Jailbroken iDevices တွေအတွက်.. Cydia ထဲမှ.. အနှစ်များ

1. Activator (Source: BigBoss) အရမ်းကိုမိုက်တဲ့ဟာလေးပါ… iDevices မှာပါတဲ့.. မရှိမဲ့ရှိမဲ့.. ခလုတ်ကလေး ၂ ၊ ၃ ခုကို.. နှိပ်စရာမလိုအောင်.. Touchscreen ကိုကောင်းကောင်းအသုံးချလို့ ရသလို… ကိုယ်လိုအပ်သလို ကြိုက်သလို ပက်ပက်စက်စက် Shorcut တွေပေးလို့ ရပါတယ်ဗျာ… သူကအရင်တုန်းကတော့… Settings ထဲမှာဘဲဝင်ကလိရပေမယ့်.. အခုနောက်ပိုင်း အပြင်မှာ icon တစ်ခုအဖြစ်ပါလာတာတွေ့ ရပါတယ်…

2. AppSync for iOS 4.0+ (or) iOS 5.0+ (Source: cydia.hackulo.us) တော်တော်များများသိပြီးသား ဖြစ်မှာပါ.. Cracked လုပ်ထားတဲ့.. App တွေကို.. ပက်ပက်စက်စက် အပူအပင်မရှိ.. ထည့်လို့ ရပါတယ်… (သူ့ Capacity ထက်တော့ ပိုထည့်လို့ မရဘူးပေါ့ဗျာ..) နောက်ပြီး.. သူ့ ကို Sources တော်တော်များများကနေယူလို့ ရပါတယ်.. (e.g.. cydia.xselliza.com, cydia.hackulo.us, h7v.org, etc…)

3. Barrel Cracked (Source: www.sinfuliphonerepo.com) Pages တွေကို တစ်ခုနဲ့ တစ်ခု Swipe လုပ်တဲ့အခါမှာ.. icon လေးတွေအရွှေ့ ကို.. အလန်းလေးတွေဖြစ်အောင်လုပ်ထားတဲ့.. Software ပါ… iDevices သုံးတဲ့သူတိုင်းအတွက် မရှိမဖြစ်လေးပါဗျာ…

 4. SBSettings (Source: BigBoss) Wifi ဖွင့်တာပိတ်တာ.. Screen Brightness ချိန်တာ.. Bluetooth အဖွင့်အပိတ်.. ကုန်ကုန်ပြောမယ်.. Power ဒေါင်းတာ.. Reboot လုပ်တာ.. Respring လုပ်တာ.. Airplane mode ပြောင်းတာ.. နိုင်ခြံကားမှာ ဆိုရင်.. 3G နဲ့ .. EDGE ပြောင်းတာကအစ ရတယ်.. (ဒီမှာ သုံးလို့ မှမရတာ).. နောက်ပြီး.. သူက Activator နဲ့ .. ချိတ်ထားတာဆိုတော့.. Activator ရှိရင်ပိုအဆင်ပြေတယ်… တစ်ချက်ပွတ်လိုက်တာနဲ့ .. စားသောက်ဖွယ်မျိုးစုံပါတဲ့.. စားပွဲဝိုင်းကြီးနဲ့ တူတယ်… စစချင်းဆိုရင်တော့.. သူက.. Signal Bar ကနေ.. ဘေးကိုပွတ်လိုက်ရင်ရပြီ… မကျေနပ်သေးရင်.. Activator နဲ့ .. ပက်ပက်စက်စက် ပြင်လို့ ရသေးတယ်..

5. Call Delete Cracked (Source: www.sinfuliphonerepo.com) အိုင်ဖုန်းမှာ… ကိုဖျက်ချင်တဲ့.. Recent Calls တွေကို.. တစ်ခုချင်းဖျက်လို့ မရဘူး… All Clear ပဲရတယ်.. ဒါလေးသွင်းပြီးတဲ့အခါမှာတော့… ကြိုက်တဲ့သူဆီ.. ဆက်ချင်သလောက်ဆက်.. ပြီးရင်.. Swipe To Delete Manually ပဲ.. ကိုယ်ဖျက်ချင်တဲ့.. call ကိုပွတ်လိုက်.. ဘေးမှာ.. Delete လေးပေါ်လာလိမ့်မယ်.. ငါးရံ့ နှစ်ကောင် ဖမ်းချင်သူတွေအတွက်တော့.. လက်မလွှတ်သင့်တဲ့.. အရာလေးပါ… (နို့ မို့ ရင်ဖုန်းစစ်လိုက်တာနဲ့ .. အကုန်မိကုန်မှာ.. ခုတော့.. အေးဆေး)
6. AnyRing Cracked (Source: www.sinfuliphonerepo.com) အိုင်ဖုန်းမှာ.. Ringtone format ပြောင်းနေရလို့ စိတ်ညစ်နေလား.. ဒါလေးသွင်းလိုက်ပါ… Phone Ring လား.. SMS Ring လား.. ကြိုက်တာပြော.. အေးဆေး.. Ringtones အချင်းချင်းလဲ.. Bluetooth နဲ့ ပို့ လို့ ကရသေး.. (Android တွေမပါ.. သန့် သန့် လေးသာဖြစ်သဖြင့်.. iDevices အချင်းချင်းပဲရပါတယ်) ဖုန်းထဲမှာသာ.. Ringtones ကို Playlist လုပ်ပြီးထည့်ထားလိုက်.. ကြိုက်တာပြောင်းပေတော့…

7. iBlacklist Cracked (Source: www.sinfuliphonerepo.com) သောက်ညင်ကပ်နေတဲ့သူ..
အမုန်းကြီးမုန်းနေတဲ့သူတွေဆို… ဖုန်းမပြောနဲ့ .. Message ပါပို့ လို့ မရအောင်.. လုပ်ထားတဲ့.. ဟာပါ.. သူ့ မှာ.. Whitelist နဲ့ .. Blacklist ဆိုပြီး.. ၂ မျိုးပါပါတယ်.. တစ်ခုခုထဲကို.. ကြိုက်တဲ့ Contacts တွေထည့်ထားပြီး.. ကြိုက်တဲ့ဟာကို.. Active list မှာ.. Active လုပ်ထားလိုက်ပါ.. Whitelist နဲ့ .. Blacklist ကတော့.. အဲ့ထဲမှာ ဘာလဲဆိုတာရှင်းပြီးသား.. (မောလာလို့ )

8. Lockdown pro (Source: www.sinfuliphonerepo.com) {not run ios 5xx} iprotect ထက်စာရင်.. ဒါကိုပိုပြီး.. prefer ဖြစ်ပါတယ်… iprotect က.. Settings ထဲထိဝင်လုပ်နေရတဲ့အချိန်မှာ.. ဒီကောင်က.. App တစ်ခုချင်းစီအလိုက်.. Home Screen မှာ.. Lock ပုံလေးကို.. တို့ လိုက်ယုံနဲ့ .. Lock လုပ်ပြီးဖြစ်မှာပါ…

9. Multicleaner Cracked (Source: www.sinfuliphonerepo.com) ဖွင့်ပြီးသား.. app တွေကို.. Home Screen နှိပ်ယုံနဲ့ .. complete exit မဖြစ်ပါဘူး.. အနောက်မှာ.. App က Run နေပါသေးတယ်.. သူ့ တို့ ကိုဖျက်ဖို့ ဆိုရင်.. Home Screen ကို Double Press လုပ်ရပါတယ်.. ပြီးရင်.. App တစ်ခုချင်းစီကို.. ဖိပြီး.. ငြီးငွေ့ စရာကောင်းလောက်အောင်.. လိုက်ဖျက်ရပါတယ်.. ဒါတွေအကုန်လုံးအတွက်.. Multicleaner ကတာဝန်ယူဖြေရှင်းသွားမှာဖြစ်ပါတယ်.. Activator နဲ့ ပေါင်းပြီး. သူက Shorcut လုပ်လို့ ရပါတယ်.. Shortcut တစ်ချက်ထဲနဲ့ .. နောက်မှာ Run နေတဲ့.. app ပေါင်းသောင်းခြောက်ထောင်ကို.. အကုန်လုန်း.. ဖျက်ပေးသွားမှာဖြစ်ပါတယ်..

