Showing posts with label Blog. Show all posts
Showing posts with label Blog. Show all posts

ဘလော့ တက်ပလက် ချိန်းနည်းလေးပါ

ဒါကတော့ ဘလော့ တက်ပလက် ချိန်းနည်းလေးပါ..အရင်ကလည်း တင်ပေးခဲ့ဘူးပါတယ်.. ခုဘလော့တွေမှာ ဘလော့ကာ စတိုင်က ပြောင်းလဲနေတော့ မျက်စိလည်ကုန်ကြတာပါ..အရင် စတိုင်အဟောင်းနဲ့ တုန်းကသုံးရတာ အရမ်းလွယ်ကူပြီး ရှင်းနေတာဘဲလေ  ခု ဒါနဲ့ကျတော့ တမျိုးဖြစ်နေကြပါတယ်... ဒါလေးကလဲ မသိသူရှားပါတယ်.. ဒါပေမယ့် တောင်းဆိုထားတဲ့သူအတွက် ထပ်မံတင်ပြလိုက်ရတာပါ..သိသူတွေအတွက်တော့ ကျော်သွားလိုက်ပါနော်..
Template Designer. ပြောင်းနည်းလည်း ခုပုံ.စံသစ်ဖြစ်ပြီးတော. ဘယ်နေရာမှာ သွား Update နေရာ ကို မတွေ.ဘူးဖြစ်နေတယ်ဗျာ။ အေဟာာင်းတော. လုပ်နည်းသိပ်ါတယ် ခုတော. မသိတော.ဘူးဗျာထပ်ပြီးရှင်းပြပါနော်
 ကဲစမယ်နော်...
အဆင့် (၁)...... အနေနဲ့ ဘေလာ့ကာ ၀င်လိုက်ပါနော်...
ဘလော့ကာ မှတဆင့် Template ဆိုတာကို ကလစ်ဝင်လိုက်ပါ...

အဆင့် (၂) ........အနေနဲ့ကတော့ အောက်ကပုံကို ကြည့်ပါ။
 အပေါ်မှာ ပြထားတဲ့ Backup/ Restore ဆိုတာလေးကို ကလစ်ပေးလိုက်ပါ။
အဆင့်  (၃).........ကတော့ အောက်မှာဆက်ကြည့်ပါနော်...
သည်နေရာမှာ Download full Template ဆိုတာလေးက မိမိတို့ အဟောင်းကိုပြန်လည် ဒေါင်းယူထားဖို့ဖြစ်ပါတယ်...ကလ်စပြီးဒေါင်းလိုက်တာနဲ့ xml ဖိုင်လေးတစ်ခု ရမှာပါ..သိမ်းထားလိုက်ပေါ့...လိုအပ်ရင် အဟောင်းကိုပြန်သုံးနိုင်ပါတယ်။
Browse  ဆိုတာကိုကလစ်တာနဲ့  မိမိတို့ ပြောင်းလဲ အစားထိုးလိုတဲ့ တက်ကလက် အသစ်ရဲ့ xml ဖိုင်ဆီကိုအရောက်သွားပြီး ရွေးပေးလိုက်ပါ...ပြီးတာနဲ့ အသစ်ဖိုင်လေးကို ထည့်ပေးလိုကပေါ့။
နောက်ဆုံးအနေနဲ့  Upload ဆိုတာကလစ်လိုက်ပါ...ခဏကြာတာနဲ့ မိမိတို့ဘလော့ရဲ့ တက်ပလက် ဒီဇိုင်းဟာ အသစ်တိုင်း ပြောင်းလဲနေပါပြီ....


ဘလော့ခရီးသည်မှပြန်လည်ဖော်ပြသည်

Post ရဲ့ အောက်က ပုံလေးတွေ ....

