ဖုန်းထဲမှာတင် Root လုပ်နိုင်တဲ့ Baidu Root v2.2 for Android
Android ဖုန်း/Tablet တွေကို One Click နဲ့ Root လုပ်လို့ရတဲ့ ကွန်ပျူတာ Tool တွေထဲမှာဆိုရင် V Root ကအစွမ်းဆုံးပါပဲ။ အခုတော့ V Root လိုပဲ ဖုန်းပေါင်းစုံကို root လုပ်နိုင်တဲ့ Root Tool လေးဖြစ်တဲ့ Baidu Root လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Baidu Root ဆော့ဝဲလေးကတော့ ကွန်ပျူတာဆော့ဝဲမဟုတ်ဘဲ Android ဖုန်းဆော့ဝဲလေးတစ်ခုသာဖြစ်တာကြောင့် ဖုန်းထဲမှာ install လုပ်ပြီး ဖုန်းကိုအလွယ်တကူ root လုပ်နိုင်မှာဖြစ်ပါတယ်။ Baidu Root ဆော့ဝဲလေးက ဖုန်းကို root လုပ်နိုင်ရုံတင်မဟုတ်ပါဘူး ။ ဒီ root apk လေးကိုယ်တိုင်က superuser ဆော့ဝဲတစ်ခုအနေနဲ့ပါစွမ်းဆောင်ပေးပါသေးတယ်။ ဒါ့အပြင် ဖုန်းမှာပါတဲ့ System application တွေကို ဖျက်ချင်ရင်ပဲဖြစ်ဖြစ် ၊ ဖုန်းရဲ့ speed ကိုမြန်ဆန်ဖို့ပဲဖြစ်ဖြစ် ၊ ဖုန်းထဲကို မလိုလားအပ်တဲ့ extenal access တွေအလွယ်တကူချိတ်ဆက်မလာနိုင်အောင်ကာကွယ်ဖို့ပဲဖြစ်ဖြစ် ဒီ Baidu Root for Android ဆော့ဝဲလေးက စွမ်းဆောင်ပေးနိုင်ပါသေးတယ်။ တော်တော်လေးကိုလန်းတဲ့ Root application လေးပါပဲ။ ဖုန်းထဲမှာတင် Root လုပ်နိုင်တဲ့ စွယ်စုံသုံး Baidu Root v2.2 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။
WeChat For Pc
Android /ioS မှာနာမည်ကြီးခဲ့တဲ့ WeChat ဆော့ဝဲလ်လေး ကွန်ပျူတာမှာအသုံးပြုနိုင်အောင် တင်ပေးလိုက်ပါတယ်။WeChat ကလည်း Viber လိုပဲလူသုံးများတဲ့ Free Call & Message ဆော့ဝဲတစ်ခုပါ။
WeChat ကိုအသုံးပြု၍
• WeChat အသုံးပြုသူခြင်း Voice Message ပို့နိုင်ခြင်း
• Voice call နှင့် Video Call များကိုရှင်းလင်းပြတ်သားစွာပြောဆိုနိုင်ခြင်း
• Private Chat / Group Chat ပုံစံများဖြင့် Message chatting ပြောဆိုနိုင်ခြင်း
• ဓာတ်ပုံနှင့် ဗီဒီယိုများကို WeChat အသုံးပြုသူအချင်းချင်းအလွယ်တကူမျှဝေနိုင်ခြင်း
• WeChat အသုံးပြုသူ အယောက် ၄၀ ခန့်အထိချိတ်ဆက်၍ ဖုန်းကို ဝေါ်ကီတော်ကီ ကဲ့သို့အသုံးပြု စကားပြောဆိုနိုင်ခြင်း စတဲ့ features အစုံအလင်ကိုအသုံးပြုနိုင်မှာပါ။ WeChat  for Windows 7/8/Xp ကိုအောက်မှာရယူပါ။
ဒီမှာဒေါင်းပါ
Sony တွေကိုအချိန်ခဏလေနဲ့ Bootloader Unlock အလွယ်ကူဆုံးလုပ်နည်း
ကဲ ဒီတစ်ခါ တော်တော်အသုံးဝင်တဲ့ tools တစ်ခုနဲမိတ်ဆက်ပေးမယ် Sony သမားတွေ အတွက်
သူတွေ အတွက် သိပ့်ပြသနာ မဟုတ်ပေးမဲ့ သာမန် user တွေအတွက်တော့ ကြီးမာတဲ့ ပြသနာပေါ့
ကဲ အရင်တုန်ကလို Bootloader Unlock လုပ်ဖို့ အတွက် ကုဒ်တွေပါတွေ Flastboot Cmd တွေ ထည့်ရိုက်စရာမလိုဘဲ အချိန်ခဏ လေအတွင် Bootloader Unlock လုပ်နည်းလေပါ