10. iFile Cracked (Source: www.sinfuliphonerepo.com) iDevice ရဲ့ File Manager ပါ.. System files တွေကအစပါလို့ .. အသုံးမတော်ရင်.. Danger ပါ.. ဒါပေမယ့်.. သူ့ ရဲ့ကောင်းကွက်ကတော့.. ဓာတ်ပုံတွေ.. သီချင်းတွေကို.. bluetooth နဲ့ .. အိုင်ညီအစ်ကို.. အချင်းချင်း.. Share လို့ ရပါတယ်… သူ့ ကိုတော့.. PC မှာ.. 91 တို့ .. DiskAid တို့ နဲ့ .. တွဲရမှာဖြစ်ပြီး.. သုံးတတ်ရင်တတ်သလို တော်တော်အရသာရှိပါတယ်.. .ipa တွေကိုလဲ.. ထည့်သိမ်းထားလို့ ရတော့.. ဂေါ်တာပေါ့ဗျာ..

11. Installous 4 (Source: www.sinfuliphonerepo.com) Cracked လုပ်ပြီးသား app တွေ.. ဂိမ်းတွေ.. အခမဲ့.. ဒေါင်းလို့ ရတဲ့.. browser app လေးပါ.. တော်တော်များများ.. အဲဒီမှာရှိပါတယ်.. သူက.. iFile နဲ့ လဲတွဲသုံးလို့ ရသေးသဗျ… အသေးစိတ်ကတော့.. ကလိသာကြည့်တော့ဗျို့ ..

12. Lockinfo (Source: www.sinfuliphonerepo.com) Lock Screen ကို Android ပုံစံ.. ပြောင်းပြီး.. အမြင်ဆန်းချင်တဲ့.. User များအတွက်ပါ.. Lock Screen ကို.. Weather လေးတွေ Calendar လေးတွေ.. ထားချင်တယ်ဆိုရင်.. Settings ထဲမှာ ၀င်ကလိလို့ ရပါတယ်.. အသစ်လိုချင်သေးရင်.. Plug-in တွေထပ်ဒေါင်းလို့ ရပါသေးတယ်..

13. PasswordPilot (Source: BigBoss) AppStore ကနေ.. ကိုယ့် iTunes အကောင့်နဲ့ .. app တွေဆွဲတိုင်း.. password ရိုက်ထည့်ပေးနေရတဲ့.. ဒုက္ခကကင်းဝေးမှာဖြစ်ပါတယ်… Settings ထဲမှာ တစ်ခါတည်း.. ကိုယ့် password ကိုရိုက်ထည့်ထားလိုက်ရင်.. Password အတွက်.. အချိန်မကုန်တော့ဘူးပေါ့ဗျာ..

14. Wifi Passwords (Source: BigBoss) ကိုယ့် iDevices ထဲကို.. သူများက wifi passwords ကိုကိုယ်မသိအောင် passwords ရိုက်ထည့်ပေးလိုက်ရင်.. ဘာရိုက်လိုက်တယ်ဆိုတာ.. ပြန်ကြည့်လို့ ရတဲ့.. app ပါ…

15. Make It Mine (Source: ModMyi) Singal Bar ဘေးမှာပေါ်နေတဲ့.. Carrier နဲ့ .. နာရီပေါ်နေတဲ့.. Banner နေရာမှာ.. ကိုယ်ကြိုက်တဲ့.. စာသားကို.. ရေးချင်ရာရေး.. ပြီး.. ပေါ်နေအောင်လုပ်လို့ ရပါတယ်..

16. AndroidLock XT (Source: www.sinfuliphonerepo.com) ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး.. Android လိုမှ.. lock ချချင်တဲ့.. အရူးတွေအတွက်..

17. emojiPad (Source: BigBoss) ချစ်စရာ.. Smileys လေးတွေနဲ့ .. keyboard တစ်ခုရမှာဖြစ်ပါတယ်.. သူ့ ကို Enable လုပ်ပြီး.. Settings ထဲမှာ.. Add new keyboard လုပ်ပြီး.. emoji ဆိုတာကိုရှာရွေးလိုက်ရင်.. System keyboard ထဲမှာ.. ချစ်စရာ.. Smiley လေးတွေပါလာမှာဖြစ်ပါတယ်..

18. LabelSlider နဲ့ .. LiveClock (Source: BigBoss) LabelSlider က.. Unlock လုပ်တဲ့ Slide နေရာမှာ.. ကိုယ်ကြိုက်တာရေးထည့်လို့ ရတာ.. LiveClock က.. iphone မှာ Clock Icon က.. Live ဖြစ်သွားတာ..

19. Icon Renamer နဲ့ .. Gridlock (Source: icon renamer က BigBoss, GridLock က.. Sinful) Icon Renamer က.. ကြိုက်တဲ့ icon ကို.. ကြိုက်သလို နာမည်ပေးတာ.. Gridlock က.. Icon တွေကို.. ထားချင်သလို ထားလို့ ရတာ.. ============ 7.9.2011 updated by sainyiphyo =============

20. WinterBoard (Source: theme တစ်ခုကို.. ဒေါင်းလိုက်တာနဲ့ ပါပြီးသား) Theme ပေါင်းသောင်းခြောက်ထောင်ကို ဒီကောင်လေးနဲ့ apply လုပ်ရပါမယ်။

21. DreamBoard (Source: cydia.xsellize.com) ဒီကောင်ကတော့ အဆင့်မြင့် theme တွေ apply လုပ်ရင်သုံးတယ်။ ဘယ်လိုအဆင့်မြင့်လဲဆိုတာ ကိုယ်တိုင် စမ်းကြည့်ရင် သိရပါလိမ့်မယ်။

22. Graviboard (Source: cydia.xsellize.com) Home Screen မှာ စက်ကို တချက် shake လိုက်ရုံနဲ့ icon လေးတွေ gravity နဲ့အတူ ရွေ့ချင်တိုင်းရွေ့ပြီး မျောနေတာကို တွေ့ရပါလိမ့်မယ်။ ဖန်စီဆန်ဆန်လေးပါ။ setting အနေနဲ့ Settings> Graviboard> Activation Methods> Motion အောက်က Shake Device ကို အမှန်ခြစ်ပါ။ Settings> Graviboard ထဲဝင်ပြီး Allow Laungching Apps ကလွှဲလို့ ကျန်တာတွေကို On ပေးပါ။ ကျတော်လုပ်သလိုမဟုတ်ပဲ ကိုယ့်စိတ်တိုင်းကျ setting ပေးနိုင်ပါတယ်။

23. Direct Closer Pro (Source: cydia.xsellize.com) ပုံမှန်အရ multitask background ထဲဝင်နေတဲ့ apps ကို ပိတ်ချင်ရင် run နေတဲ့ icon လေးကို wiggling ဖြစ်တဲ့အထိ ဖိရပါတယ်။ ဒီ tweak လေးရှိရင် တခါထဲ close လုပ်လို့ရမှာပါ။

 24. GPower Pro (Source: cydia.xsellize.com) Power key ကို ၂.၅ စက္ကန့်ကြာကြာနှိပ်ထားရင် ပုံမှန်အားဖြင့် slide to power off ဆိုတဲ့ စာတန်းလေးတစ်ခုပဲပေါ်ပါတယ်၊ ဒီ tweak သွင်းထားရင်တော့ slide to power off အပြင် slide to reboot နဲ့ slide to respring ဆိုတဲ့ စာတန်းနှစ်ကြောင်း တိုးလာပါမယ်။

25. Infinidock (Source: repo.biteyourapple.net) Home Screen ရဲ့ dock မှာ icon, 4 ခုပဲ ထားနိုင်လို့ အားမလိုအားမရဖြစ်နေရင်တော့ ဒီ tweak က ဖြေရှင်းပေးပါလိမ့်မယ်။ dock ကို page တွေနဲ့ ခွဲထားလို့ရသလို dock page တစ်ခုစီတိုင်းမှာ အများဆုံး icon, 10 ခု ထားလို့ရနိုင်ပါတယ်။

26. Infinifolders (Source: repo.biteyourapple.net) iOS 4 မှာ default အနေနဲ့ folder တစ်ခုကို icon, 12 ခု (iPad မှာဆို 20 ခု) သာ လက်ခံ ထဲ့သွင်းနိုင်ပါတယ်။ ဒီ tweak ရှိနေရင်တော့.. Folder တစ်ခုထဲမှာ icon ကြိုက်သလောက် ထဲ့ထားလို့ရပါတယ်။