ဒီနည်းကလေးကို သိနေတာ တော့ ကြာပါပီ .. ဒါပေမယ့်လည်း မပြောဖြစ်တာနဲ့ .. ကြာနေတာ ဖြစ်သွားပါတယ် .. Blog က ပိုစ့်တွေ ရဲ့အောက်ကနေပြီးတော့ ပုံကလေးတွေ နဲ့ ပြထားတာ တာ မြင်ဖူး ကြမှာပါ .. လုပ်တာကတော့ မခက်ပါဘူး .. ဒါပေမယ့် မလုပ်တတ်သေးရင်တော့ ဘယ်ကနေပြီးတော့ ဘယ် လို လုပ်ရမယ်မသိဘူးပေါ့ ... js ထည့်ရမှာလား ... Css နဲ့ ပဲ ပုံဖော်ရမှာလား ..... အဲလို ဖြစ်နေပါလိမ့်မယ် .. တကယ်တမ်းလုပ်မယ်ဆိုရင်တော့ လည်း သူပေးတဲ့ ဆိုဒ်ကလေးမှာ သွားပြီးတော့ လုပ် လိုက် ရုံပဲ ... ပြီးရင် အဲဒီ့ ဆိုဒ် ကနေ ပြီးတော့ blog ထဲကိုဘယ်လို ထည့်မလဲ ဆိုတဲ့ ပုံကလေးပြတာကို လိုက်ပြီးတော့ထည့်လိုက်ရုံပါပဲ ... ကျွန်တော်တို့လို software မျှဝေသူများ အတွက် ဆိုရင်လည်း ဘာ soft ဆိုတာကို လာဖတ်တဲ့ သူတွေ အနေနဲ့ ပုံကလေးတွေ ကြည့်ရုံနဲ့ အဲဒီ့ soft ကလေးတွေ ကို စိတ်ဝင်စား စေတာပေါ့ ..... အဆင်လည်းပြေပါတယ် ... ဘယ်လိုကနေပြီးတော့ စလုပ်မလဲ ...

ပထမဆုံး www.Linkwithin.com ဆိုတဲ့ ဆိုဒ်က လေး ကို သွားလိုက်ပါ ...
အဲဒီ့ကိုရောက်ပြီဆိုရင်တော့ ပထမဆုံး Email address ကို ဖြည့်ပေးလိုက်ပါ...
ပြီးရင်တော့ blog ရဲ့ လိပ်စာကိုထည့်ပေးပါ ....
Plagform ဆိုတာမှတော့ ကိုယ်က Blogger နဲ့ရေးတာလား wordpress နဲ့ရေးတာလား ... အဲဒီ့မှာ Blog နဲ့ရေးတာဆိုတော့ ... Blogger ဆိုတာကလေးကိုရွေးပေးလိုက်ပါ ....
Width ဆိုတာမှာကကျတော့ ... ကိုယ်က ကိုယ့် blog ရဲ့ content width နဲ့ ညှိပြီးတော့ ပုံတွေကို ထည့်ရပါမယ်.... ၃ ပုံလား ၄ ပုံလား ၅ ပုံလား ... အဲဒါကလေးကိုရွေးပေးရပါမယ် ... ကိုယ့် blog ရဲ့ post ရေးတဲ့ width ကိုကြည့်ပြီးတော့ ဘယ်နှပုံလောက်ဖြင့် ဆန့်မယ် ပေါ့ ... ရွေးပေးလိုက်ပါ ...
ပြီးရင်တော့ အောက်က Get widget ဆိုတဲ့ buttom ကြီးကိုနှိပ်လိုက်ပါမယ်...
နှိပ်ပြီးသွားပြီဆိုရင်တော့ နောက်စာမျက်နှာတစ်ခုပေါ်လာပါ့မယ် ...
အဲဒီ့မှာ Install Widget ဆိုတာကလေးကိုနှိပ်လိုက်ပါ ...
နှိပ်လိုက်ရင်တော့ နောက်စာမျက်နာတစ်ခုကိုရောက်သွားပါဦးမယ် ..
အဲဒီ့မှာမှ add widget ဆိုတာကို နှိပ်လိုက်ပါဦး ...
နှိပ်လိုက်ရင် blog ရဲ့ layout တွေ ပြောင်းတဲ့နေရာကိုရောက်သွားပါ့မယ် ..
အဲဒီ့မှာ link within ဆိုတာကလေးကို Blog posts ဆိုတာရဲ့ အောက်ကိုရွှေ့ပေးလိုက်ပါ ..
ပြီးရင်တော့ save ပေးပြီးတော့ ကိုယ့်ရဲ့ blog ကိုကြည့်လိုက်ပါ ...
ဒါဆိုရင် blog post ရဲ့ အောက်တွေ မှာ ပုံကလေးတွေ နဲ့ ခေါင်းစဉ်ကလေးတွေ နဲ့ ဖော်ပြပေးနေပါလိမ့်မယ် ...