လိုအပ်တဲ့သူများဒေါင်းလိုက်ပါ
Download Bootloaer File
ပြီရင် ဖုန်းရဲ့ usb setting တွေ ၀င်ပြင်ပြီ ကွန်ပျူတာနဲချိတ်ဆက်ပေးလိုက်ပါ မိမိကွန်ပျူတာမှာတော
sony usb driver တော့သွင်းထားရမှာပါ ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင် ဒေါင်းထားတဲ့ program အင်စတောလုပ်ပြီကိုဖွင့်လိုက်ပါ
ပြီရင် unlock နေရာမှာနှိပ်ပြီ ဒီတိုင်ခဏချိတ်ထားပေးပါ .. အင်တာနတ်လိုင်ကောင်ရင် ခဏလေဘဲကြာပါတယ်
ဒီလိုအစိမ်ရောင်တန်လေ ပြည့်သွားပြီ Finsh လို့ တက်လာရင် Bootloader Unlock လုပ်လို့ အောင်မြင်ပါပြီ
ဒါဆို မိမိစိတ်ကြိုက် vroot လေနဲသာကစ်လိုက် root သေခြာပေါက်ဖြစ်ပါတယ်
မြန်မာဖောင့် TTF လိုချင်သူတွေအတွက် ဒီဇိုင်းပေါင်း 1082 ပါတဲ့ဇစ်ဖိုင်လေး
ဒီတစ်ခါတော့ မြန်မာဖောင့် ttf ဖိုင်လေးတင်ပေးလိုက်ပါတယ် ဒီဇိုင်းပေါင်း 1082 ပါပါတယ်။ စာစီစာရိုက်လုပ်လုပ် ဖိတ်စာလုပ်လုပ် မွေးနေ့ကဒ်လုပ်လုပ် ဒီဇိုင်းမရှိသူတွေအတွက်တင်ပေးလိုက်ပါတယ်
Windows 8 ကို 9MB နဲ့ဒေါင်းမယ်
သုံးစို့လားလို့သာ ပြောသာ ကျွန်တော်ကိုယ်တိုင် တင်လို့ မပီးသေးပါဘူး ။ သူများတွေ window 8 ဆိုတော့လည်း ကိုယ်လည်း သုံးချင်သပေါ့ :) အဲဒါကြောင့် မရမက လိုက်ရှာရင်း 3.45GB လောက်ကို 9 MB ထိ ချုပ်ထားတဲ့ အတွက် ဒေါင်းရတာလည်း အဆင်ပြေသွားတယ် ။ အဆင်ပြေတယ်သာ ပြောတာ နာရီဝက်လောက်ကိုကြာပါတယ် ဖေ့ဘုတ်မှာတောင် သွားအောက်ပါသေးတယ် :) သုံးချင်ရင်တော့ ဒေါင်းသွားလိုက်ပါ ။ 9MB သာမို့ အဆင်ပြေလှပါတယ် :)
TeamViewer
TeamViewer software ဆိုတာ နာမည်ကြီး remote software တစ်ခုပါ။ တော်တော်များများလဲ သိကြပါတယ်။
ကျွန်တော်ကိုယ်တိုင်လဲ အသည်းဆွဲပါပဲ။ အရမ်းကြိုက်ပါတယ်။ အမြဲတမ်းလဲ အသုံးပြုနေရပါတယ်။ ဒီ software က ဘယ်လို နေရာတွေမှာ အသုံးဝင်လဲ ဆိုရင် ဥပမာ USA က မိတ်ဆွေ တစ်ယောက်က သူ့ computer မှာ error ရှိနေတယ်။ သူကိုယ်တိုင်လဲ မဖြေရှင်းတက်ဘူး။ ဒီကနေ ပြောပြဖို့လဲ အဆင်မပြေဘူးဖြစ်နေတယ်။ ဒါဆို လွယ်ပါတယ်။ သူ့ကို TeamViewer QS ဆိုတဲ့ exe လေး ပို့ပေးပြီး run ခိုင်းလိုက်ပါ။ ပြီးရင် ID နဲ့ Password ကိုတောင်းပြီး internet connection ရှိနေတဲ့ မည်သည့်နေရာကနေ မဆို သူ့ computer ထဲကိုဝင်ပြီး ပြုပြင်ပေးနိုင်ပါတယ်။
service သမားတွေအတွက်လဲ အရမ်းကို အသုံးဝင်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လဲ service engineer တွေ၊ Network Administrator တွေက ဒီ software ကို အသုံးပြုကြပါတယ်။ ကျွန်တော် ဆရာစံလမ်းက ဗီယနမ် သံရုံးကို network ပြဿနာ တစ်ခုနဲ့ ရောက်တုန်းကဆိုရင် တချို့ ပြဿနာတွေကို ဗီယနမ်က network administrator က TeamViewer Software ကိုသုံးပြီး ရန်ကုန်က server ထဲကို ၀င်ပြင်ပေးပါတယ်။ ဒါက ကျွန်တော့် ကိုယ်တွေ့တစ်ခုကို ပြောပြတာပါ။