27. CallController (Source: repo.biteyourapple.net) အရေးကြီးကိစ္စပြောနေရင်း ဖုန်းလာလို့ ရုတ်တရက်ကပြာကယာ ဖြစ်ရတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီ tool လေး သုံးပြီးတော့ ဖုန်းလာတဲ့အချိန် ဖုန်းကိုတဖက်မှောက်လိုက်တာနဲ့ silent ဖြစ်စေနိုင်ပြီး.. shake လိုက်တာနဲ့ network busy ဖြစ်စေနိုင်ပါတယ်။ ကျတော်ကတော့ setting ကို Flip Over > Mute Ringer နဲ့ Shaking > Busy Signal ဆိုပီး ပေးထားပါတယ်။

28. Click2Call (Source: repo.biteyourapple.net) အရေးကြီးပုဂ္ဂိုလ်ထူး ဘယ်သူဘယ်ဝါလေးတွေကို အလွယ်တကူဖုန်းခေါ်နိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Home Screen မှာ shortcut တင်.. ပီးရင် အဲ့ဒီလူနာမည်ကို တချက် နှိပ်ပြီးခေါ်ရုံပဲ။

29. iShakeLock (Source: BigBoss) ဖုန်းကို Lock/ Unlock လုပ်ဖို့အတွက် Power ခလုပ်နှိပ်စရာနည်းလမ်းတစ်မျိုးပဲ ရှိတာမဟုတ်ဘူး ဆိုတာ ဒီ tweak လေး သုံးကြည့်ရင် သိရပါလိမ့်မယ်။ နားကြပ်က controller buttom နှိပ်ပြီး lock/ unlock လုပ်လို့ရသလို.. status bar (အပေါ် ဘက်ထရီပုံပေါ်တဲ့နား) ကို ဖိထားပြီး (သို့) အပေါ်မှအောက်သို့ဆွဲပြီး (သို့) ဘယ်မှညာ (သို့) ညာမှဘက်သို့ဆွဲပြီးတော့လဲ လုပ်ဆောင်နိုင်ပါတယ်။ ပြောနေရင် ရှုပ်တယ်၊ ကိုယ်တိုင် လက်တွေ့စမ်းကြည့်ရင် နားလည်သွားပါလိမ့်မယ်။ iShakeLock Settings ထဲမှာ Destination ကို sleep လို့ပေးပီး vibrate ကို off ထားရင် ပိုအဆင်ပြေတယ်။

30. Move2Unlock (Source: repo.biteyourapple.net) Lock ဖြည်ဖို့အတွက် လွယ်လွယ်ကူကူနဲ့ ရိုးရိုးရှင်းရှင်း လုပ်ဆောင်ပေးမှာပါ။ Lock Screen တစ်ခုလုံးရဲ့ ကြိုက်တဲ့နေရာကနေပြီး.. အတိုင်းအတာတစ်ခုထိ slide လုပ်လိုက်ရင် lock ပွင့်သွားတယ်။

31. Celeste Bluetooth File Sharing (Source: ModMyi) ($$$) App Store ကဟာတွေနဲ့မတူဘူး၊ ဒီ tweak က ပုံမှန်ဖုန်းတွေမှာလိုပဲ.. Bluetooth သုံးပြီး iPod တွေ Photo တွေထဲကနေ တိုက်ရိုက် သီချင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုတွေ ပို့လို့ရတယ်။ လက်ခံလို့လဲရတယ်၊ ထွက်တာက ဒီနှစ်.. March လ လောက်ကထဲကလားမသိဘူး၊ အခုထိ အဆင်ပြေတဲ့ crack မပေါ်သေးဘူး.. တခုမဟုတ် တခု ဖောက်နေတာပဲ.. ရေလျှံနေသူများ ၉ ဒေါ်လာနဲ့ဝယ်ပြီး စမ်းကြည့်ကြပေါ့ဗျာ..

32. PwnTunes (Source: BigBoss) ($$$) iTunes နဲ့ ချိတ်စရာမလိုပဲ.. ပုံမှန် မန်မိုရီကတ်(သို့)စတစ်ခ် တွေထဲ သီချင်းကူးသလိုပဲ သီချင်းတွေ ကော်ပီကူးထဲ့လိုက်လို့ရနိုင်ပါတယ်၊ storage device တစ်ခုအနေနဲ့လဲ သုံးလို့ရပါတယ်။ သူလဲအဆင်ပြေတဲ့ crack မထွက်သေးပါဘူး ။

33. BiteSMS (Source: repo.biteyourapple.net) SMS ဝင်လာရင် လျင်မြန်စွာ reply လုပ်နိုင်တယ်၊ vol key နှိပ်ပီး screen ကို ထိလိုက်တာနဲ့ လျက်မြန်စွာ sms compose လုပ်နိုင်တယ်။ sms word counter ပါတယ်။ ကိုယ်မမြင်စေချင်တဲ့ contact နဲ့ပတ်သက်တဲ့ conversation တွေကို hide လုပ်ထားလို့ရတယ်။

34. Android Delete (Source: repo.biteyourapple.net) App တွေကို ဖျက်တဲ့အခါမှာ Android လိုပဲ အမှိုက်ပုံးလေးထဲ ထဲ့ပေးရတဲ့ စတိုင်လ် လုပ်ထားပါတယ်။ ************** 14/10/2011 updated by အက်စ်အိုအီးအမ်အိုင်အန် **************

35. Cyntact (Source: cydia.xsellize.com) iphone ထဲမှာရှိတဲ့ contact တွေရဲ့ဘေးမှာ ကိုယ်ထည့်ထားတဲ့ Contact Picture လေးတွေပေါ်အောင်လုပ်ထားတဲ့ tweak ပါ။

36. Magnifier for Safari (Source: repo.biteyourapple.net) iphone/ipod နဲ့ Safari သုံးတဲ့အခါ Font Size တွေကို Adjust လုပ်လို့ ရတဲ့ tweak ပါ။ Original Site ကိုက Font ကို Fix လုပ်ထားရင်တော့ Adjust လုပ်လို့ မရပါဘူး။ Font Size ကို Adjust လုပ်ချင်ရင် Safari ဖွင့်ပြီးရင် အလယ်တည့်တည့်က Bookmark လုပ်တဲ့ icon လေးမှာ Adjust FontSize ဆိုတာ ပါလာပါလိမ့်မယ်။

37. MultiIconMover (Source: BigBoss) iDevice တွေမှာ Icon တွေကို Move လုပ်ရာမှာ တစ်ခုချင်းစီဆွဲပြီး Move လုပ်ရလို့ စိတ်ညစ်နေပါသလား။ ဒီ tweak လေးကိုသုံးလိုက်ပါ။ အရင်ဆုံးကိုယ် Move လုပ်ချင်တဲ့ icon လေးကိုဖိထားလိုက်ပါ။ icon လေးတွေ လှုပ်လာပြီဆိုရင် ကိုယ် Move လုပ်ချင်တဲ့ icon တွေကို လိုက်တို့ ပြီး Select လုပ်ပါ။ ပြီးရင် ကိုယ်ရွှေ့ ချင်တဲ့ Page ကိုသွားပါ (ဒီမှာ ပြောစရာကတော့ ကိုယ်ရွှေ့ ချင်တယ့် Page မှာ လွတ်နေတဲ့ icon နေရာက ၅ ခုဆို ၅ ခုဘဲ Select မှတ်ပါ။ ၄ ခုဆို ၄ခုပဲ မှတ်ပါ။) ပြီးရင် Home Button ကိုနှိပ်လိုက်ပါ။ Select လုပ်ထားတဲ့ icon တွေအားလုံး အဲဒီ Page ကို ရွှတ်ခနဲ ရောက်သွားပါလိမ့်မယ်။

38. PictureMe (Source: cydia.xsellize.com) iphone နဲ့ ကိုယ့်ဟာကိုပြန်ရိုက်ရင် Front Camera က Resolution မကောင်းပါဘူး။ Back Camera နဲ့ ရိုက်ဖို့ ကလဲ အလယ်က Camera ပုံလေးကို Touch လုပ်နိုင်မှ။ အဲဒါတွေကို ဖြေရှင်းပေးမယ့်ဟာပါ။ သူက Camera မှာ Settings တစ်ခုအပိုပါလာပါတယ်။ အဲဒီ Settings ထဲမှာ Timer, Time Delay, Rapid Shot နဲ့ Amount ဆိုပြီးပါပါတယ်။ Timer ကိုဖွင့်ပြီး Time Delay ကို 25 Sec ထိထားလို့ ရပါတယ်။ ကိုယ့်ဟာကို Back Camera နဲ့ ရိုက်မယ်ဆိုရင် Touch ကိုလိုက်ရှာပြီး ထိစရာမလိုတော့ဘူးပေါ့။ Timer လေးနဲ့ ဆို အငြိမ်ဘဲ။ Rapid Shot နဲ့ Amount ကတော့ ကိုယ့်ဟာကို ကလိသာကြည့်တော့ဗျာ။

39. iAP Cracker (Source: repo.insanelyi.com)  ဒါကတော့ iPod, iPhone, iPad တွေရဲ. apps တွေ Games တွေ တော်တော်များများကို in-App Purchase ကို Free လုပ်လို.ရမဲ. application လေးပါ.. တော်တော်အဆင်ပြေပါတယ်.. သူနဲ.အဆင်ပြေတဲ. application list ကို ဒီမှာ www.insanelyi.com/topic/5891-iap-cracker-compatibility-list/ မှာကြည်.လို.ရပါတယ်..

