TeamViewer


TeamViewer software ဆိုတာ နာမည်ကြီး remote software တစ်ခုပါ။ တော်တော်များများလဲ သိကြပါတယ်။

ကျွန်တော်ကိုယ်တိုင်လဲ အသည်းဆွဲပါပဲ။ အရမ်းကြိုက်ပါတယ်။ အမြဲတမ်းလဲ အသုံးပြုနေရပါတယ်။ ဒီ software က ဘယ်လို နေရာတွေမှာ အသုံးဝင်လဲ ဆိုရင် ဥပမာ USA က မိတ်ဆွေ တစ်ယောက်က သူ့ computer မှာ error ရှိနေတယ်။ သူကိုယ်တိုင်လဲ မဖြေရှင်းတက်ဘူး။ ဒီကနေ ပြောပြဖို့လဲ အဆင်မပြေဘူးဖြစ်နေတယ်။ ဒါဆို လွယ်ပါတယ်။ သူ့ကို TeamViewer QS ဆိုတဲ့ exe လေး ပို့ပေးပြီး run ခိုင်းလိုက်ပါ။ ပြီးရင် ID နဲ့ Password ကိုတောင်းပြီး internet connection ရှိနေတဲ့ မည်သည့်နေရာကနေ မဆို သူ့ computer ထဲကိုဝင်ပြီး ပြုပြင်ပေးနိုင်ပါတယ်။

service သမားတွေအတွက်လဲ အရမ်းကို အသုံးဝင်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လဲ service engineer တွေ၊ Network Administrator တွေက ဒီ software ကို အသုံးပြုကြပါတယ်။ ကျွန်တော် ဆရာစံလမ်းက ဗီယနမ် သံရုံးကို network ပြဿနာ တစ်ခုနဲ့ ရောက်တုန်းကဆိုရင် တချို့ ပြဿနာတွေကို ဗီယနမ်က network administrator က TeamViewer Software ကိုသုံးပြီး ရန်ကုန်က server ထဲကို ၀င်ပြင်ပေးပါတယ်။ ဒါက ကျွန်တော့် ကိုယ်တွေ့တစ်ခုကို ပြောပြတာပါ။

TeamViewer Software ကို www.teamviewer.com ကနေ download ရယူနိုင်ပါတယ်။ Operaing System အနေနဲ့လည်း အောက်ပါ OS တွေကို support လုပ်ပါတယ်။

Windows

1. Windows 98/NT(Service Pack 6a, at least IE 5.5)/Millennium Edition
2. Windows 2000/XP/Vista/7
3. Windows Server 2000/2003/Home Server/Server 2008/Server 2008R2/Home Server 2011

Mac OS

1. Mac OS X 10.4 and later (including Mountain Lion)

Linux

1. Red Hat, Fedora, Suse, Mandriva, Debian and Ubuntu

Mobile devices

1. TeamViewer for Remote Control: iOS (for iPad please use HD App), Android version 1.6 and later

1. TeamViewer for Meetings: iOS, Android version 2.2 and later

TeamViewer QuickSupport: Android version 2.3 and later on Samsung devices with original Samsung firmware

TeamViewer ကိုအသုံးပြုဖို့အတွက် Security အနေနဲ့အဆင်ပြေပါ့မလား မယုံကြည်နိုင်အောင် ဒွီဟ ဖြစ်နေခဲ့ရင် ဒီလင့် ကို သွားကြည့်လိုက်ပါ။ Security အနေနဲ့ကလဲ ထောက်ခံမှု၊ အသိ့အမှတ်ပြုမှုတွေ အပြည့်အ၀ ရရှိထားပါတယ်။ TCP Port 5938 ကိုအသုံးပြုထားပါတယ်။

How to control computers remotely with Android Phone (or) tablets

ကျွန်တော်အခု အရေးပေါ် အခြေနေ တစ်ခုအတွက် အသုံးပြုနိုင်ရန် မိမိရဲ့ Android Phone (or) Tablets ကနေ Computer ထဲကို ၀င်ပြီးပြုပြင်တဲ့နည်းကို ရေးပါ့မယ်။ 

တစ်ခြား computer to computer ၊ Ipad to computer စသည်ဖြင့် တခြားနည်းတွေကလဲ အတူတူပါပဲ။ ဒီသဘောတရားအတိုင်းပါပဲ။

Step (1) ပထမဆုံး ဒီလင့် ကိုသွားလိုက်ပါ။ မိမိရဲ့ Android OS အတွက် ပုံမှာ ပြထားတဲ့ teamviewer.apk ကို download ဆွဲလိုက်ပါ။

Step (2) ပြီးရင် Android OS ထဲမှာ install လုပ်ပြီး software ကိုဖွင့်ထားလိုက်ပါ။ internet conneciton ရှိနေဖို့တော့ လိုပါတယ်။

Step (3) ဒီအပိုင်းကတော့ ကိုယ်လှမ်းဝင်မဲ့ computer ဘက်က လုပ်ရမဲ့ အပိုင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် computer ထဲကို အ၀င်ခံရမဲ့ သူကိုယ်တိုင် လုပ်ရမှာပါ။

ဒီလင့် ကိုသွားလိုက်ပါ။ အဲဒီမှာ မိမိရဲ့ Operating System ပေါ်မှုတည်ပြီး TeamViewerQS ဆိုတာကို download ဆွဲလိုက်ပါ။ ပုံမှာတော့ ကျွန်တော်က windows OS အတွက်ပဲ ပြထားပါတယ်။ 

အကယ်၍ မိမိ ၀င်မဲ့ computer က တစ်ခြား နိုင်ငံ တစ်ခုခုမှာ ဖြစ်နေခဲ့မယ်ဆိုရင်လဲ အဆင်ပြေပါတယ်။ Link ပေးပြီး သူ့ကို download ဆွဲခိုင်းလိုက်ပေါ့။ download ဆွဲပြီးသွားပြီဆို၇င်တော့ TeamViewerQS ကို Double Click နှိပ်ပြီး Run လိုက်ပါ။ အဲဒီမှာ ခဏ စောင့်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်း your ID No နဲ့ Password ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဒီ Noumber နှစ်ခုကို ကိုယ့် computer ထဲကို ၀င်မဲ့ တဖတ်လူကို ပေးရပါမယ်။

Step (4) မိမိရဲ့ Android Phone (or) Tablet က TeamViewer Software ကနေ ပထမဆုံး အပေါ်က Your ID No ကို ထည့်ပြီး Connect လုပ်လိုက်ပါ။ password တောင်းရင် အောက်က password ကို ထည့်ပေးရပါမယ်။ အဲဒါဆို အဆင်ပြေသွားပါပြီ။ တဖတ်လူရဲ့ computer ထဲကို ရောက်သွားပါလိမ့်မယ်။

မှတ်ချက် ။ ။ ကိုယ်လှမ်းဝင်မဲ့ computer က တခြား နိုင်ငံမှာ ရှိနေခဲ့မယ်ဆိုရင်တော့ သူ့ဆီက အဲဒီ Your ID No နဲ့ Password ကို Gtalk (or) Phone ဒါမှမဟုတ်ရင်လည်း တစ်ခြား communication software တစ်ခုခုကနေ လှမ်းတောင်းရမှာပေါ့။

စိတ်ဝင်စားလို့သုံးချင်သူများအတွက်အောက်မှာ ဒေါင်းလုပ်နိုင်ရန်လင့်ပေးထားပါတယ်။

0 comments:

Post a Comment