TeamViewer Software ကို www.teamviewer.com ကနေ download ရယူနိုင်ပါတယ်။ Operaing System အနေနဲ့လည်း အောက်ပါ OS တွေကို support လုပ်ပါတယ်။
Windows
1. Windows 98/NT(Service Pack 6a, at least IE 5.5)/Millennium Edition
2. Windows 2000/XP/Vista/7
3. Windows Server 2000/2003/Home Server/Server 2008/Server 2008R2/Home Server 2011
Mac OS
1. Mac OS X 10.4 and later (including Mountain Lion)
Linux
1. Red Hat, Fedora, Suse, Mandriva, Debian and Ubuntu
Mobile devices
1. TeamViewer for Remote Control: iOS (for iPad please use HD App), Android version 1.6 and later
1. TeamViewer for Meetings: iOS, Android version 2.2 and later
TeamViewer QuickSupport: Android version 2.3 and later on Samsung devices with original Samsung firmware
TeamViewer ကိုအသုံးပြုဖို့အတွက် Security အနေနဲ့အဆင်ပြေပါ့မလား မယုံကြည်နိုင်အောင် ဒွီဟ ဖြစ်နေခဲ့ရင် ဒီလင့် ကို သွားကြည့်လိုက်ပါ။ Security အနေနဲ့ကလဲ ထောက်ခံမှု၊ အသိ့အမှတ်ပြုမှုတွေ အပြည့်အ၀ ရရှိထားပါတယ်။ TCP Port 5938 ကိုအသုံးပြုထားပါတယ်။
How to control computers remotely with Android Phone (or) tablets
ကျွန်တော်အခု အရေးပေါ် အခြေနေ တစ်ခုအတွက် အသုံးပြုနိုင်ရန် မိမိရဲ့ Android Phone (or) Tablets ကနေ Computer ထဲကို ၀င်ပြီးပြုပြင်တဲ့နည်းကို ရေးပါ့မယ်။ 
တစ်ခြား computer to computer ၊ Ipad to computer စသည်ဖြင့် တခြားနည်းတွေကလဲ အတူတူပါပဲ။ ဒီသဘောတရားအတိုင်းပါပဲ။
Step (1) ပထမဆုံး ဒီလင့် ကိုသွားလိုက်ပါ။ မိမိရဲ့ Android OS အတွက် ပုံမှာ ပြထားတဲ့ teamviewer.apk ကို download ဆွဲလိုက်ပါ။
Step (2) ပြီးရင် Android OS ထဲမှာ install လုပ်ပြီး software ကိုဖွင့်ထားလိုက်ပါ။ internet conneciton ရှိနေဖို့တော့ လိုပါတယ်။
Step (3) ဒီအပိုင်းကတော့ ကိုယ်လှမ်းဝင်မဲ့ computer ဘက်က လုပ်ရမဲ့ အပိုင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် computer ထဲကို အ၀င်ခံရမဲ့ သူကိုယ်တိုင် လုပ်ရမှာပါ။
ဒီလင့် ကိုသွားလိုက်ပါ။ အဲဒီမှာ မိမိရဲ့ Operating System ပေါ်မှုတည်ပြီး TeamViewerQS ဆိုတာကို download ဆွဲလိုက်ပါ။ ပုံမှာတော့ ကျွန်တော်က windows OS အတွက်ပဲ ပြထားပါတယ်။ 