—————————30/May/2012 Updated by Zin Minn ————————-

40. IntelliScreenX($$$) ဒါကတော့ IOS built-in notification center ထက်အများကြီးလန်းတဲ့ notification center အသစ်ပါ။ ဖန်ရှင်တွေစုံလွန်းသလို security ပိုင်းမှာလည်းသေချာလုပ်ထားတာမို့ အခုထိ ဘယ် source မှ cracked version မတင်နိုင်သေးပါဘူး။ သွင်းပြီးရင် NC ကနေတဆင့် facebook, twitter တို့ကို အဆင်သင့်သုံးနိုင်သလို quick compose message shortcut တွေ၊ RSS feed တွေလည်း ပါပါသေးတယ်။ ဒါ့အပြင် sbsetting ထက် ပိုမိုလှပတဲ့ theme ပါတဲ့ quick setting( 3g,wifi, airplane mode) ကိုလည်းထည့်ပေးထားပါတယ်။ 9.99 ဒေါ်လာဖြစ်ပြီး ရေလျှံနေသူများအတွက် ၀ယ်သာဝယ်ပလိုက်ပါ လို့ပြောပါရစေ။

41. Reveal (Source: repo.insanelyi.com) lockscreen မှာ message တွေ၊ noti တွေတက်ရင် စာလုံးတွေအရမ်းများတဲ့အခါမှာ အပြည့်အစုံမပေါ်ပါဘူး။ ဒီ tweak လေးက အပြည့်အစုံပေါ်အောင်လုပ်ပေးပါတယ်။

42. Unlockize (Source: repo.insanelyi.com) တော်တော်လန်းတဲ့ lock tweak ပါပဲ။ ပုံစံ ၆မျိုးလောက် ထည့်ထားပေးသလို အဲ့ဒီပုံစံအားလုံးကို တပြိုင်ထဲ on ပေးထားရင်လည်း tweak ကနေပြီး အလှည့်ကျလုပ်ပေးလို့ သင့်ဖုန်းကို unlock လုပ်တိုင်း ပုံစံတစ်မျိုးစီနဲ့ unlock style ကိုခံစားရမှာပါ။

43. Springtomize 2 (Source: repo.insanelyi.com) သင့် springboard ကို ပုံစံမျိုးစုံနဲ့ app တစ်ခုထဲက ကလိချင်ရင် springtomize 2 ကိုသာသွင်းလိုက်ပါ။ icon size ပြောင်းတာ၊ animation တွေချိန်းတာ၊ font တွေချိန်းတာ၊ NC ကို theme ပြောင်းတာ၊ tv tube animation တွေ အပြင် feature များစွာပါဝင်ပါတယ်။

44. iSwipe (Source: repo.insanelyi.com) Android မှာပါတဲ့ swype ကို သင့် ios ပေါ်မှာမြည်းစမ်းခွင့်ပေးမယ့် tweak ပါ။ beta အဆင့်ပဲရှိသေးလို့ android ကဟာလောက်တော့ မကောင်းနိုင်ပါဘူး။ install လိုက်ရင် စကားလုံးအသစ်တွေထည့်ဖို့ app တစ်ခုကိုလည်းပဲ springboard ပေါ်တင်ပေးပါတယ်။ setting တွေဘာတွေ ချိန်းစရာမလိုပါ။

45. iCleaner (Source:BigBoss repo) PC မှာလူသုံးအလွန်များတဲ့ CCleaner လိုမျိုးလို့ဆိုရင် သိကြမယ်ထင်ပါတယ်။ Log တွေ unnecessary file တွေကိုရှင်းထုတ်ပေးပါတယ်။

46. NCSettings (Source: modmyi.com/cydia/) SBSettings လိုမျိုး setting တစ်ခုပါပဲ။ sbsettings လောက်လုပ်ဆောင်ချက်တွေမပါဝင်သလို addon တွေလည်းထပ်ထည့်လို့မရပါဘူး။ သာတာတစ်ခုပဲရှိပါတယ်။ သူ့ရဲ့ theme က သပ်သပ်ရပ်ရပ်ရှိပါတယ်။

47. Zephyr (Source: repo.insanelyi.com) အကောင်းဆုံး multitasking ပါပဲ။ screen ဘယ်ညာအစွန်ကနေ slide ဆွဲပြီး switch လို့ရသလို screen bottom ကနေ အပေါ်ကို slide ရင် switcher bar တက်လာပါလိမ့်မယ်။ သင့်ဖုန်းရဲ့ home button နာတာကို အရမ်းသက်သာစေပါတယ်။ သွင်းကိုသွင်းသင့်တဲ့ tweak လို့ပြောချင်ပါတယ်။

48. DashboardX (Source: repo.insanelyi.com) Android တွေမှာလို widget တွေကို screen ပေါ်မှာထားချင်ရင် ဒီtweak ကိုသုံးပါ။ ထွက်ထားတာသိပ်မကြာသေးတဲ့ tweak ဖြစ်လို့ addon တွေသိပ်များများစားစားမရှိသေးတာက အားနည်းချက်တစ်ခုပါ။

49. OpenBackup (Source: modmyi.com/cydia/) သင့်ဖုန်းကို jailbreak အသစ်တစ်ခုထွက်တိုင်း restore လုပ် jailbreak အသစ်ပြန်လုပ်ပြီးရင် source တွေ tweak တွေ တစ်ခုချင်းစီ ပြန်သွင်းနေရပါသလား။ openbackup က သင့်ရဲ့cydia ထဲက source တွေနဲ့ tweak တွေအားလုံးနီးပါးကို backupလုပ်ထားရင် တစ်ချက်နှိပ်ရုံနဲ့ အပြီးအစီးသွင်းပေးပါတယ်။

50. CallBar (Source: repo.insanelyi.com) သင့်ဖုန်းကို ကလိနေတာပဲဖြစ်ဖြစ် ဂိမ်းနှိပ်နေတုန်းမှာဖြစ်ဖြစ် တစ်ဖက်ကဖုန်းဝင်လာရင် အနှောက်အယှက်ဖြစ်တာကြုံဖူးမှာပါ။ callbar က သင့်ဖုန်းဆီ အ၀င်call လာရင် သင့်အလုပ်ကို အနှောက်အယှက်မဖြစ်စေဘဲ notification banner နေရာကနေ သင့်ကိုအသိပေးမှာပါ။

51. MyAssistant (For Siri users only) (Source: repo.insanelyi.com) Siri ကို ငါဒီလိုမေးရင် ဒီလိုဖြေပါလို့ ကိုယ့်ရဲ့ custom answer တွေထည့်ထားပေးလို့ရပါတယ်။ ၀ိုင်ဖိုင်ဖွင့်တာ သရီးဂျီဖွင့်တာကို siri ကနေခိုင်းလို့ရပါတယ်။

52. International Locations for Siri (For Siri users only) (Source: repo.insanelyi.com) Siri က location တွေနဲ့ပါတ်သက်လာရင် us map ကိုပဲ default enabled ထားလို့ အခြားနိုင်ငံတွေမှာအသုံးမ၀င်ပါဘူး။ ဒီ tweak ကတော့ US အပြင်အခြားနိုင်ငံတွေမှာပါ location ရှာနိုင်အောင် enabled လုပ်ပေးတယ်လို့ ဆိုပါတယ်။ (မစမ်းကြည့်ရသေးပါ)

