Photoshop မှာ လိုချင်တဲ့ပုံကို ဖန်တီးပြီး၊ အသင့်ရှိပြီးပုံများ ထည့်သွင်းခြင်းဖြင့် အလိုရှိသော ဒီဇိုင်းတစ်ခုကို ဖန်တီးကြည့်ပါမယ်။ ကျွန်တော်ဖန်တီးထားတဲ့ပုံကို အောက်မှာ တွေ့နိုင်ပါတယ်။

အဲဒီပုံ ဖန်တီးနိုင်ဖို့ အောက်မှာ လိုအပ်တဲ့ပုံတွေကို အသင့်ထည့်ပေးလိုက်ပါတယ်။ Sofa အတွက်လည်း Outline ထည့်ပေးလိုက်ပါတယ်။ ကျွန်တော်တော့ အဲဒီ Outline ကို Pen Tool နဲ့ ယူထားတာပါ။ Sofa ပိတ်သားအတွက် လိုအပ်မယ့် Texture တစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။



ကဲ.. လက်တွေ့လုပ်ကြည့်ကြရအောင်။ အောက်မှာ ပြထားသလို Sofa နောက်မှီက သစ်သားနေရာတွေကို Select လုပ်ပြီး Layer အသစ်တစ်ခုမှာ အညိုရင့်ရောင် ဖြည့်လိုက်ပါတယ်။ ပြီးတော့ Layer Menu ၏ Layer Style မှ Bevel and Emboss နှိပ်ပြီး ပုံမှာပြထားတဲ့အတိုင်း ပေးလိုက်ရင် ညာဘက်ကပုံအတိုင်း ဖေါင်းကြွ ဖြစ်လာပါမယ်။



နောက် Layer အသစ်တစ်ခုမှာ Sofa ရှေ့သစ်သားအတွက် ခုနကလိုပဲ အရောင်ဖြည့် Layer Style ပေးလိုက်ပါ။ Size ကိုတော့ အတိုးအလျော့ လုပ်ရပါမယ်။ Side အတွက်လည်း Layer အသစ်မှာ ပိုရင့်တဲ့အရောင်ဖြည့်ပါ။ Layer Style တော့ မလိုပါဘူး။ ဒါဆိုရင် အောက်ကပုံအတိုင်း ရရှိပါမယ်။

Sofa ရဲ့သစ်သားတန်းတွေက ပိုကြွလာအောင် အောက်မှာ ပြထားသလို Layer အသစ်မှာ Select လုပ်ပြီး အရောင်ဖြည့်လိုက်ပါ။ ပြီးတော့ Bevel and Emboss Layer Style ကို ပေးလိုက်ပါ။ အတိုးအလျော့ချိန်ယူပါ။

အဲလိုပဲ နောက်ထပ် Layer အသစ်တွေ ခေါ်ယူပြီး နောက်ထပ် တစ်ခုရယ်၊ ဘေးဘက် အတွက်ရယ် လုပ်ပေးလိုက်ရင် အောက်မှာ ပြထားသလို ဖြစ်လာပါမယ်။

အပေါ်မှာ နမူနာထည့်ပေးလိုက်တဲ့ Texture ဖိုင်ကို ဖွင့်ပြီး Edit Menu မှ Define Pattern နှိပ်ပြီး၊ ပေးချင်တဲ့အမည်ပေးကာ Pattern အသစ်တစ်ခု ဖန်တီးလိုက်ပါ။ နောက်မှီသစ်သားတန်းအောက်မှာ Layer အသစ်မှာ Select လုပ်ပြီး၊ Edit မှ Fill ကိုနှိပ်ပါ။ အောက်ကပုံအတိုင်း ခုနက Pattern ကို ရွေးချယ်ပြီး OK နှိပ်လိုက်ရင် ဖြည့်ပေးပါလိမ့်မယ်။



Sofa နောက်မှီက ဖေါင်းကြွနေဖို့ရာ ဖြည့်ထားတဲ့ Texture ပုံကို ပြုပြင်ရပါဦးမယ်။ Edit Menu က Transform မှ Warp ကို နှိပ်ပြီး၊ အောက်ကပုံအတိုင်း Direction Line တွေကို ဘယ်ဘက်ဆွဲပေးရပါမယ်။ ဒါမှ မျဉ်းဖြောင့်ဖြစ်နေတဲ့ Texture တွေဟာ ခပ်ကွေးကွေးလေး ဖြစ်သွားပါမယ်။ ပြီးမှ Outline ထဲကအတိုင်း နောက်မှီ ပိတ်သားနေရာကို Select လုပ်ပါ။ Select Menu မှ Inverse နှိပ်ပြီး၊ Delete Key နှိပ်ပြီး ဖျက်ထုတ်လိုက်ပါ။

ရလာတဲ့ ပိတ်သားနေရာမှာ အလင်းအမှောင်အတွက် အရောင်ရင့်ဖို့ Burn Tool အရောင်နုဖို့ Dodge Tool တွေသုံးပြီး ပွတ်ပေးလိုက်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်း ပိတ်သားက ဖေါင်းလာပါလိမ့်မယ်။

ထိုင်တဲ့နေရာ ပိတ်သားအတွက်လည်း Lyer အသစ်မှာ ဖြည့်ပြီး လုပ်ပေးပါ။ ဘေးဘက်ပိတ်သားအတွက်လည်း လုပ်လိုက်ရင် အောက်ကလို ရပါမယ်။

လက်တင် Cylinder အတွက် Layer အသစ်မှာ အစိမ်းရင့်ရောင်ဖြည့်ပြီး၊ Burn Tool ရယ်၊ Dodge Tool ရယ်သုံးပြီး အရောင်အနုအရင့် လုပ်ထားပါတယ်။ ဒါဆိုရင် အောက်ကပုံအတိုင်း လှပတဲ့ Sofa တစ်ခု ရရှိပါပြီ။

ပေးထားတဲ့ မော်ဒယ်မလေးပုံ ဖြတ်ထည့်လိုက်ရင် အောက်ကပုံအတိုင်း ရပါလိမ့်မယ်။ Flip Horizontal လုပ်ပြီး၊ ဘယ်ဘက်လှည့်လိုက်ပါ။

အဲဒါကို နောက်ခံ တစ်ခုထည့်လိုက်ရင် လှပတဲ့ဒီဇိုင်းတစ်ခုကို ရရှိပါပြီ။ ကျွန်တော်တော့ ရိုးရိုးလေးပဲ အပြာရောင် Gradient ကို သုံးထားပါတယ်။
အရိပ်အတွက် Background Layer အပေါ်မှာ Select လုပ်ပြီး အမည်းရောင်ဖြည့်ထားပါတယ်

အဲဒီ Layer ကို Filter Menu မှ Gaussian Blur 45 Pixels ပေးလိုက်ပါတယ်။ ဒါဆိုရင် ပြည့်စုံတဲ့ ဒီဇိုင်းတစ်ခုဖြစ်သွားပါပြီ။

0 comments:
Post a Comment