အကယ်၍ မိမိ ၀င်မဲ့ computer က တစ်ခြား နိုင်ငံ တစ်ခုခုမှာ ဖြစ်နေခဲ့မယ်ဆိုရင်လဲ အဆင်ပြေပါတယ်။ Link ပေးပြီး သူ့ကို download ဆွဲခိုင်းလိုက်ပေါ့။ download ဆွဲပြီးသွားပြီဆို၇င်တော့ TeamViewerQS ကို Double Click နှိပ်ပြီး Run လိုက်ပါ။ အဲဒီမှာ ခဏ စောင့်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်း your ID No နဲ့ Password ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဒီ Noumber နှစ်ခုကို ကိုယ့် computer ထဲကို ၀င်မဲ့ တဖတ်လူကို ပေးရပါမယ်။
Step (4) မိမိရဲ့ Android Phone (or) Tablet က TeamViewer Software ကနေ ပထမဆုံး အပေါ်က Your ID No ကို ထည့်ပြီး Connect လုပ်လိုက်ပါ။ password တောင်းရင် အောက်က password ကို ထည့်ပေးရပါမယ်။ အဲဒါဆို အဆင်ပြေသွားပါပြီ။ တဖတ်လူရဲ့ computer ထဲကို ရောက်သွားပါလိမ့်မယ်။
မှတ်ချက် ။ ။ ကိုယ်လှမ်းဝင်မဲ့ computer က တခြား နိုင်ငံမှာ ရှိနေခဲ့မယ်ဆိုရင်တော့ သူ့ဆီက အဲဒီ Your ID No နဲ့ Password ကို Gtalk (or) Phone ဒါမှမဟုတ်ရင်လည်း တစ်ခြား communication software တစ်ခုခုကနေ လှမ်းတောင်းရမှာပေါ့။
စိတ်ဝင်စားလို့သုံးချင်သူများအတွက်အောက်မှာ ဒေါင်းလုပ်နိုင်ရန်လင့်ပေးထားပါတယ်။
Window 8 ကို သုံးရတာ ရှုပ်နေသူများအတွက် Window 7 စတိုင်ပြောင်းနည်း
Window 8 သုံးနေပြီး စတိုင်ကို ပြောင်းချင်ရင် ဒီဆော့ဝဲလေး ထည့်ထားသုံးလိုက်ပါ
သုံးနေကျမဟုတ်လို့  အသားမကျသူများ Start Menu စတိုင်ကို အဆင်မပြေသူများ
Window ပြောင်းစရာမလိုပဲ ဒီဇိုင်းလေးနဲနဲပြင်၍ Window 7 ပုံစံလေး  ပြောင်းလိုက်
ဆော့ဝဲထည့်ပီးရင် ဆော့ဝဲကိုဖွင့်ပါ ပြီးရင် ပုံမှာပြထားသလို စတိုင်ကို ယူ OK ပေးပါ 
တခြား အများကြီးကလိရပါတယ် ကိုယ်တိုင်ထည့်ပီး သေချာ လေ့လာကြည့်လိုက်ပါ
windows 8 active မဖြစ်သေးသူများအတွက် windows 8 activator
ကဲဒီတစ်ခါ windows 8 active မဖြစ်သေးသူများအတွက် windows 8 activator လေးတင်ပေးလိုက်ပါတယ် ပေးထားတဲ့ဖိုင်လေးကိုဒေါင်း Zip ဖိုင်လေးဖြည်ပြီးအထဲမှာပါတဲ့ windows 8 activator ကိုကလစ်2ချက်နှိပ်လိုက်ရင်ရပါပြီ 
KaraWin Std (amyokaungtarr.com)3.9.0.0.rar (3.41 Mb)
ကွန်ပျူတာမှာ သီချင်းဆိုချင်တဲ့ သူငယ်ချင်းတွေအတွက် အသုံးတည့်မယ်ဆောစ့်ဝဲလ်လေးပါ
သူက အသံ တီးလုံး ကြိုက်တာဖျောက်လို့ရပါတယ်  Rap သီချင်း လုပ်တာ
သီချင်းတွေကို မြန်တာနှေးတာ စသည်ဖြင့် လုပ်ဆောင်ချက်တွေရှိပါတယ်
အပြည့်စုံကိုတော့ http://www.karawin.fr/karaoke-enst.php မှာလေ့လာနိုင်ပါတယ်
အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Rar Pass>>>amyokaungtarr
လိုင်စင်ထည့်တဲ့အချိန်မှာ အင်တာနက်လေး ပိတ်ထားပါ...