53. AssistantServer Installer (Source: repo.insanelyi.com) Siri alternative for iDevices below 4s ပါ။ ဒါပေမယ့် Google ရဲ့ Speech to text API ကိုသုံးထားလို့ Apple ရဲ့ siri ဆာဗာတွေကိုမချိတ်ဆက်ပဲ google ရဲ့ ဆာဗာကိုပဲ direct ချိတ်သွားမှာပါ။ အဲ့ဒီအတွက် 4s ဆီက token တွေမလိုတော့ပါဘူး။ စမ်းသုံးကြည့်တာကတော့ မဆိုးပေမယ့် siri လောက် အာလာပသလာပ မပြောနိုင်ပါဘူး။ နောက်ပြီး စကားပြောရင် 10 sec အောက်ဖြစ်ရပါမယ်။ API ရဲ့ limit ကြောင့်ပါ။ p.s spire ကိုအရင်သွင်းထားဖို့လိုအပ်ပါမယ်။

54. vWallpaper 2 ( Source: repo.insanelyi.com) Video တွေ effect တွေကို springboard ပေါ်မှာ live wallpaper အနေနဲ့လုပ်ပေးပါတယ်။ panorama wallpaper လည်းရှိပါတယ်။ ဒီtweak က ကျွန်တော့်အတွက်တော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။

55. Zeppelin (Source: modmyi.com/cydia/) MM 900 ဆိုတဲ့ နာမယ်ကြီးကို မြင်ပြင်းကပ်နေပါသလား။ any carrier name ကို logo လေးတွေနဲ့အစားထိုးပေးမယ့် tweak ပါ။ cydia ပေါ်မှာ သူ့အတွက် logo ပေါင်းသောင်းခြောက်ထောင်ရှိပါတယ်။ ဘောလုံးဝါသနာပါလား ဘောလုံးအသင်းလိုဂိုတွေတင်ထားလို့ရတယ်။ ရုပ်ရှင် ဇာတ်ကောင်တွေရဲ့ logo တွေလည်းရှိပါတယ်။

56. Forecast (Source: xsellize repo) Notification center ထဲမှာbuilt in ပါတဲ့ weather widget ကို lockscreen ပေါ်မှာထားပေးပါတယ်။

57. WeatherIcon (Source: BigBoss repo) Springboard ပေါ်က weather app ရဲ့ အိုင်ကွန်မှာ မိုးရွာရင် မိုးရွာနေတဲ့ပုံ။ နေသာရင် နေလုံးပုံ စတဲ့ live weather info တွေကိုပြပေးပါတယ်။

58 .Belfry (Source: BigBoss ) only for ipad iphone native apps တွေဖြစ်တဲ့  Weather,Clock,Stocks,Calculater,Voice Memo’s, and Compass … အဲဒါတွေကို Ipad ပေါါ မှာသုံးလို့ ရမှာပါ……

59. Spire (Source BigBoss ) Non iphone4S တွေအတွက် Siri  ဆိုတဲ့  personal assistant ပါ Siri ကို ကြိုက်တဲ့လူတွေအတွက်တော့အရမ်းကောင်းပါတယ်……

60. Phone Buzzers (Source BigBoss repo) ကိုယ်တစ်ယောက်ယောက်ကို ဖုန်းခေါ်တဲ့အချိန်မှာ တစ်ဖက်က ကိုယ့်ရဲ့ဖုန်းကိုလက်ခံလိုက်တဲ့အချိန် vibrate ပြီးတော့ အချက်ပေးပါတယ်။

61. Safari Download Enabler ( Source BigBoss ) ios5+ Device  တွေအတွက် safari ကနေ down ချင်တဲ့downloader များအတွက်အဆင်ပြေပါတယ် ifle dropbox logmein တို့ နဲ့လဲလင့်ချိတ်လို့ ရပါတယ်…..


Nokia Android OS ဖြစ်တဲ့ Nokia X,XL,X2,X+ စသည့်ဖုန်းတွေကို အလွယ်တစ်ကူ Firmware ပြန်တင်နည်း



ကဲ ဒီတစ်ခါ ဆိုင်သမားတွေ နဲ့ လေ့လာနေတဲ့ ဘော်ဒါတွေ အတွက် အဖိုးတန်တဲ့  Nokia Android Os သုံးဖုန်းတွေကို အလွယ် တစ်ကူ ဘာ Box မှ မသုံးဘဲ Offical Firmware ပြန်တင်နည်းကို တင်ပေးလိုက်ပါတယ် အရင်ဆုံ ကွန်ပျူတာမှာ Nokia နဲ့ ပတ်သတ်တဲ့ Software Driver တွေ အရင်သွင်းထားလိုက်ပါ ပြီရင် မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ Firmware ဖိုင်းတွေ ဒေါင်းယူလိုက်ပါ






မိမိဖုန်းနဲ့ သက်ဆိုင်တဲ့ Firmware ကိုဒေါင်းပြီ Zip ဖြည့်လိုက်ပါ ပြီရင် FlashTools ကိုအောက်မှာ ဆက်ဒေါင်းပါ



ဒေါင်းလို့ရလာတဲ့ Flashtools Zip ကိုဖြည့်ပြီ အထဲက Nokia X Flasher 

 ပြီရင် ဖုန်းကို ဘထရီ ဖြုတ် ပြန်တပ်ပြီ Vol- up + Power တူတူဖိနှိပ်ပြီ ကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ
ဖုန်းက fastboot mode ဖြစ်သွားပြီဆိုရင် စောစောက ဖွင့်ထားတဲ့ Flashtools နေရာမှာ ဖိုင်းဖြည့်ဖို့ အကွက်လေတွေ တက်လာပါမယ်
ပြီရင် စောစောက ဒေါင်းထားတဲ့ မိမိဖုန်းနဲ့သက်ဆိုင်တဲ့ firmware ဖိုင်းတွေကို မှန်အောင်ရွေးဖြည့်ပေးလိုက်ပါ
ဖြည့်နည်းက အလွယ်လေးပါ System နေရာမှာနှိပ်ပါ ပြီရင်စောစောက ဒေါင်းထားတဲ့ Firmware ဖိုဒါထဲက System ဖိုင်းလို့ရေထားတဲ့ စာတန်ရှိတဲ့ဖိုင်ကိုရွေးပါ ကျန်တဲ့ဟာတွေလဲ တူတူပါဘဲ အကုန်မှန်အောင်ရွေးဖြည့်ပါ

ပြီရင်အောက်နာက Start Flashing နေရာမှာ နှိပ်ပြီ စောင့်နေပါ ၅မိနစ်လောက် ကြာပါတယ် အောက်က အတန်မှာ အစိမ်ရောင် ပြည့်အောင် စောင့်ပေးလိုက်ပါ အာလုံပြည့်သွားပြီဆိုရင် ဖုန်းကို Reboot ချပြီ ဘထရီ ခဏ ပြန်ထုတ်ပြီ ပြီရင် ပြန်တက်ပြီ power ဖွင့်ပေးလိုက်ပါ စစမှာတော boot တက်ဖို့  5မိနစ်လောက် စောင့်ရမှာပါ ကဲ Nokia Android Os ဖုန်းတွေ အလွယ်တစ်ကူ Firmware တင်လို့  အောင်မြင်ပါပြီ ကိုယ်တိုင်စမ်သပ်ထားတာပါ
\





ထိုင်းရောက် IT လူငယ်များ

Nokia Android Os သုံးဖုန်းတွေကို Root လုပ်နည်းနဲ့ Thai Font မပျောက်အောင် Myanmar Font သွင်းနည်း


ကဲ Nokia Android ဖုန်းတွေ ကိုင်ကြတဲ့ ဘော်ဒါတွေ အထူသဖြင့်ထိုင်းက ဘော်ဒါတွေ Nokia Android
တွေ ကို Root ဖောက်ပြီ မြန်မာစာ ထည့်တော့ ရကြပါတယ် ဒါပေးမဲ့ Thai Font တွေပျောက်ကုန်ပါတယ်
Thai Font လဲမပျောက်းခြေင်ဘူ မြန်မာဖောင်လဲ အသုံးပြုခြင်တဲ့ ဘော်ဒါတွေ အတွက် Thai Font မပျောက်တဲ့
မြန်မာစာသွင်းနည်း တင်ပေးလိုက်တာပါဒီနေရာမှာ အရင်ဆုံးကျေးဇူးတင်ရမှာက Ko Djjoe Man 
ကိုပါ အခုFont တွေကDjjoe Manလုပ်ထားတဲ့ Font တစ်ချို့ကို Modify အနည်းငယ်ပြန်လုပ်လိုက်တာပါ ကဲး
သွင်းနည်းကို အောက်မှာလေ့လာလိုက်ကြပါ





