Drag Racing .apk


ကားမောင်းတာဝါသနာပါတဲ့သူငယ်ချင်းများအတွက် ပြိုင်ကားမောင်းတဲ့ဂိမ်းလေးကို တင်ပေးလိုက်ပါတယ် အင်တာနက်ကွန်နရှင်ရှိရင်တော့ ပိုပြီးဆော့လို့ကောင်းတယ်ဗျ ကားမောင်းပြိုင်းလို့နိုင်ရင် $ & Rp ရတယ် ရလာတဲ့ $ နဲ့ကားဝယ် အဆင့်မြင့် အဆင့်မြင့်တဲ့နေရာမှာ Rp ပေးရပါတယ် အင်တာနက်ကွန်နရှင်ရှိရင်တော့ Rp များများရအောင်ဆော့လို့ရတယ် Wifi Free ရှိတဲ့လူတွေအတွက် အဆင်ပြေတာပေါ့

လိုချင်ရင်တော့  ဒီမှာဒေါင်းပါ


Slide Show Maker Apk


ဒါလေးကတော့ Effect တွေတော့မပါဘူး လုပ်ရတာရိုးရိုးရှင်းရင်းလေးပါ သုံးရတာလွယ်ကူတယ် ဘာကွန်နရှင်မှမလိုဘူး သုံးနည်းကတော့လွယ်လို့ ပြောမပြတော့ပါဘူး
လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါ


CCTV ကင်မရာတစ်လုံးအား UTP Cable ဖြင့်တပ်ဆင်နည်း ( Ebook - မြန်မာလို )

ကျွန်တော်တို့ရဲ့အစ်ကိုလည်းဟုတ်..ဆရာလည်း ဟုတ်တဲ့ ဆရာဦးဇာနည် ရေးသားသည့် CCTV ကင်မရာတစ်လုံးအား UTP Cable ဖြင့်တပ်ဆင်နည်း ဆိုတဲ့စာအုပ်လေးဘဲဖြစ်ပါတယ်.. အဖိုးတန်တဲ့စာအုပ်ကောင်းလေးတစ်အုပ်လည်းဖြစ်ပါတယ်ခင်ဗျာ :)


ဖုန်းနဲ့ Slideshow လုပ်ချင်သူများအတွက်


ဖုန်းနဲ့ Slideshow လုပ်ချင်သူများအတွက် ကိုယ်ချစ်သူပုံလေးတွေကို သီချင်းနောက်ခံထားပြီး Slideshow လုပ်ချင်တာဘဲဖြစ်ဖြစ် ကိုယ်ရဲ့အမှတ်တရဓါတ်ပုံတွေကို လုပ်ချင်တာဘဲဖြစ်ဖြစ် လုပ်လို့ရအောင် တင်ပေးလိုက်ပါတယ် Internet ရှိဖို့တော့လိုတယ်နော် ဒါက Effect လေးတွေပါလို့အဆင်ပြေမယ်ထင်လို့တင်ပေးလိုက်ပါတယ် နောက်တစ်ခုရှိပါတယ်သူက Internet မရှိလည်းရတယ် ဒါပေမယ့် Effect မပါဘူးရိုးရိုးဘဲ နောက်တော့တင်ပေးမယ် အခုဒါလေးလိုချင်ရင်တော့


ငါWall ပေါ်မှာငါတင်ချင်တာတင်မယ်


ဒီ post ရဲ့ ခေါင်းစဉ်လိုမျိုး facebook status တွေ မကြာခဏ တွေ့မိကြမယ်ထင်ပါတယ်။ ဒီလို status တွေကြောင့်လည်း အပြင်က သူငယ်ချင်းအရင်းကြီးတွေ Facebook သုံးပြီးခါမှပဲ သူစိမ်းတွေဖြစ်ကုန်ကြပါတယ်။ အဲဒီလိုဖြစ်ရ
တဲ့အကြောင်းက နှစ်ယောက်လုံးက facebook ကို မကျွမ်းကျင်လို့ပါ။