Photoshine_Fullversion
ဒါကလည်း ဓါတ်ပုံပြင်တဲ့ program လေးပါ။ အထဲမှာ ဒီဇိုင်းတွေ အများကြီး ပါဝင်ပါတယ်။ frame တွေ အများကြီး ပါတဲ့ အတွက်ကြောင့် မိမိလိုသလို ပုံတွေကို ဒီဇိုင်းလုပ်လို့ ရပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဓါတ်ပုံပြင်တဲ့ ဆိုင်တွေမှာ ready made frame တွေနဲ့ လုပ်ကြတာ အခုလို photo editing software တွေကို များသောအားဖြင့် သုံးပြီးတော့ ပြင်ကြတာပါ။ အမြန်ပြင်ရတာ ဖြစ်တဲ့အတွက်ကြောင့် photoshop နဲ့ လုပ်ဖို့ အချိန်မရတဲ့အတွက် အခုလို frame တွေထဲ ထည့်လိုက်ရုံနဲ့ ပြီးတဲ့ software မျိုးကို သုံးတာပါ။ ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ။
ဒေါင်းရန် ... ဒီမှာ
Photoshop သမားများအတွက် ရှိထားရမယ့် Plug-in တစ်ခု Noiseware Plug-in 5.0.0.7 Full
Photoshop ဟာ ဓါတ်ပုံသမားတွေအတွက် အဓိကသုံးစွဲနေတဲ့ Software တစ်ခုပါ. ကျွမ်းကျင်ရင်ကျွမ်းကျင်သလို ကောင်းမွန်ပြည့်စုံတဲ့ အရည်အသွေးမြင့် ဓါတ်ပုံနဲ့ ဒီဇိုင်းတွေ ဖန်တီးနိုင်ပါတယ်.. မကျွမ်းကျင်သူများအတွက် နဲ့ လွယ်ကူသက်သာဖို့အတွက်တော့ Plug-in တွေဟာ မရှိမဖြစ်ပါပဲ.. NoisewarePlugin v5.0.0.7 Full Version က ဓါတ်ပုံရဲ့ ရုပ်ထွက်ကောင်းမွန်မှုနဲ့ ကြည်လင်ပြတ်သားမှု၊ စိုပြည်တောက်ပမှုတို့အတွက် အထောက်အကူ ပြုပါတယ်..
Install လုပ်နည်းကတော့ ဒီကောင်ကို Photoshop>plugin ထဲကို ညွှန်းပေးရမှာဖြစ်ပါတယ်..
Full version ဖြစ်ဖို့အတွက် ဒီကောင်ကို Install လုပ်ပြီးရင် Photoshop ကိုဖွင့်လိုက်ပါ.. ပြီးရင် ဓါတ်ပုံ တစ်ပုံလောက်ဖွင့်လိုက်ပါ.. Menu bar ထဲက Filter>Imagenomic>Noiseware ကိုနှိပ်လိုက်ပါ. ကီးတောင်းရင် ပါလာတဲ့ ကီးကိုဖြည့်ပေးလိုက်ပါ.. အင်တာနက်ပိတ်ထားဖို့လိုပါမယ်..