Template ဒေါင်းယူပြီး xml ဖိုင်ရယူနည်း ( ဘလော့အတွက် အရေးပါသောကဏ္ဍ)

 မင်္ဂလာပါ ဘလော့ခရီးသည်ကိုလာရောက်အားပေးကြသော မိတ်ဆွေအပေါင်းတို့ ဗျားး
ခုတင်မှာလေးကတော့ C-Box ကတောင်းဆိုမှုလေးဖြစ်သလို ဘလော့သမားတွေအတွက် မသိမဖြစ်
သိထားရမည့် အကြောင်းရာလေးဆိုလည်း မမှားပါဘူးး  ဘလော့တွေမှာ မိမိတို့ စိတ်ကြိုက်
template တွေ ဒီဇိုင်းလှလှလေးတွေ နဲ့ပြုပြင်ဖန်တီးဖို့ဆိုတာ သည်နည်းလမ်းလေးကို သိကိုထားမှ
ဖြစ်မှာမို့ပါ...ဒါကြောင့် တောင်းဆိုမှု အရရော..သိသင့်တယ်ထင်တာမို့ စေတနာနဲ့ရော သည်နည်းလေးကို  ထရေးဖြစ်တာပါ.... Template တွေကို ဒေါင်းယူပြီး မိမိဘလော့ထဲမှာ စိတ်တိုင်း
ကျ သွင်းယူတဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်.... အသေးစိတ် ပုံလေးတွေနဲ့ တစ်ကွ ဒေါင်းယူနည်း
ဒေါင်းထားသော တက်ပလက်ဖိုင်ကနေ xml ဖိုင်လေးယူနည်း ရှင်းပြထားပါတယ်... ဒေါင်းယုံနဲ့ မရပါ
xml ဖိုင်လေးကိုသာ မိမိတို့ ဘလော့ထဲကို Upload ထည့်မှသာလျှင် လိုခြင်သော တက်ပလက် ဒီဇိုင်းတွေကို ရရှိမြှ ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးး ကဲစမယ်  လေကရှည်နေပြီ...ေိေိ....
 တောင်းဆိုသူမိတ်ဆွေပါ......
 လင်္ကာ: တက်ပလက် အသစ်တွေကို ဒေါင်းယူနည်းနဲ့ xml ယူနည်းလေးရေးပေးပါလားဗျာ။


ပထမဆုံးအနေနဲ့  တက်ပလက် ဒေါင်းလို့ ရတဲ့ ဆိုဒ်လိပ်စာလေးပေးပါ့မယ်.....

               + တက်ပလက်များကို     သည်မှာ     ရှာဖွေဒေါင်းယူပါ  ။

               + နောက်ထပ်လိုအပ်က     သည်မှာ    ဆက်လက်ရှာဖွေနိုင်ပါတယ်  ။
နောက်ထပ်  လိုအပ်သေးပါက.... တက်ပလက်ဆိုဒ်ပေါင်းများစွာရှိပါတယ်...
 သည်ဆိုဒ်တွေဆိုရင်ဘဲ  လုံလောက်ပါပြီနော်  အများကြီးးးးကိုရနိုင်လို့ပါ....
ကဲ တက်ပလက်တစ်ခုကို ဒေါင်းရင်းနဲ့  ဥပမာ ပြုတင်ပြလိုက်ပါ့မယ်...

   အဆင့်   (၁)  အနေနဲ့.......တက်ပလက်ဆိုဒ်ထဲဝင်လိုက်ပါပြီ
မိမိတို့ စိတ်ကြိုက် စာမျက်နှာအလိုက် ရွေးချယ်နိုင်ပါတယ်... ရွေးချယ်စရာတွေအများကြီးးပါနော်
စာတွေ ကြည့်ပြီး လိုအပ်သလို ရွေးနိုင်ပါတယ်... တက်ပလက်တိုင်းမှာ နာမည်လေးတွေရှိပါတယ်...
သေခြာ ကြည့်လိုက အမည်ကိုကလစ်နိုင်ပါတယ်... ပုံကြီးမူရင်းကို မြင်လိုက Demo ဆိုတာကို ကလစ်ကြည့်လိုက်ပါ....ဒေါင်းလိုက Download ပေါ့...ခုတော့တစ်ခု ရွေးလိုက်ပြီပေါ့..အောက်မှာ