အရင်ဆုံး Nokia X Manager ကိုဖွင့်လိုက်ပါ Root ဖို့အတွက်မျှားပြထားတဲ့နေရာမှာ နှိပ်ပေးလိုက်ပါ ဖုန်းက reboot ကျပြီ ပြန်တက်လာရင် Root လုပ်တာ အောင်မြင်ပါပြီ


Root လုပ်ပြီပြီဆို စောစောက ဒေါင်းထားတဲ့ Font Zip ကို SD card ထဲcopyကူ ထည့်လိုက်ပြီ ဖုန်းထဲ သွင်းလိုက်ပါ ပြီရင် Nokia X Manager ကိုပြန်ဖွင့်ပါ ပြီရင် Install TWRP နေရာမှာထပ်နှိပ်ပါ
ဖုန်းက Reboot ကျပြီ ပြန်တက်လာရင် ဒီပုံစံတိုင်တွေ့ပါမယ်

Install နေမှာနှိပ်ပြီ စောစောက Copy ကူထည့်ထားတဲ့ Font zip ကို install လုပ်ပေးလိုက်ပါ


ပြီရင် ဖုန်းကို Reboot ချပေးလိုက်ပြီ ပြန်တက်လာရင် Thai font မပျောက်ဘဲ မြန်မာစာပါ ရောက်နေပါပြီ
မြန်မာစာက သွင်းစမှာ မမှန်ပါ ဖောင်မှန်ခြင်ရင်ဖောင်ပြန်ပြင်ပေးတဲ့
 Fepfz App ကိုသုံးပြီ ပြင်လိုက်ပါ မရှိရင်အောက်မှာဒေါင်းယူလိုက်ပါ


မှတ်ချက် =ဒီနည်းက Font changer တွေနဲ့ မြန်မာစာ သွင်းထားပြီသာဖုန်းတွေမှာ အဆင်မပြေပါ
လုံဝ font မသွင်းထားတဲ့ ဖုန်းတွေ မှာဘဲ အဆင်ပြေမှာပါ

Nokia Android Phone တွေ အကြောင်းအမျိုးမျိုးကြောင့် LOGO မှာရပ်နေပြီ Firmware ပြန်တင်ခြင်ရင်အောက်က လင့်ကနေ လေ့လာ လိုက်ပါ




AIS Lava Iris 700 ကို Firmware ပြန်တင်နည်း


Ais တံဆိပ်ကပ် နောက်ထက်အသစ်ထွက်တဲ့ Lava 700 ဖုန်းတွေ အသုံးပြုကြတဲ့ ဘော်ဒါတွေ အတွက်
အကြောင်းအမျိုးမျိုးကြောင့် Firmware ပြန်တင်ခြင်တဲ့ သူတွေ အတွက် Firmware ရှာမရဘဲ ခေါင်မီတောက်နေတဲ့ ဘော်ဒါတွေ အတွက် တာချီလိတ်က ကိုနေအောင်ကြီးက Backup ဆွဲထုတ်ပြီ ပြန်တင်ပေးထားတာပါ သူရဲ့ အင်တာလိပ်လိုင်နဲ့ Uploand ပင်ပင်ပန်ပန်နဲ့တင်ပေးတာ အထူကျေးဇူးတင်ပါတယ် ကဲလိုအပ်တဲ့သူတွေ အောက်မှာ ဒေါင်းယူလိုက်နော်




 ပြီရင် တင်နည်းက ခါတိုင် SpTools နဲ တင်နည်းအတိုင် တင်လိုက်ပါတင်နည်းတော့ ၇ှင်ပြစရာ မလိုတောဘူ ထင်ပါတယ် အကုန်လုံ တင်တက်နေပြီသာ ဖြစ်နေမှာပါ တင်နည်းမသိတဲ့သူတွေ အောက်ကလင့်မှာ လေ့လာလိုက်ကြပါ


DTAC Joey Fit 4.5 (ZTE-V830W ) ကို Firmware ပြန်တင်နည်း



ထိုင်းမှာ ဈေးသက်သာတဲ့ ဖုန်းတွေထဲက နောက်ထက်အသုံးပြုများတဲ့ Dtac ကုမဏီ တံဆိပ်ကပ် Zte
V830W ဖုန်းတွေ အသုံးပြုကြတဲ့ ဘော်ဒါများ အကြောင်းအမျိုးမျိုးကြောင့် logo မှာရပ်နေပြီ တိုင်ပတ်နေရင် အလွယ်တစ်ကူ ဖြေရှင်နိုင်ဖို့ လိုအပ်တဲ့ဖိုင်းတွေ အောက်မှာ ဒေါင်းလုပ်ဆွဲယူလိုက်ပါ



ဒေါင်းလို့ရလာတဲ့ Zip ဖိုင်းကိုဖြည့်လိုက်ပါ အထဲမှာ Update Zip ဖိုင်းရှိပါတယ် အဲ zip ဖိုင်းကို SD card ကောင်ကောင်တစ်ခုထဲသို့ copy ကူထည့်လိုက်ပါ ပြီရင် ဖုန်းထဲ SD card ပြန်ထည့်ပြီ ဖုန်းကို recovery mode ၀င်ဖို့ Volume Up + Power key ကိုဖိနှိပ်ပါ


ပြီရင် vol ခလုတ်တေါ အသုံးပြုပြီ apply update from sdcard သွားပြီ စောစောက သွင်းထားတဲ့ zip ဖိုင်ကို install လုပ်ပေးလိုက်ရုံပါဘဲ ပြီရင် reboot ချပေးလိုက်ပြီ ပြန်တက်လာရင် Firmware တင်လို့အောင်မြင်ပါပြီ

Asus Zenfone 5 တွေကို Firmware ပြန်တင်နည်း



ASUS Zenfone 5 အသုံးပြုကြတဲ့ ဘော်ဒါတွေ အတွက် အကြောင်းအမျိုးမျိုးကြောင့် Logo ကနေ ပြန်မတက်တော့ဘဲ
Firmware ပြန်တင်မတက်လို့ တိုင်ပတ်နေတဲ့ ဘော်ဒါတွေအတွက် Firmware နဲ့ လိုအပ်တဲ့ ဖိုင်းတွေကို အောက်မှာ ဒေါင်းယူလိုက်ပါ





မိမိဖုန်းမော်ဒယ်နံပါတ်နဲ့ တူညီတဲ့ ဖိုင်းကိုသာဒေါင်းလုပ်ဆွဲပါ မိမိဖုန်းက WW မော်ဒယ်ဆို ww နံပါတ်နဲ့ဖိုင်းကိုသာဆွဲပါ တစ်ခြာဖိုင်းဆွဲမိပါကတင်လို့ မအောင်မြင်ပါ



ပြီရင် pc မှာ စောစောကာဒေါင်းထားတဲ့ usb driver တွေကို သွင်းပေးလိုက်ပါ ပြီရင် စောစောက ဒေါင်းထားတဲ့ Zanfone Tools ကို zip ဖြည့်လိုက်ပြီ ရလာတဲ့ ဖိုးဒါထဲကို စောစော ဒေါင်းထားတဲ့ firmware zip ကို copy ကူထည့်ပါ




ဖုန်းကို pc နဲချိတ်ဆက်ပေးလိုက်ပါ pc က ဖုန်းကိုသိပြီဆိုရင် zenfone tools ကိုဖွင့်လိုက်ပါ ပြီရင်
 A key to reboot to recovery နေရာမှာ နှိပ်ပေးလိုက်ပါ 


ပြီရင် CMD အကွက်မှာ adb reboot recovery လို့ရိက်ထည့်ပြီ enter နှိပ်ပေးလိုက်ပါ Recovery Mode ရောက်သွားပါမယ်



ပြီရင် ဖုန်းကိုwipe data/factory reset ချပေးလိုက်ပါ
 ပြီရင်  ဖုန်းကို Recovery mode အတိုင်ဘဲ ချိတ်ဆက်ထားပြီ
tools ရဲ့ နေရာလွတ်မှာ မျှားထောက်ပြီ Shift key ကိုဖိပြီ မော့စ်ရဲ့ ညာဘက်ကို တူတူဖိနှိပ်ပါ ပြီရင်မျှာပြထားတဲ့ နေရာမှာ နှိပ်လိုက်ပါ အမဲရောင် CMD box တက်လာပါမယ်