 Facebook ကို ကျွမ်းကျင်မယ်ဆိုရင် တင်တဲ့လူကလည်း ကိုတင်ချင်တာ တင်လို့ရမယ်၊ ကြည့်မယ်လူကလည်း ကိုယ့်ဆီမှာ ဘယ်လိုအကြောင်းအရာတွေပဲ လာပေါ်
ရမယ်ဆိုတာ သတ်မှတ်လို့ရတယ်။ ဒီတော့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ပျက်စရာမလိုတော့ဘူးပေါ့။
အရင်ဆုံးပြောချင်တာက ကိုယ့်အကောင့်ထဲမှာ လူတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့ သူတစ်ယောက်တည်းကပဲ တင်တဲ့ status တွေက ကိုယ့်ဆီမှာ လာပေါ်နေရသလဲဆိုတာပါ။

ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အပြင်မှာလည်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် facebook သုံးတယ်ဆိုပါစို့၊ friend လည်း အဒ်ထားတယ်။ ပထမတော့ ကိုယ့်သူငယ်ချင်းကြီးဆိုပြီး တင်သမျှ အကုန် like၊ comment တွေပေး၊ facebook မှာတွေ့ရင်လည်း chat ပေါ့ဗျာ၊ အဲဒီလို သူ့ post ကို like ထားဖူး၊ comment ပေးထားဖူး၊ chat ထားဖူးရင် facebook က အဲဒီလိုလူနှစ်ယောက်ကို အပြင်မှာရင်းနှီးတယ်လို့၊ ပိုခင်တယ်လို့ ယူဆပြီး သူတင်တဲ့ post ကို ပိုပြပေးတာ။

 ဒါပေမယ့် နောက်ကျတော့ ဒီကောင်က နည်းနည်းလွန်လာပြီ၊ ထမင်းစားလည်းတင်၊ အပြင်သွားလဲတင်၊ checkin တွေလည်းဝင်၊ feeling တွေ watching တွေလည်းလုပ်၊ အိပ်ယာထလည်းတင် ဆိုတော့ မျက်စိနောက်လာကော၊ ဒါနဲ့ သူငယ်ချင်းအချင်းချင်းဆိုတော့ unfriend လည်းမလုပ်ချင်တော့ အရိပ်အမြွက်လေးပြောလိုက်တယ်၊
မင်းကွာ .. တစ်နေ့တစ်နေ့ ဘာတွေတင်မှန်းလည်းမသိဘူး၊ ငါ့ဆီမှာ လာပေါ်တာ ရှုပ်နေတာပဲ
ဆိုတော့ သူငယ်ချင်းကလည်း သဘောပေါက်တယ်၊ ဒါပေမယ့် လက်မခံနိုင်ဘူး၊ ပထမတော့ ဘာမှမပြောဘဲနေလိုက်တယ်။ ဒါပေမယ့် တင်တာတော့မလျှော့ဘူး၊ မလျှော့တော့ နောက်တစ်ကြိမ် အပြောခံရကော၊ ဒီတစ်ခါတော့ သူလည်း
ဒေါသထွက်လာပြီးတော့
ငါ့ဝေါမှာငါတင်တာကွာ၊ မင်းမမြင်ချင်ရင် unfriend လုပ်သွား၊ block သွားလည်း ဘာမှမဖြစ်ဘူး၊ ငါစိတ်မဆိုးဘူး
စိတ်မဆိုးဘူးသာပြောတာ၊ တစ်ကယ်လုပ်ကြည့်ပါလား၊ အပြင်မှာပါ မိတ်ပျက်ကုန်မယ်။ အဲဒါနဲ့ သူတင်တာတွေကို သည်းမခံနိုင်ရာကနေ သူက ဒီလိုပါပြောလာတော့ ဒေါသငယ်ထိပ်ရောက်ပြီဆိုပါတော့၊ ဒါပေမယ့်
မကောင်းတတ်လို့ unfriend လောက်ပဲလုပ်လိုက်တယ်။ ဒါပေမယ့် အပြင်မှာ အခေါ်အပြောမလုပ်ကြတော့တဲ့အထိ ဖြစ်သွားရော။ ဒီလိုနဲ့ တစ်ကယ်အပြင်က သူငယ်ချင်းတွေ Facebook ကြောင့် မိတ်ပျက်ကုန်လို့၊ facebook က အရင်တုန်းကတည်းက လုပ်ထားပေးတာ တစ်ခုရှိတယ်။ အဲဒီတုန်းကတော့ သူငယ်ချင်းဝေါကိုသွားပြီးတော့ Show in news feed ဆိုတာလေးကို အမှန်ခြစ်လေး ဖြုတ်ထားရတာ။ ဒါပေမယ့် အဲဒါက လူမမြင်လို့ထင်တယ်။ Facebook က follow နဲ့ unfollow ဆိုတာကို အသစ်လုပ်ပေးလိုက်ပါတယ်။ အသစ်ဆိုပေမယ့် ကြာပါပြီ။