  အဆင့်   (၂)  အနေနဲ့ ဆက်ကြည့်လိုက်ပါ...........
မိမိရွေးထားသော တက်ပလက်လေးပေါ့... Preview ကိုကလစ်ပါက ဆိုဒ်ကြီးမြင်ရမယ်...
ကဲ  Download ကြစို့ ကြာနေမယ်..နော်..ဒေါင်းလိုက်ပါပြီဗျာ.. ခဏလေးဘဲ စောင့်ပါ....စက္ကန့်ပိုင်းမျှသာ ကြာမှာပါ....

   အဆင့်  (၃)   အနေနဲ့ ဒေါင်းထားတဲ့ ဟာလေးပြီးသွားတဲ့အခါမှာပေါ့..
Open floder  ကိုကလစ်ဖွင့်လိုက်ပါ... မဟုတ်လည်း မိမိစက်ထဲ ဒေါင်းလော့ဝင်တဲ့ ဖိုင်ထဲသွားလိုက်ပေါ့.....သည်လိုလေးတွေ့မယ်...အောက်မှာ....

  အဆင့်  (၄)   ကတော့ ဒေါင်းထားတဲ့ တက်ပလက် ဖွင့်လိုက်ပါ.....
တွေ့ပြီနော်  ကျွန်တော် ဥပမာပြထားတဲ့ တက်ပလက်လေးက အမည်က music plus ဆိုတဲ့ဟာပါ။
အဲတာလေး မိမိတို့ ထဲတွေ့တာနဲ့  ညာကလစ်ပေးပါ  Extract to musicplus/ ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...( မှတ်ချက် ။   ။ musicplus နေရာမှာ မိမိတို့ဒေါင်းသော template အမည်ပါ)
ကလစ်ပြီးတာနဲ့  Floder အ၀ါလေးကျလာမှာဖြစ်ပါတယ်.....အောက်မှာကြည့်ပါ
Music Plus ဆိုတဲ့အမည်နဲ့ Floder အ၀ါလေးပါ...အဲတာလေးကို ဖွင့်လိုက်ပါ... တစ်ခါဖွင့်ယုံနဲ့ xml ဖိုင်လေး မတွေ့သေးပါက တွေ့သည့်တိုင် ဖိုင်လေးတွေကို ဆက်ဖွင့်ပေးလိုက်ပါ...တွေ့ပြီဆိုတာနဲ့..