ဒီပုံ အတိုင်ပါ ဒါဆို CMD Box ထဲကို adb sideload update.zip လို့ရိက်ထည့်ပြီ enter ရိုက်ပါ သူဟာသူ တင်သွားမှာပါ


ကဲ ဒါက နောက်ထပ် အလွယ်နည်းပါ ဖုန်းကို Flashboot Mode ဖြင့်ချိတ်ဆက်ပေးလိုက်ပါ ပြီရင်စောစောက Firmware ကူထည့်ထားတဲ့ ZenFoneTools ကိုဖွင့်လိုက်ပါ ပြီရင် Flash Tools နေရာကိုဖွင့်လိုက်ပါ



ပြီရင် Flash ဖို့အတွက် 1 ကိုနှိပ်ပြီ enter နှိပ်ပေးလိုက်ပါ သူဟာသူတင်ပေးသွားမှာပါ တစ်နည်းမရရင် နောက်တစ်နည်းနဲ့ စမ်ကြည့်ပါ Zenfone 5 က ထိုင်းဈေးကွက်မှာ ပစ္စည်းသုံးမျိုးလာပါတယ် ဒါကြောင့် တစ်နည်းနဲ့မအောင်မြင်ရင် နောက်တစ်နည်းစမ်တင်ကြည့်ပါ ကျွန်တော်ကတော ဒီနည်းနှစ်ခုနဲ့ ပြန် flash တာ အကုန်လုံး အဆင်ပြေပါတယ်



ထိုင်းရောက် IT လူငယ်များ





I Mobile IQ 6.9 Dtv ကို Firmware ပြန်တင်နည်း




I Mobile IQ 6.9 Dtv ကိုင်ဆောင်ကြတဲ့ ဘော်ဒါတွေ အတွက် အကြောင်းအမျိုး logo မှာရပ်နေပြီ တိုင်ပတ်နေရင် အလွယ်ကူဆုံးဖြေရှင်နိုင်ဖို့ လိုအပ်တဲ့ဖိုင်းတွေ အောက်မှာ ဒေါင်းယူလိုက်ပါ




ဒေါင်းလို့ရလာတဲ့ zip ကို ဖြည့်လိုက်ပြီ တစ်ခါ imobile phone တွေ တင်သလိုဘဲ SP Flashtools နဲံ တင်လိုက်ရုံပါဘဲ




ထိုင်းရောက် IT လူငယ်များ

ဘလော့မှာ မည့်သည့်ဆော့ဝဲလ်တွေမှ အသုံးမပြု ဘဲနဲ့ 3D Text စာလုံးလေး ရေးနည်း


မင်္ဂလာပါ  သည်နေ့ ရေးဖြစ်တာလေးကတော့ မိမိတို့ဘလော့မှာ  မည့်သည့်ဆော့ဝဲလ်တွေမှ  အသုံးမပြု ဘဲနဲ့  3D  Text  စာလုံးလေး ရေးနည်းကိုဘဲ ဖြစ်ပါတယ်... ဒါလေးကတော့  Css3 ကုဒ်နဲ့ အသုံးပြု ရေးသားထားခြင်းဖြစ်တာကြောင့်  အသင့်ပေးထားတဲ့ ကုဒ်တွေကိုဘဲ အသုံးပြု  ရေးသားလိုက်ပါနော်..  နှစ်သက်တယ်ဆို အောက်မှာ ထည့်နည်းနဲ့ လိုအပ်တဲ့  ကုဒ်တွေကို ပေးထားပါတယ်တော်....လေ့လာလိုက်ပါနော်

အသုံးပြု နည်း
=======

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

<style>
#animationWrapper  {
  width:200px;
  font-family:"proxima-nova-1","proxima-nova-2","Helvetica Neue","Arial",sans-serif;
  background:#222;
  padding:40px;
}

/* link which encapsulates SPANs */
#animationWrapper a {
  font-weight: 500;
  text-transform: uppercase;
  font-size: 32px;
  line-height: 0.9em;
  margin-bottom: 10px;
  display: block;
  position: relative;
  color: #E58;
  text-decoration: none
}

/* span and a - "workers" */
#animationWrapper a, #animationWrapper span {
  -webkit-transition: all 0.12s ease-out;
  -moz-transition: all 0.12s ease-out;
  -o-transition: all 0.12s ease-out;
  -ms-transition: all 0.12s ease-out;
  transition: all 0.12s ease-out;
}

#animationWrapper span {
  display: block;
  color: #555;
  text-shadow: 1px 1px black, 2px 2px black, 3px 3px black, 4px 4px black, 5px 5px black, 6px 6px black, 7px 7px black, 8px 8px black;
}

/* special size for the first item */
#animationWrapper .span1 {
  font-size: 36px;
  line-height: 0.8em;
}

#animationWrapper a:hover {
    color: #fff ;
    top: -3px;
    left: -3px;
}

/* all spans become white */
#animationWrapper a:hover span {
  color:#fff;
}

/* different colors for each SPAN */
#animationWrapper a:hover .span1 {
    text-shadow: 1px 1px #58E, 2px 2px #58E, 3px 3px #58E, 4px 4px #58E, 5px 5px #58E, 6px 6px #58E, 7px 7px #58E, 8px 8px #58E, 9px 9px #58E, 10px 10px #58E, 11px 11px #58E;
}

#animationWrapper a:hover .span2 {
    text-shadow: 1px 1px #F90, 2px 2px #F90, 3px 3px #F90, 4px 4px #F90, 5px 5px #F90, 6px 6px #F90, 7px 7px #F90, 8px 8px #F90, 9px 9px #F90, 10px 10px #F90, 11px 11px #F90;
}

#animationWrapper a:hover .span3 {
    text-shadow: 1px 1px #3C7, 2px 2px #3C7, 3px 3px #3C7, 4px 4px #3C7, 5px 5px #3C7, 6px 6px #3C7, 7px 7px #3C7, 8px 8px #3C7, 9px 9px #3C7, 10px 10px #3C7, 11px 11px #3C7;
}

#animationWrapper a:hover .span4 {
    text-shadow: 1px 1px #E58, 2px 2px #E58, 3px 3px #E58, 4px 4px #E58, 5px 5px #E58, 6px 6px #E58, 7px 7px #E58, 8px 8px #E58, 9px 9px #E58, 10px 10px #E58, 11px 11px #E58;
}
</style>
<center>
<div id="animationWrapper">
  <a href="http://www.aungsanmks.com">
    <span class="span1">Welcome</span>
    <span class="span2">From</span>
    <span class="span3">My</span>
    <span class="span4">Blogs</span>
  </a>
</div>
</center>

ကုဒ်တွေထဲမှာ   http://www.aungsanmks.com  နေရာ မိမိတို့ 

ဘလော့အမည်အစားထိုးနိုင်ပါတယ်... အောက်ဆုံး ကုဒ်တွေထဲက
WELCOME
FROM
MY
BLOGS
ဆိုတာတွေမှာ နှစ်သက်ရာ စာသားကို ရေးနိုင်ပါတယ်... မြန်မာ စာနဲ့လည်း အသုံးပြုနိုင်ပါတယ်။
 ကုဒ်တွေမှာ  FONT  အရွယ်အစားတွေ  အကျယ်အ၀န်း စတာတွေ  နံပါတ်တွေပါ  ပါတယ်.. ကြိုက်သလို  မိမိဘလော့ Widget  နဲ့ ကိုက်ညီအောင် ချိန်းနိုင်ပါတယ်...