ဒေါင်းရန် ..ဒီမှာ ဒေါင်းလိုက်ဦးနော်...
Right Click ရဲ့ နောက်ခံ Background မှာ စိတ်ကြိုက်ပုံထည့်မယ်
ကွန်ပျူတာရဲ့ Desktop ပေါ်မှာ Right Click နှိပ်လိုက်ရင် နောက်ခံက အဖြူထည်သက်သက်ကြီးမဟုတ်ဘဲ
နဲ့ ကိုယ့်စိတ်ကြိုက်ပုံလေးတွေ ထည့်လို့ရမယ့် ဆော့ဝဲလေး ဖြစ်ပါတယ်။ Desktop ပေါ်မှာမဟုတ်ဘဲ Folder ထဲမှာလည်း Right Click နှိပ်ရင် ပုံပေါ်တယ်နော်။ အောက်က ပုံလေးကို လေ့လာကြည့်ပါ။
ဒေါင်းရန် .. ဒီမှာ ဆိုတာ ကို နှိပ်ပြီး ၀င်ရောက် ဒေါင်းယူနိုင်ပါသည် ။
ဆော့ဝဲကို ဖွင့်လိုက်ပြီးရင် Install DLL ကို နှိပ်ပြီး Install ရပါမယ်။ ဒါမှသာ အလုပ်လုပ်မှာပါ။
Folder Lock 7.1.7 Full Version + Key (Latest Version)
Folder Security Software တွေအများကြီးရှိတဲ့အထဲကနေ Folder Lock ကတော့လူသုံးများလာတဲ့ Security Software တစ်ခုပါ။ အခု Version အသစ်ထွက်လာလို့ အားလုံးကိုပြန်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။ အမြဲတမ်း သုံးနိုင်အောင်လည်း Full Version အဖြစ် Serial Key ကိုထည့်သွင်းပေးထားပါတယ်။ အသုံးပြုရတာလည်း လွယ်ကူရိုးစင်းတဲ့အတွက် ကျွန်တော်မရှင်းပြတော့ပါဘူးနော်။ တစ်ခုဘဲရှိတယ်ဗျာ ကိုယ်ပေးထားတဲ့ Password ကိုတော့ မမေ့ဖို့ အရေးကြီးပါတယ်ဗျာ။ မိမိရဲ့ Data တွေလုံခြုံစိတ်ချမှုရှိဖို့အတွက် ကျွန်တော်ကဒီ Software လေးအသုံးပြုဖို့တိုက်တွန်းလိုက်ပါတယ်ဗျာ။
Latest Folder Lock 7.1.7 Download
Latest Folder Lock 7.1.7 Download
CD,DVD ခွေပေါ်မှာ ပုံရိုက်ချင်သူများအတွက် CD Label Designer 5.2.1 Build 587
ခေါင်းစဉ်လေးကြည့် အပုံလေးကြည့်ပြီး စမ်းသပ်ချင်တယ် ဆိုရင်
ဒေါင်းလိုက်ဦးနော် အထဲမှာ စာအုပ်ရယ် ဆော့ဝဲလ်ရယ် ပါတယ်ဗျာ
ဒေါင်းရန် ... ဒီမှာ ဆိုတာကိုနှိပ်ပြီး ၀င်ရောက်ဒေါင်းယူနိုင်ပါသည်
Facebook Theme တွေကိုစိတ်ကြိုက်ပြောင်းမယ်
ပေးထားတဲ့လင့်ကိုသွားလိုက်ရင် အပေါ်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် Theme တွေအများကြီးပါ ကိုယ်ကြိုက်တဲ့ပုံစံတွေ့ရင် ၀င်လိုက်ပါ အောက်မှာပြထားတဲ့ပုံထဲကအတိုင်း Install with stylish ကိုနှိပ်လိုက်ပါ ပြောင်းသွားပါလိမ့်မယ် ကဲလန်းချင်တဲ့လူတွေ ဒီမှာသွားဗျာ
Firefox မှာတော့အဆင်ပြေတယ် ကျန်တာတော့မစမ်းရသေးဘူး