  အဆင့်  (၅)   xml ဖိုင်လေးကို တွေ့ပြီဆိုတာနဲ့.....အောက်မှာ...xml ဖိုင်

Zippyshare ဆိုဒ်မှာ ဖိုင် Upload တင်နည်း နှင့် Share လင့် ယူနည်း

ပထမဦးဆုံး Zippyshare ဆိုဒ်မှာ အကောက်ဖောက်ဖို့  ဂျီမေးလ် တစ်ခု ရှိရပါ့မယ်။

ဂျီမေးလ် ရှိတယ်ဆိုရင်တော့ ဒီလင့်ကိုကလစ်ပြီးသွားလိုက်ပါ။ 

အကောက်ဖောက်ဖို့  အတွက် ပေးထားတာလေးတွေ ကို ပြည့်စုံအောင်ဖြည့်ပေးပါ။

အောက်ကပုံက နမူနာ ဖြည့်ပြထားတာပါ။
ဒါဆိုရင်တော့ အကောက် အောင်မြင်စွာ ဖောက်ပြီးပါပြီ ။ ဂျီမေးလ်ကို ဖွင့်ပြီး အကောက်ကို Activate လုပ်ပေးရပါမယ်။
သင့်ဂျီမေးလ်ကို Zippyshare က Activate လုပ်ဖို့  မေးလ်တစ်စောင်ပို့ ထားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။
Zippyshare ကပို့ ထားတဲ့ မေးလ် ကို ဖွင့်ပြီး မေးလ်ထဲက အပြာရောင်နဲ့ ရေးထားတဲ့ လင့်ကို ကလစ်လိုက်ပါ။
Zippyshare ဝက်ဆိုဒ်ကို ပြန်ရောက်သွားပြီး Activate လုပ်ပြီးကြောင်း Box တစ်ခုနဲ့  ပြပေးပါလိမ့်မည်။
ဖိုင် Upload တင်ဖို့  အတွက် ညာဖက်အပေါ်နားရှိ My Account ကိုနှိပ်ပါ။ ပြီးရင် ဘယ်ဖက် ရှိ Upload files ကိုကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
ဒါဆို Upload တင်ဖို့  ပေါ်လာပါလိမ့်မယ် ။ ပေါ်လာတဲ့ အထဲ က BROWSE ကိုကလစ်လိုက်ပါ။
(အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
BROWSE ကို ကလစ်လိုက်ရင်တော့ Open ဟူသော Box တစ်ခု ကျလာပါလိမ့်မယ်။
သင့်ကွန်ပျူတာ ထဲရှိ သင်တင်ချင်သည့် သီချင်း၊ဗွီဒီယို၊ဆော့ဝဲလ်၊စာအုပ်၊ဓါတ်ပုံ အစရှိတာ တစ်ခုခုရွေးပေးပြီး အောက်ခြေရှိ Open ကိုကလစ်လိုက်ပါ ။ ကျွန်တော်ကတော့ အန်းဒရိုက်ဆော့ဝဲလ် တစ်ခု ကို နမူနာ အနေနဲ့  Upload တင်ပြပါ့မယ်။
သင် Upload တင်ဖို့  ရွေးထားတဲ့ ဖိုင်ကို Upload တင်ဖို့  အတွက် START UPLOAD Buttom လေးကို ကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
အောက်ကပုံကတော့ Upload တင်နေပုံပါ။ အနီရောင်အတန်းလေး ပြည့်တဲ့အထိ စောင့်ပေးပါ။
အနီရောင်အတန်းလေး ပြည့်သွားရင်တော့ သင်တင်တဲ့ဖိုင်ကို Upload တင်ပြီးပြီ ဖြစ်ပါသည်။
အောက်ကလိုပုံလေးပေါ်လာပါလိမ့်မည်။ Link ဘေးရှိ http:// နဲ့ စတဲ့ လင့်လေးက သင်တင်တဲ့ ဖိုင်ကို သင် Share ချင်သည့်နေရာမှာ မျှဝေပေးဖို့  ဒေါင်းလော့လင့် ဖြစ်ပါတယ်။

အောက်ကပုံမှာ အနီရောင်းလေးထောင့်ကွက် နှင့် အစိမ်းရောင်မြား ထိုးပြထားတဲ့ လင့်နှစ်ခု အနက် သင်အဆင်ပြေမည့်လင့်ကို Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပြီ ဖြစ်ပါတယ်။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
သင် Upload တင်ထားတဲ့ ဖိုင်ကို ပြန်ကြည့်ချင်ရင်တော့ ညာဖက်အပေါ်ရှိ My Account ကို ကလစ်ပါ။
ပေါ်လာသည့် အထဲ က File Manager ကိုဆက်ကလစ်ပါ။ ဒါဆို သင် Upload တင်ထားတဲ့ ဖိုင်ကို တွေ့ ရမှာ ဖြစ်ပါတယ် ။ သင် Upload တင်ထားတဲ့ ဖိုင်ကို ကလစ်လိုက်ပါ ။ပြီးရင် နောက်ထပ် Tab တစ်ခုမှာ ဒေါင်းလော့လုပ်ဖို့  ကျလာပါလိမ့်မယ်။
အောက်ကပုံမှာ ကျွန်တော် အနီရောင်လေးထောင့်ကွက် နှင့် အစိမ်းရောင် မြားထိုးပြထားတဲ့ www. လင့်ကိုလည်း Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပါတယ်။




