ဟာသများ

ခေါင်းစဉ်ကြည့်ကတည်းက သိသာပါတယ်။ ဒီပို့စ်ဟာ ရိုင်းရင်လည်းရိုင်းမယ်။ အဓိပ္ပါယ်မဲ့ရင်လည်း မဲ့မယ်။ အဆဲခံထိရင်လည်း ထိမယ်။ ဒါပေမယ့် ပြုံးဖြစ်မယ်လို့ထင်ပါတယ်။ (မပြုံးလည်းရပါတယ်..အတုတော့မခိုးပါနဲ့






(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားကမီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားကရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

(၂) လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း

ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။

"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။

(၃) တိုက်ဆိုင်တဲ့ တိတ်တိတ်ပုန်း

အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ တိတ်တိတ်ပုန်းနေတယ်။ အဲဒီမှာ ရုတ်တရက် ယောက်ျားကားသံကြားတော့ မိန်းမက "နင့်အဝတ်အစားတွေ မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့" လို့ ပြောတယ်။

"အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ" တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။

"ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ သွား.. သွား..."

မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ပြတင်းပေါက်က ခုန်ချလိုက်တာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြားထဲရောက်သွားခဲ့တယ်။

မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။

"ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား"

"ဟုတ်ကဲ့ .. ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာ"

"ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား"

"ဟုတ်ကဲ့... ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရပါတယ်"

"ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား"

"မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ"

(၄) ပဟေဠိ တိတ်တိတ်ပုန်း

ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။

နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေများနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"

(၅) မေ့မရတဲ့ တိတ်တိတ်ပုန်း

လူတစ်ယောက် .. သူက အလောင်းတွေ အခေါင်းထဲမထည့်ခင် ရေချိုး၊ စစ်ဆေးမှုတွေ ပြုပေးရတဲ့လူဖြစ်တယ်။ တစ်ခါက ဦးခင်ရဲ့အလောင်းကို ရေချိုးစစ်ဆေးနေတုန်း အံ့သြစရာတစ်ခု သူသွားတွေ့တယ်။ အဲဒါက ဦးခင်ရဲ့မွေးရာပါဟာ သာမန်ထက် ကြီးနေလို့ဖြစ်တယ်။ ဒါနဲ့သူက "ဦးခင်.. ဦးခင်.. ကန်တော့ပါနော်။ ခင်ဗျားကို ကျွန်တော် ဒီအတိုင်း မီးသင်္ဂြိုလ်လိုက်လို့မဖြစ်ဘူး။ ခင်ဗျားရဲ့ ထူးခြားတဲ့မွေးရာပါကိုတော့ နောက်လူတွေတွေ့မြင်နိုင်ဖို့ ခင်ဗျားချန်ခဲ့မှဖြစ်မယ်" ဆိုပြီး ဦးခင်ရဲ့မွေးရာပါကို ဖြတ်ထားခဲ့လိုက်တယ်။

အဲဒီနောက် အိမ်ပြန်ရောက်တော့ မိန်းမကိုပြချင်တာနဲ့ "မိန်းမရေ.. မိန်းမရေ.. ဒီမှာလာကြည့် နင်လုံးဝ မယုံနိုင်တဲ့ပစ္စည်းတစ်ခု ငါပြမယ်" ဆိုပြီး အထုပ်ကို ဖြည်ပြလိုက်တယ်ဆိုရင်ပဲ မိန်းမက ထအော်တယ်။

"အမလေး... ဦးခင်ကြီး သေသွားပြီလား!"

(၆) မတော်တဆ တိတ်တိတ်ပုန်း

ငယ်ရွယ်တဲ့ လင်မယားနှစ်ဦးမှာ လှပတဲ့သမီးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက် ထပ်မွေးဖို့သူတို့မျှော်လင့်ခဲ့ကြတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး လအနည်းငယ်ကြိုးစားလိုက်တော့ မိန်းမမှာကိုယ်ဝန်ရှိသွားခဲ့တယ်။(၉)လနေပြီးနောက် မိန်းမက သားယောက်ျားလေးတစ်ဦးမွေးခဲ့တယ်။ ယောက်ျားလုပ်သူက ဝမ်းသာအားရ ကလေးခန်းထဲပြေးဝင်ပြီး အခုမှ အမေ့ဝမ်းကကျွတ်လာတဲ့ သားလေးကိုသွားကြည့်ခဲ့တယ်။ ဒါပေမယ့် အရမ်းရုပ်ဆိုးတဲ့ သားကိုတွေ့တော့ သူလန့်သွားခဲ့တယ်။ ဒါနဲ့မိန်းမဆီသွားပြီး ဒေါသတကြီးနဲ့ "ငါ့နောက်ကွယ်မှာ မင်းခိုးစားခဲ့တာလား!" လို့မေးတယ်။ မိန်းမက အချိုသာဆုံးပြုံးပြီး "ဟင့်အင်း... ဒီတစ်ခေါက် မဟုတ်ဘူး" လို့ဖြေလိုက်တယ်။