 ဒါပေမယ့် ကျွန်တော့်ပတ်ဝန်ကျင်မှာ ဒီလို ပြဿနာတွေ တွေ့နေရလို့ အခုမှ ပြန်တင်ပေးလိုက်တာပါ။ တင်တဲ့အခါမှာလည်း နှစ်ဖက်လုံးအတွက် အဆင်ပြေအောင် တင်ပေးမှာပါ။
ပထမကတော့ သူငယ်ချင်းဆီက post တွေ မမြင်ချင်တော့တဲ့လူတွေ အတွက်ပါ။ သူ့ post တွေ မမြင်ချင်ရင် သူ့ကို သွားပြောဖို့ မလိုပါဘူး။ အရင်ဆုံး မမြင်ချင်တဲ့လူရဲ့ wall ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံမှာ ဝိုင်းပြထားတဲ့ Following ဆိုတာလေးကို နှိပ်လိုက်ပါ။ Follow လို့ ပြန်ပေါ်နေပါလိမ့်မယ်။ အဲဒါဆိုရပါပြီ။ သူ့ တင်သမျှ ကိုယ့်ဆီမှာ မတက်တော့ပါဘူး။
နောက်တစ်နည်းကတော့ ကိုယ်တင်တာတွေ များနေတယ်လို့ အပြောခံရတဲ့ လူတွေအတွက်ပါ။ အရင်ဆုံး တင်တာများနေပြီ၊ ငါ့ဆီမှာ လာပေါ်တာရှုပ်နေတာပဲ လို့ ပြောတဲ့သူရဲ့ wall ကိုသွားလိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း Friends ဘေးက down arrow လေးကိုနှိပ်ပြီး၊ Acquaintances ကိုနှိပ်လိုက်ပါ။
ပီးရင် ကိုယ် post တင်တော့မယ်ဆိုရင် အောက်ကပုံထဲကအတိုင်း post visibility setting မှာ “Friends except acquaintances” ဆိုတာကို ရွေးပြီး တင်လိုက်ပါ။

ဒါဆို ကိုယ်နဲ့ friend ဖြစ်တဲ့သူ အားလုံးမြင်ရပါမယ်။ ဒါပေမယ့် Acquaintances ထဲက လူတွေကတော့ Freind ဖြစ်ပေမယ့် မမြင်ရပါဘူး။ အဲဒါအပြင် ဒီနည်းလမ်းနှစ်ခုလုံးကို လုပ်တာဟာ တစ်ဖက်ကလူကို အဲဒီလိုလုပ်ထားတယ်ဆိုတာ မသိစေတဲ့အတွက် အပြင်မှာလည်း မိတ်မပျက်သလို Facebook ကိုလည်း စိတ်ကြိုက်သုံးနိုင်မှာပါ။