ဖြူးမြို့ကဖြူးသားလေးမှပြန်လည်မျှဝေသည်



ဘလော့စလုပ်သူများအတွက် post တင်နည်း

ကဲ  မိတ်ဆွေတို့ရေ... သည်ပို့စ်လေးအတွက်နဲ့ သိတတ်ထားသူတွေက  လုံးဝ စိတ်မရှုပ်စေခြင်ပါဘူးး ညီလေး တယောက်ကတောင်းဆိုထားလို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်...
ဘလော့တွေ ရေးခြင်ပေမယ့် ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အတွက် ကူညီပါဆိုလို့ သေခြာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ရခြင်းပါ... အဓိကတော့..အဲတောင်းဆိုထားတဲ့
ညီလေး  တေဇာအောင်  အတွက်ပါဘဲ...
ပထမဆုံး www.blogger.com မှာ မိမိတို့ အကောင့် တစ်ခုနဲ့ ဘေလာ့တစ်ခုရအောင် ၀င်လုပ်ရပါ့မယ်.. ဘလော့စတင် တည်ထောင်နည်းကို   သည်နေရာမှာ  လေ့လာနိုင်ပါတယ်..
ကဲ ဘလော့တစ်ခု ရပြီဆိုပါစို့...ပို့စ်တင်တဲ့အပိုင်းကို စကြမယ်နော်..
ပထမဆုံး www.blogger.com  ကိုဝင်လိုက်ပါ လုပ်ထားတဲ့ အကောင့်နဲ့ ၀င်လိုက်ပါ..သည်လိုလေးတွေ့မယ်...
အဆင့်  (၁)...........
ပုံထဲမှာလဲ ရှင်းပြထားပြီးမို့ ထူးထွေမပြောတော့ပါဘူးနော်...
အဆင့်  (၂)    .........................
ပုံကို ကလစ်ပြီ အထဲကစာတွေ သေခြာ ဖတ်လိုက်ပါနော်... သေခြာရှင်းထားပါတယ်..
အပေါ်တန်းက ဟာလေးတွေကို လိုသလို စမ်းသတ်ကြည့်ပါ.. ပုံတင်တာတွေ ဗွီဒီယိုတင်တာတို့
ပါတယ်...နောက်တော့ ဖြစ်သွားမှာပါ.. လောလောဆယ် ပို့စ်တင်နိုင်အောင် လေ့ကျင့်ပါ...

အဆင့်  (၃)  ............................
အဆင့် (၃) ကတော့ Html ဆိုတဲ့ ကုဒ်တွေ တင်တဲ့နည်းပါ... ကုဒ်တွေတင်မယ်ဆိုပါက ဦးဆုံး အပေါ်က html ကိုကလစ်ပါ ကျလာတဲ့ ကုဒ်လေေးတွ ဖျက်ပါ.. မိမိတို့ တင်လိုတဲ့ ကုဒ်တွေကို ထည့်ပေးလိုက်ပါ... ပုံရဲ့ ကုးဆိုပါက compose ကလစ်တာနဲ့ ပုံပေါ်လာမယ်... ဇယားလေးတစ်ခု ဥပမာ ပြထားပါတယ်... ဆက်ကြည့်ပါ..

အဆင့်  (၄)......................
အပေါ်က ဇယားကုဒ်လေးထည့်ပြီး compose ကလစ်လိုက်တာ ခုလိုလေးဇယားကွက်လေး ကျလာပါတယ်... အဲအကွက်ဘောင်လေးထဲမှာ မိမိတို့ ကုဒ်တွေကို ထညိ့ပေးလိုက်ပေါ့..စာသားတွေဆိုလဲ ရပါတယ်.. ကော်ပီယူ past ချလိုက်ပါ.. ဘေးက ဆွဲချ ဆွဲတင်တာလေး အလိုလို ပေါ်လာမယ်... ဇယား အပေါ်နဲ့ အောက် မှာ စာသားတွေ ရေးဖို့
မောက်ချမရဘူးဆိုပါက  html ပြန်ကလစ်ပါ... ကုဒ်တွေအပေါ်ဆုံးကနေ နဲနဲ ခြာပြီး စာလေးတလုံးလောက်ရေးခဲ့ပါ... အောက်ဆုံးးလဲ အဲတိုင်းက့ဘဲ... compose ပြန်ကလစ်ပါ.. ရေးထားတဲ့ စာလုံးလေးတွေက နေရာ ယူထားပေးပါလိမ့်မယ်..
အဆင်ပြေတာနဲ့ labels ကို အမျိုးစားထည့်ပါ.... အားလုံးပြည့်စုံတာနဲ့ Publish ဆိုတဲ့ အ၀ါရောင် ထိပ်ကဟာကို ကလစ်လိုက်ပါ  ဘလော့ပေါ်ရောက်နေပါပြီ..