(၇) အူတူတူ တိတ်တိတ်ပုန်း

ဦးလှအိမ်ပြန်ရောက်တော့ သားက ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေတယ်။

"နင့် အမေရော!"

"မေမေ အိပ်ခန်းထဲမှာ...."

အိပ်ခန်းထဲ ဦးလှပြေးဝင်ကြည့်တော့ ကုတင်ပေါ်မှာ ချွေးတစို့စို့နဲ့ အမောဖောက်နေတဲ့ မိန်းမကိုတွေ့လိုက်တယ်။ ချွေးသုတ်ဖို့ ရေချိုးခန်းထဲ တဘက်ဝင်ယူတော့ ရေချိုးခန်းထဲမှာ တုံးလုံးကြီးရပ်နေတဲ့ ဘေးအိမ်ကဦးမြကို ဦးလှတွေ့လိုက်တယ်။

"ခင်ဗျားဗျာ.... ကျုပ်မိန်းမ နှလုံးရောဂါထနေတာကို မပြုစုဘဲ တုံးလုံးကြီးချွတ်ပြီး ကျုပ်သားကို ခြောက်နေရသလားဗျာ"

(၈) အံဝင်ခွင်ကျ တိတ်တိတ်ပုန်း

လူတစ်ယောက်က သူ့သေနတ်ပေါ် မှန်ပြောင်းတစ်လက်တပ်ဖို့ မှန်ပြောင်းရောင်းဆိုင် တစ်ဆိုင်နား ရောက်လာခဲ့တယ်။

"ဒီမှန်ပြောင်းက အရမ်းမိုက်တယ်။ ဒီကနေ ဟိုးတောင်ကုန်းပေါ်က အိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်" ဆိုင်ရှင်က မှန်ပြောင်းတစ်ခု ထုတ်ပြပြီးပြောတယ်။

"ဟုတ်လား!" မှန်ပြောင်းဝယ်သူက ဆိုင်ရှင်ပြောတဲ့ဖက် မှန်ပြောင်းယူပြီးကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် တဟားဟား ထရယ်တယ်။

"ခင်ဗျား ဘာရယ်တာလဲ!"

"အဲဒီအိမ်ရဲ့ အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တုံးလုံးကြီး ကျွန်တော်တွေ့လိုက်တယ်"

ဆိုင်ရှင်က မှန်ပြောင်းကို ဆတ်ခနဲ့ဆွဲယူပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဒေါသတကြီးနဲ့ ကျည်ဆံနှစ်တောင့်ယူလိုက်တယ်။

"အဲဒါ ကျုပ်အိမ်ဗျ... ကျုပ်မိန်းမရဲ့ခေါင်းနဲ့ ဟိုကောင်ရဲ့မွေးရာပါကို ဒီကျည်နှစ်တောင့်နဲ့ ခင်ဗျားပစ်နိုင်ရင် ဒီမှန်ပြောင်း ခင်ဗျားကို အလကားပေးမယ်ဗျာ"

ဝယ်တဲ့သူက မှန်ပြောင်းနဲ့ သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျားသိလား! ဒီကျည်တစ်တောင့်ထဲနဲ့ လုံလောက်တယ်"

မှတ်ချက်..... တကယ်လို့ ဒီ "တိတ်တိတ်ပုန်းဟာသ" က ရယ်ရတယ်ဆိုခဲ့ရင် တိတ်တိတ်ပုန်းပြီး မရယ်ပါနဲ့... သူငယ်ချင်းတွေကို မျှဝေပြီး အားပါးတရရယ်ပေးပါ။

၂၀၁၃ သင်္ကြန်စာ
==========

သိကြားမင်းသည် ချယ်ရီဝက်ဂွန်ကိုစီး၍
နံပါတ်တုတ်ကို ကိုင်ပြီးလျှင် လူ့ ပြည်သို့ ကြွချီတော်မူ၏။
...
ဗြဟ္မာ့ ဦးခေါင်းသည် လက်ပံတောင်းမှ မအူပင်သို့ အပြောင်းအရွှေ့ ပြု၏။

