မိမိဖုန်းက internal memory တိုးနည်း


မိမိဖုန်းက internal memory နဲနဲလေးပါတဲ့ဖုန်းဆို အရမ်းစိတ်ညစ်ရပါတယ်...app နဲနဲလေးထည့်လိုက်တာနဲ့ပဲ
ပြည့်သွားပါတယ်... link2Sd တွေကလည်း အာရုံနောက်ပါတယ် ဟီး
လိုအပ်ချက်:-

1. ဖုန်းက Root လုပ်ထားရပါမယ်
2.Root Explorer လေးလိုပါတယ်..
ပြုလုပ်ပုံအဆင့်ဆင့် :-

1. Root Explorer ကိုဖွင့်လိုက်ပါ။
2.  system/etc folder ဆီသွားပါ..ထိပ်နားလေးက rw(read/write) ကို touch လုပ်ပြီး mount လုပ်ပါ
3.  vold.fstab file လေးကိုရှာပြီး SD card ထဲကို ကော်ပီလုပ်ပါ။
4. ဒီအဆင့်က Text Editor တစ်ခုခုနဲ့လုပ်နိုင်ပါတယ် ကျွန်တော်က pc ပဲအားရလို့ pc နဲ့လုပ်ပါတယ်
5. အောက်ကစာသားလေးတွေကိုရှာပါ။ မျဉ်းတားပြထားပါတယ်

How to Increase Internal Memory of Android How to Increase Internal Memory of Android
6.  sdcard ဆိုတဲ့နေရာကို ext_card လို့ပြင်ရေးပါ ext_card ကိုတော့ sdcard ဆိုပြီး ပြင်ရေးလိုက်ပါ။အောက်ကအတိုင်းပြန်ဖြစ်သွားပါတယ်။.

How to Increase Internal Memory of Android1 How to Increase Internal Memory of Android
7. ပြီးရင် ဖုန်းက  system/etc ကိုပြန်သွားပြီး vold.fstab file ကို  vold.fstab.old  လို့ပြောင်းလိုက်ပါ။
8.စောစော Text တွေ Edit လုပ်ခဲ့တဲ့ vold.fstab file ကို ဒီနေရာမှာ paste လုပ်လိုက်ပါ။ပြီးရင် အဲ့ဖိုဒါပေါ်ကို ခပ်ကြာကြာလေးဖိပြိး “rw_r_ _r_ _”  permission လေးယူပါ။
9. ပြီးရင် ဖုန်းကို Reboot ချလိုက်ပါ။
အကုန်ပြန်ပြောင်းမယ်ဆို အသစ်ထည့်ထားတဲ့vold.fstab file ကိုဖျက်ပြီး နာမည်ပြောင်းထားတဲ့ vold.fstab.old fileကို  vold.fstabလို့ပြောင်းလိုက်ရုံပါပဲ ... Reboot ချပေးလိုက်ပါနော်
ဒါပါပဲ
ကျွန်တော် Huawei Y220t လေးမှာ လက်တွေ့စမ်းသပ်ထားပါတယ်
အမှားပါသွားရင် တောင်းပန်ပါတယ်

0 comments:

Post a Comment