပါပြောလာတော့ ဒေါသငယ်ထိပ်ရောက်ပြီဆိုပါတော့၊ ဒါပေမယ့်
မကောင်းတတ်လို့ unfriend လောက်ပဲလုပ်လိုက်တယ်။ ဒါပေမယ့် အပြင်မှာ အခေါ်အပြောမလုပ်ကြတော့တဲ့အထိ ဖြစ်သွားရော။ ဒီလိုနဲ့ တစ်ကယ်အပြင်က သူငယ်ချင်းတွေ Facebook ကြောင့် မိတ်ပျက်ကုန်လို့၊ facebook က အရင်တုန်းကတည်းက လုပ်ထားပေးတာ တစ်ခုရှိတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းဝေါကိုသွားပြီးတော့ Show in news feed ဆိုတာလေးကို အမှန်ခြစ်လေး ဖြုတ်ထားရတာ။ ဒါပေမယ့် အဲဒါက လူမမြင်လို့ထင်တယ်။ Facebook က follow နဲ့ unfollow ဆိုတာကို အသစ်လုပ်ပေးလိုက်ပါတယ်။ အသစ်ဆိုပေမယ့် ကြာပါပြီ။

 ဒါပေမယ့် ကျွန်တော့်ပတ်ဝန်ကျင်မှာ ဒီလို ပြဿနာတွေ တွေ့နေရလို့ အခုမှ ပြန်တင်ပေးလိုက်တာပါ။ တင်တဲ့အခါမှာလည်း နှစ်ဖက်လုံးအတွက် အဆင်ပြေအောင် တင်ပေးမှာပါ။
ပထမကတော့ သူငယ်ချင်းဆီက post တွေ မမြင်ချင်တော့တဲ့လူတွေ အတွက်ပါ။ သူ့ post တွေ မမြင်ချင်ရင် သူ့ကို သွားပြောဖို့ မလိုပါဘူး။ အရင်ဆုံး မမြင်ချင်တဲ့လူရဲ့ wall ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ဝိုင်းပြထားတဲ့ Following ဆိုတာလေးကို နှိပ်လိုက်ပါ။ Follow လို့ ပြန်ပေါ်နေပါလိမ့်မယ်။ အဲဒါဆိုရပါပြီ။ သူ့ တင်သမျှ ကိုယ့်ဆီမှာ မတက်တော့ပါဘူး။
နောက်တစ်နည်းကတော့ ကိုယ်တင်တာတွေ များနေတယ်လို့ အပြောခံရတဲ့ လူတွေအတွက်ပါ။ အရင်ဆုံး တင်တာများနေပြီ၊ ငါ့ဆီမှာ လာပေါ်တာရှုပ်နေတာပဲ လို့ ပြောတဲ့သူရဲ့ wall ကိုသွားလိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း Friends ဘေးက down arrow လေးကိုနှိပ်ပြီး၊ Acquaintances ကိုနှိပ်လိုက်ပါ။
ပီးရင် ကိုယ် post တင်တော့မယ်ဆိုရင် အောက်ကပုံထဲကအတိုင်း post visibility setting မှာ “Friends except acquaintances” ဆိုတာကို ရွေးပြီး တင်လိုက်ပါ။

ဒါဆို ကိုယ်နဲ့ friend ဖြစ်တဲ့သူ အားလုံးမြင်ရပါမယ်။ ဒါပေမယ့် Acquaintances ထဲက လူတွေကတော့ Freind ဖြစ်ပေမယ့် မမြင်ရပါဘူး။ အဲဒါအပြင် ဒီနည်းလမ်းနှစ်ခုလုံးကို လုပ်တာဟာ တစ်ဖက်ကလူကို အဲဒီလိုလုပ်ထားတယ်ဆိုတာ မသိစေတဲ့အတွက် အပြင်မှာလည်း မိတ်မပျက်သလို Facebook ကိုလည်း စိတ်ကြိုက်သုံးနိုင်မှာပါ။

Credit :  http://www.myanmarwebdesigner.com



Internet Download Manager 7.1


Fake Serial Number ခဏခဏပေါ်နေလို့စိတ်ညစ်နေသူများအတွက် IDM 7.1 ကိုတင်ပေးလိုက်ပါတယ် ဒါကတော့ ဒီဇိုင်းလေးပြောင်းသွားတဲ့အပြင် Fake Serial Number မပေါ်တော့ပါဘူး သုံးရတာလည်းကောင်းပါတယ် 
အလုပ်မအားလို့မတင်ဖြစ်တာကြာသွားတဲ့အတွက် တောင်ပန်ပါတယ် ဒီနေ့ကစပြီးပြန်တင်ပါတော့မယ်