ဘလော့ခရီးသည်

Samsung Galaxy Note 4 Firmware With Myanmar Font


Samsung Galaxy Note 4 SM-N910C ဖုန်းတွေအတွက် Android Version 4.4.4 Kitkat Latest Firmware လိုချင်တယ်ဆိုပြီးတောင်း လာ လို့ တင်ပေးလိုက်တာပါ။ အခုတင်ပေးလိုက်တဲ့ Firmware ကတော့ System Myanmar Font တခါတည်း ပါတာကြောင့် Firmware တင်ပြီး အသင့်သုံးရုံပါပဲ။ 08 Oct 2014 ကမြန်မာစာ နဲ့ နောက်ဆုံး ထွက်ထားတဲ့ Firmware ဖြစ်ပါတယ်။ အောက်မှာ လိုအပ်တဲ့ ဖိုင်တွေ ဒေါင်းပါ


Model: SM-N910C 
Model name: GALAXY Note 4 
Country: Thailand 
Version: Android 4.4.4 
Changelist: 2815425 
Build date: Wed, 08 Oct 2014 08:27:31 +0000 
Product Code: THL 
PDA: N910CXXU1ANJ4 
CSC: N910COLB1ANIG 
MODEM: N910CXXU1ANJ4 



 Firmware ဒေါင်းဖို့ အကောင့်မရှိသေးဘူးဆိုရင် ကျနော့် အကောင့်ပေးထားတယ်။ အဲတာနဲ့ Login ၀င်ပြီးမှ Download Botton ကိုနှိပ်ပါ။ Username က zawminthan နဲ့ Pass က  zawminthan123 နဲ့ Login ၀င်ပြီး မှ ၊ဒေါင်းပါ အောက်မှာ ပုံကို ကြည့်လိုက်ပါ.




မောင်(စွယ်စုံကျမ်း)



Windows 10 Technical Preview (32-bit+64-bit)



2014 October 1 ရက်နေ့မှာ Microsoft က အသစ်ထုတ်လုပ်လိုက်တဲ့ Windows 10 Technical Preview (32-bit+64-bit) ကိုတင်ပေးလိုက်ပါတယ်။ စတင်ထွက်လာခါစ ဖြစ်လို့ Technical Preview တခုပဲ ထွက် ပါသေးတယ်။ Microsoft ကနေတိုက်ရိုက်ဒေါင်း လုပ်ယူပြီး လင့်ပြန်တင်ပေးလိုက်ပါတယ်။ ကိုယ်ပိုင်လင့်တော့ ဟုတ်ဘူးနော် ကျနော့် ဆရာ ဖြစ်တဲ့ ကိုအောင် ဆိုဒ်ကနေ သွား မလာတာ။ အောက်မှာ -Original Key (32&64)....ပါ တွဲပေးထားပါတယ်။ 

ဘယ်လိုကောင်း သလည်း ဆိုတာ မသုံးကြည့်ရသေးတာမို့ ကိုယ်တိုင်ပဲ တင်ပြီးစမ်းသုံးကြည့်ပါဗျာ။ အသစ် စက်စက် လေးတွေ့တာနဲ့ အားရပါးရ ကောင်တင်လိုက်တာပါ။ Screenshoots တွေကြည့် ရတာတော့ တကယ့် လန်းပဲဗျာ (9++++) ။ တခုရှိတာကတော့ ခေတ်ဟောင်း ကွန်ပျုတာတွေမှာ အသုံးပြု လို့အဆင် မပြေ နိုင်ပါဘူး။ 

စိတ်ဝင်စားရင် အောက်ကလင့်မှာ ၀င်ဆွဲ နိုင်ပါပြီ။


IDM Fake Serial Number Error လွယ်လွယ်ဖြေရှင်းမယ်..


IDM 6.18 .build 7 ကစတင်ပြီး
IDM has been Registered With a Fake Serial Number 
ဆိုတာကြီးက အတော်ကို အာရုံနောက်စေပါတယ်..
ကုစားနည်းပေါင်းစုံလည်း အဆင်မပြေသလို..
patch ပေါင်းစုံ ပြောင်းကြည့်လည်း မထူးပါဘူး.
ရှာတွေ့တော့လည်း တကယ်ကိုလွယ်လွယ်ကူကူပါပဲ..

အရင်ဆုံး C:\Program Files (x86)\Internet Download Manager
ကိုသွားလိုက်ပါ..အဲဒီက IDMGrHlp ဆိုတဲ့ဖိုင်..
ပုံကိုကြည့်ပါ..
အ၀ါရောင်တားထားပြီး မြှားပြထားတဲ့ ဖိုင်ကို 
Right click ပေးပြီး Delete လုပ်လိုက်ပါ..
 နောက်တဆင့် အဲဒီအထဲမှာပဲ idmBroker ကိုရှာပါ..



ပုံမှာ ပြထားတဲ့ idm Broker ကို  Right click ပေးပြီး Delete လုပ်လိုက်ပါ..။


IDM has been Registered With a Fake Serial Number 
ဆိုတာကြီးနောက်မတတ်တော့ပါဘူး..။
ပျော်ရွင်ပါစေ....




Coolpad Firmware တင်နည်းစာအုပ်



Coolpad ဖုန်းလေးတွေ ဈေးကွက်ဝင် အသုံးများလာနေ....
Service လုပ်ပေးရင်း ဖန်လုံးပြန်တင်ဖို့လိုလာတဲ့အခါ ....
တစ်ခါတရံ ....How to..??????????

ယခုစာအုပ်ထဲမှာတော့ Ko Galaygachay မှ တစ်ဆင့်ချင်း၊
ဒေါင်းစရာလင့်များပါထဲ့ပေးထားတဲ့အတွက်....ကျေးဇူးပါလို့။
လိုအပ်ပါက....


Drag Racing ကိုပိုက်ပိုက်နဲ့ RP ခိုးဆော့ကြမယ်


Drag Racing ကိုကျွန်တော်အရင်ကဟတ်တာ ပိုက်ဆံဘဲဟတ်လို့ရတယ် RP ကိုဟတ်မရတော့ RP နဲ့ပေးဝယ်ရတဲ့ကားတွေဆိုမ၀ယ်နိုင်ဘူး အခုတွေတဲ့နည်းလမ်းလေးကတော့ ပိုက်ဆံကောRPကောအကုန်ဟတ်ရတယ်ဗျာ ဟတ်တာတော့ အရင်သုံးတဲ့ Game Killer နဲ့ပါ နည်းလမ်းလေးဘဲကွားသွားတာပါ Drag Racing နဲ့ Game Killer မရှိသေးရင်အောက်မှာဒေါင်းလိုက်ပါ



ပထမဆုံး Game Killer ကိုဖွင့်ပါ


Drag Racing ထဲဝင်ပါ







PR ဟတ်ဖို့အတွက်ကားဝယ်တဲ့နေရာကိုသွားပါ





ကဲကြိုက်တဲ့ကားဝယ်ပြီးဆော့လို့ရပြီ 
အားလုံးအဆင်ပြေပါစေ


Play Store Error ဖြေရှင်းနည်း(1)


Huawei တွေမှာအဖြစ်များတဲ့ Play Store Error ဖြေရှင်းနည်းလေးတစ်ခုပြောပြချင်ပါတယ် 
အပေါ်ကပုံလိုမျိုး Download ဆွဲမရရင် Format ချလဲမရပါဘူး ကျွန်တော်ဖြစ်တုန်းကလဲတော်တော်တိုင်ပတ်ဖူးတယ် အခုအဲ့ Error ကို အလွယ်တကူဖြေရှင်းကြရအောင် ပုံနဲ့တကွပြထားပါတယ်လိုက်လုပ်ကြည့်လိုက်ပါ

Setting ထဲဝင်ပြီးအောက်မှာပြထားတဲ့အတိုင်း Google ထဲကိုဝင်လိုက်ပါ


Google ထဲကိုဝင်လိုက်ရင် Gmail အကောင့်ရှိပါတယ် gmail အကောင့်ကိုနှိပ်လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာရင် ဖုန်းက menu key မျင်းချောင်3းချောင်းပုံလေးနှိပ်ပြီး Remove Account ကိုနှိပ်ပြီးပြန်ထွက်ပါ 


ပြီးရင် Setting ထဲက Manage apps ကိုနှိပ်ပါ တချို့ဖုန်းတွေမှာ Apps လို့ဘဲရေးထားပါတယ်


Manage apps ထဲဝင်ပြီးဘေးကိုဆွဲပြီး All ကိုသွားပါ အောက်မှာမျှားပြထားတဲ့ Download Manager ကိုနှိပ် Clear data နဲ့ Force Stop ကိုနှိပ်


အောက်မှာပြထားတဲ့ 4 ခုကိုလဲ အပေါ်ကလို Clear data နဲ့ Force Stop လုပ်လိုက်ပါ


ပြီးရင် Setting ထဲက Google ထဲပြန်ဝင် Gmail ပြန်ဖြည့်ပြီးရင် Restart လိုက်ပါ Play Store ထဲပြန်ဝင်ပြီးဒေါင်းကြည့်ပါ ဒေါင်းလို့ရတာကိုတွေ့ရပါမယ်