Credit :  http://www.myanmarwebdesigner.com



Internet Download Manager 7.1


Fake Serial Number ခဏခဏပေါ်နေလို့စိတ်ညစ်နေသူများအတွက် IDM 7.1 ကိုတင်ပေးလိုက်ပါတယ် ဒါကတော့ ဒီဇိုင်းလေးပြောင်းသွားတဲ့အပြင် Fake Serial Number မပေါ်တော့ပါဘူး သုံးရတာလည်းကောင်းပါတယ် 
အလုပ်မအားလို့မတင်ဖြစ်တာကြာသွားတဲ့အတွက် တောင်ပန်ပါတယ် ဒီနေ့ကစပြီးပြန်တင်ပါတော့မယ်


အခွေထုတ်ချင်သူများနဲ့ ဓာတ်ပုံနောက်ခံ သီချင်းလုပ်ချင်သူအတွက်ဆော့ဝဲ

 

ဒီဆော့ဝဲလေးက ဓာတ်ပုံနဲ့ သီချင်းလုပ်ချင်ရင် အခွေထုတ်ချင်ရင် လက်ဆောင်ပေးဖို့ 

ချစ်သူများနေ့ အမှတ်တရ လုပ်ချင်သူများ အသုံးပြုဖို့ တကယ့်အကောင်းဆုံး ဆော့ဝဲ

သုံးဖူးသမျှတွေထဲမှာ  ဒီတစ်ခုကို  သဘောအကျဆုံး  ဒီဇိုင်းတွေ အဆန်းသစ်ဆုံးပဲလို့ 

ထင်မိပါတယ် မြန်မာစာ ရေးချင်တာလည်း အဆင်ပြေတယ် စာတန်းထိုးဖို့ လှတယ်

Flash Maker လိုပဲ Animation အရုပ်လေးတွေနဲ့ ကလိလို့ ရတယ် နောက်ခံ Effect

ထည့်မယ်ဆိုလည်း Animation လေးတွေ ခရီးသွားတတ်သူတွေ အတွက်ဆိုရင်လည်း

အဆင်ပြေတယ် ဘာလို့ လည်းဆိုရင် ဓာတ်ပုံတစ်ပုံချင်းစီကို မြန်မာစာတန်းဖို့ ပေးဖို့ 

အရမ်းအဆင်ပြေတော့ အမှတ်တရ ရိုက်လာတဲ့ နေရာလေးတွေ စကားလေးတွေထဲ့

အဆင်ပြေအောင်လုပ်လို့ ရတယ် ။ ချစ်သူများနေ့ အမှတ်တရ  ပေးချင်သူတွေလည်း

အဆင်ပြေနိုင်တယ် သုံးသမျှဆော့ဝဲတွေထဲမှာ သဘောအကျဆုံး ဆော့ဝဲတစ်ခုပဲ...။

ဒီမှာဒေါင်းပါ

iPhone_iPad = IOS တွေကိုင်သူများအတွက် အသုံးဝင်ဆုံး ဆောင်ထားသင့်တဲ့ နည်းပညာစာအုပ်

iPhone (ios) ကို ကျွမ်းကျင်စွာ ထိထိရောက်ရောက် အသုံးပြု နိုင် ဖို့
=============================
စာအုပ်လေးတစ်အုပ် ကို free 4 Ios( www.facebook.com/free4iosapp)

ဆို တဲ့ပေ့လေးးကတွေ့လို့ပြန်မျှဝေပေးလိုက်ပါတယ်

iPhone User တွေအတွက် တစ်ကယ် အသုံးးဝင်တဲ့စာအုပ်ကောင်းတစ်အုပ်ပါ

အောက်မှာဒေါင်းးနိုင်ပါတယ် 

ဘလော့ကာတစ်ယောက်အတွက်သိသင့်စရာထွေထွေရာရာ

 
 ဘလော့စလုပ်သူတွေအတွက် သိသင့်သောအချက်အလက်များကို ရေထားတာတွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ်။