ပို့စ်တင်နည်း ထပ်မံလေ့လာလိုပါက  သည်မှာ     လေ့လာလိုက်ပါ..
ဆိုဒ်ဘားအတွက် ကုဒ်တွေ layout >> java/script ကနေထည့်လိုပါက  သည်မှာ လေ့လာပါ။
ဘလော့အတွက် လိုအပ်သမျှတွေ အလွယ်တကူ ကြည့်လို ရှာလိုက သည်မှာ  သွားလိုက်ပါ။

ကဲဗျာ အချိန်လင့်နေပြီ  အိပ်တော့မယ် အားလုံူး အဆင်ပြေ ကြပါစေလို့ ဆုတောင်းးရင်း.......

ဘလော့ခရီးသည်မှပြန်လည်မျှဝေပါသည်

Template

ဘလော့ပြုပြင်နည်း

မင်္ဂလာပါနော်...ခု တင်ပေးတဲ့ နည်းပညာလေးကတော့ဘလော့ကာ လုပ်စ သူငယ်ချင်းများအတွက် အထူး
ရည်ရွယ်လိုက်တာပါ...   ဘလော့လေးတစ်ခု တည်ဆောက်ပြီး  ဘယ်လို အလန်းဆုံးဖြစ်အောင် ပြုပြင်
ဖန်တီးနိုင်မယ်  ဆိုတဲ့ နည်းပညာလေးပါဘဲ.... လွယ်ကူပေမယ့်  စလုပ်ခါစ  သူတွေအတွက်တော့...
မသိသေးးတော့ ခက်ခဲ  တတ်ပါတယ်.. အဲအတွက်  ကျွန်တော် ရည်ရွယ်ပြီး  ဒါလေးကို  ရေးဖြစ်တာပါ..
ပထမဆုံး  ဘလော့လေးတစ်ခုကို  ပိုင်ဆိုင် ထားပြီပေါ့နော်.. အဲမှာ... ဘယ်ကနေ စလို့  ဘယ်လို ဖန်တီးကြမယ်ဆိုတာပေါ့ါ...စမယ်နော်...
မိမိတို့ ဘလော့ကာ ကနေ template ဆိုတာကလစ်တာနဲ့ အပေါ်ကပုံကို မြင်ရမယ်.. 
အဲမှာ တစ်ခုအရေးကြီးးတာ ရှိပါတယ်.. ဘာလဲဆိုတော့ မိမိတို့ လိုခြင်သော တက်ပလက် ပုံစံကို
ရွေးချယ်ဖို့ပါဘဲ... အပေါ်ပုံပြထားတဲ့ Simple ဆိုတဲ့ အမည် အောက်မှာ သူ့ရဲ့ တက်ပလက် ပုံစံကို တွေ့
ရပါမယ်... အလားးတူဘဲ..အောက်မှာ ကြည့်လိုက်ရင်    အများကြီးးရှိပါတယ်... ကိုယ့်စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ်...
(၁) Simple
(2)  Dynamic Views
(3)  Picture Window
(4)  Awesome Inc.
(5)  Watermark
(6)  Ethereal
(7) Travel  စသည့် အမည်တွေနဲ့
တက်ပလက်မျိုးစုံကိုတွေ့မြင်ကြရမှာပါ  အဲထဲကနေ မိမိ နှစ်သက်ရာ တခုခုကို ရွေးလိုက်ပါ။.
ကျွန်တော့်အကြိုက်ဆုံး ဒီဇိုင်းကတော့  နံပါတ် (4)  Awesome Inc. ကိုပါ... သူကဆိုဒ်ဘား ပို့စ်ဘော်ဒီတွေကို  လှပသေသပ်စွာ  ဘောင်လေးတွေ ခတ်ပေးနိုင်ပါတယ်.. များသောအားဖြင့်တော့