နှစ်ကို သုံး စောင့်၏။
လကို ဂြိုလ်တု စောင့်၏။
ရက်ကို နေ့ စားသမားများ စောင့်၏။
မြေကို ဦးပိုင် စောင့်၏။
ရေကို ပြည်သူများစောင့်၏။
မိုးကို လယ်သမားများစောင့်၏။

လူတို့ ၏အဓိပတိကား PSY။
ခြေလေးခုတို့ ၏ အဓိပတိကား ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား။
ငှက်တို့ ၏အဓိပတိကား ငှက်ဖျား။
သစ်ပင်တို့ ၏အဓိပတိကား ကြက်ဆူ။

ဤသက္ကရာဇ်ဝယ်
စာပေစိစစ်ရေးကင်းလွတ်ပြီးဖြစ်၍ အပြာစာအုပ်များပေါများလတ္တံ့ ။
မော်ဒယ်မမများ မှိုလိုပေါက်လတ္တံ့ ။

မြို့ တိုင်းတွင် ဆန္ဒပြပွဲများဖြင့် စည်ကားလတ္တံ့ ။
ဆန္ဒပြသူများအတွက် တူညီဝတ်စုံရိုက်နှိပ်ပေးသော စတေကာရိုက်လုပ်ငန်းများ စီးပွားဖြစ်လတ္တံ့  ။

နာမည်လေးလုံးနှင့်သမီးပျိုများ မြန်မာ့အလှမယ်ဖြစ်လတ္တံ့ ။
ထို အလှမယ်များကို အားပေးလွန်းကြသဖြင့် ကွန်ပြူတာ၊ကီးဘုတ်၊မောက်စ် ရောင်းသောဆိုင်များအလုပ်ဖြစ်လတ္တံ့ ။

လမ်းလျှောက်တတ်လျှင် လျှောက်တတ်သလို နာမည်ကြီးလတ္တံ့ ။
မလျှောက်တတ်လျှင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြခြင်းဖြင့် နာမည်ကြီးလတ္တံ့ ။

ဘီယာကုမ္ပဏီများ ၊အချိုရည်လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံ၍
ပြည်သူအများ အဖိုးနှုန်းချိုသာစွာဖြင့် သောက်ရလတ္တံ့ ။
နောက်ဆက်တွဲအကျိုးအနေဖြင့် နိုင်ငံခြားကံပါသူများ
အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ဆေးကုရလတ္တံ့ ။

မီးမလာ၍ မိုးနတ်မင်းကြီးထံဆုတောင်းရလတ္တံ့ ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများနီးလျှင် နိုင်ငံပိုင်စက်ရုံများ ရပ်နားရလတ္တံ့ ။
လျှပ်စစ်မီးရရန် ကူညီသောကြောင့် ထိုင်းနိုင်ငံက ကျေးဇူးတင်လတ္တံ့ ။
ဓာတ်ငွေ့ ပိုက်လိုင်းကြီးပြီးစီးတော့မည်ဖြစ်၍ တရုတ်ပြည်က ကျေးဇူးဆိုလတ္တံ့ ။

ဖုန်းကတ်ဖိုးများလျှော့ချပေးတော့မည်ဟု အိပ်မက်မက်လတ္တံ့ ။
ဆီးဂိမ်းအမီ အင်တာနက်မြန်နှုန်းတိုးတက်တော့မည်ဟု ကြားရလတ္တံ့ ။
လေးလနှင့်အပြီးဆောက်မည်ဟူသော ဂုံးကျော်တံတားကြီးမပြီးသေး၍ ကားများကြပ်လတ္တံ့ ။
တောင်သူလယ်သမားများ လယ်သိမ်းခံရ၍မြေယာမဲ့ ဖြစ်လတ္တံ့ ။
မြေယာမဲ့ ဖြစ်၍ ဆန္ဒပြလျှင် ကျူးကျော်ဟုစွပ်စွဲခံရ လတ္တံ့ ။
ကျူးကျော်ဟု သတ်မှတ်ပြီးလျှင် ပြည်သူ့ ရဲများက နံပါတ်တုတ်ဖြင့် ဆွမ်းကြီးလောင်းလတ္တံ့ ။

0 comments:

Post a Comment