ဘလော့ကာတော်တော်များများက  လာလာပြီးမေးတတ်ကြတဲ့ပြဿနာက  တက်ပလက်ကို ဘောင်လေး ဇယားလေးတွေနဲ့ လုပ်ခြင်လို့ပါဆိုတဲ့ ပြဿနာကိုပါဘဲ... ဒါဆို 
(4)  Awesome Inc.ကိုရွေးချယ်လိုက်တာနဲ့  အဆင်ပြေပါပြီ...နော်  ကဲဆက်ကြည့်လိုက်ပါ။
ရွေးပြီး အတည်ပြုပြီးတာနဲ့ အောက်ကအဆင့်တွေအတိုင်း စလိုက်ပါတော့။။။
       အဆင့်   (၂)  အနေနဲ့  အပေါ်ပုံ ကျလာပြီ  ဆိုတဲံအခါ မှာ... Customise ဆိုတာကိုကလစ်ပေး
လိုက်ပါ... အဲနေရာမှာ ဘဲ  မိမိစိတ်ကြိုက်  တက်ပလက် တွေကို ရွေးးမယ်ဆိုလဲ ရွေးချယ်နှိုင်ပါတယ်နော်.
 အဆင့်  (၃)  အနေနဲ့  ကေတာ့.. အပေါ်ပုံကို က်ြည့လိုက်ပါ.. ဘေးက layout ဆိုတာကလစ်ပြီး
မိမိတို့ ဆိုဒ်အတွက်  ဆိုဒ်ဘားး ပုံစံ ဒီဇိုင်းတွေ ရွေးချယ်လိုက်ပါ  ဘယ်ညာ ထားးမလားးး
ညာတစ်ခု ဘဲလားးးး...  ဆိုတာ ရွေးပေးပေါ့.... လိုခြင်တာ ကို စိတ်ကြိုက် ရွေးးပြီး Apply to Blogs ကို
ကလစ်ပေးလိုက်ပါ..
 အဆင့်  (၄)  အနေနဲ့  အပေါ်ပုံကို က်ြည့လိုက်ပါ... မိမိတို့ တက်ပလက်ကို ကျယ် နိုင် ကျဉ်းနိုင်တဲ့
နေရာလေးပေါ့... ဘေးက အနီပြထားတဲံ Adjust widths ဆိုတာကိုကလစ်ပြီး  လိုအပ်သလို
ချဲ့နိုင်  ပါတယ်...
  အဆင့်   (၅)  အနေနဲ့... ကတော့ နောက်ဆုံးးလုပ်ဆောင်ချက်  အရ... မိမိတို့ ဘလောလေ့း လှပသေသပ်ဖို့  ကာလာတွေ  ချိန်ကြမယ်.... စာလုံးးဆိုဒ် အရွယ်အစားတွေ  ပြောင်းကြမယ်  ပေါ့
ဘေးမှာ အနီပြထားးတယ်  အဲကနေ တစ်ခုချင်းဆီ  ကလစ်ပြီး  ပြင်ပေးလိုက်ပါ. သည်နေရာ ကိုရောက်ဖို့ဆိုတာက  ဘေးက Advanced ဆိုတာကလစ်ပြီး  သွားရမှာ ဖြစ်ပါတယ်....နော်..
သည်နေရာရောက်တာနဲ့  ဘလော့လေးး လှပသေသပ်ဖို့  ကြိုက်သလို  ကလိပေတော့ဗျာ....
             ခေါင်းစဉ်ကာလာ  တွေ... ဆိုဒ်ဘားကာလာတွေ  လင့်ကာလာတွေ  အမျိုးမျိုး  ဖန်တီးနိုင်ပါတယ်....နော်..ဘလော့  စတင် ဖွင့်နည်းကိုတော့ စာအုပ်တွေ ရော အရင်ကလည်းတင်ခဲ့ဘူးးလို့  သည် နည်းလေးကတော့  အလွယ်ကူဆုံး  ဘလော့လေးကို  ပြုပြင်နည်း
အနေနဲ့   တင်ပေးလိုက်ရတာပါ..
တကယ်လို့  မရှင်းးတာ မသိတာရှိခဲ့ ရင်  cbox မှာ  အော်ခဲ့နိုင်ပါတယ်...

ဘလော့ခရီးသည်မှပြန်လည်ဖော်ပြသည်