BuddyCon 2.0

Photo: *** BuddyCon 2.0 ***

BuddyCon App လေးက Live Wallpaper အနေဖြင့် အသုံးပြုရပါမယ်။
တစ်ခြား Live Wallpaper တွေလိုမဟုတ်ပဲ ထူးခြားချက်ကတော့ ..
ဖုန်းနံပါတ် Contacts များကို ရုပ်ပုံ animation နဲ့တကွ homescreen မှာ ..
ူlive wallpaper အနေဖြင့် တင်ထားနိုင်ပါတယ်။ Contact မှ သူငယ်ချင်းတွေရဲ့ မူရင်းရုပ်တွေနဲ့အတူ ချစ်စရာ ပုံစံလေးများအဖြစ်
ပြောင်းလဲပြီး live wallpaper အဖြစ် အသုံးပြုနိုင်တာဖြစ်လို့
ပျော်စရာကောင်းတဲ့ app လေးပါ။ ဖုန်းခေါ်ချင်တဲ့အခါ အလွယ်တကူ သူတို့ပုံတွေကို နှစ်ချက်နှိပ်ပြီး ခေါ်လို့ရတဲ့အတွက် communication အတွက်ပါ အလွန်အသုံးဝင်နေပါတယ်။ phone call , message , gtalk စသဖြင့် ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ အတော်လေး လန်းပါတယ်။ 

အသုံးပြုပုံကို အနည်းငယ် ရှင်းပြချင်ပါတယ်။ 

BuddyCon ကို install လုပ်ပြီးရင် app icon ကို နှိပ်ပြီး သုံးလို့မရသေးပါဘူး။ ပထမဆုံး BuddyCon Live Wallpaper ကို အရင်ဆုံး ဖုန်းမှာ တင်ပေးရပါမယ်။ ဒါကြောင့် မိမိဖုန်းရဲ့ Live Wallpaper Setting ထဲကို သွားပြီး BuddyCon ကို ရွေးချယ်ကာ Live Wallpaper အဖြစ် တင်လိုက်ပါ။ တင်ပြီးသွားပြီဆိုမှသာ ဖုန်းထဲမှာရှိတဲ့ BuddyCon App ကို နှိပ်ပြီး အသုံးပြုနိုင်ပါမယ်။ ဆိုလိုတာက ပထမဆုံး BuddyCon Live Wallpaper ကို အရင်ဆုံး တင်ထားရမှာဖြစ်ပါတယ်။
ပြီးမှ app ကို အသုံးပြုရမှာပါ။

BuddyCon App ကို ဖွင့်လို့ရပြီဆိုရင်တော့ Character ပုံစံများ နှင့် ..
တစ်ခြား function များကို စိတ်ကူးရှိသလို Edit လုပ်နိုင်ပါပြီ။ သူငယ်ချင်းများရဲ့ ပုံတူ animation များကို အယောက်(၂၀)ထိ live wallpaper မှာ ထားနိုင်တယ်။ အရုပ်ကလေးတွေ ဖန်တီးတဲ့နေရာမှာ မျက်နှာနေရာကို နှိပ်ပြီး ကိုယ်ထည့်ချင်တဲ့ သူငယ်ချင်းရဲ့ မျက်နှာကို Select မှတ်ပေးကာ ထည့်သွင်းနိုင်ပါတယ်။ အရုပ်ကလေးတွေကို မြှောက်ပင့် ပစ်ပေါက်ပြီးလဲ ကစားနိုင်ပါသေးတယ်။ အရုပ်လေးတွေပေါ်ကို
နှစ်ချက်နှိပ်ရင် call , sms များ လုပ်နိုင်ပါတယ်။ စမ်းကြည့်ပါ .. အသုံးပြုရလဲ မခက်ပါဘူး .. ကလိရင်းနဲ့ နားလည်သွားမှာပါ။
အမိုက်စား ချစ်စရာကောင်းတဲ့ app အလန်းလေးမို့ အခုပဲ စမ်းတော့ဗျာ 

Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (6MB)

dropbox - https://www.dropbox.com/s/kta2fln4r7gfpn0/Mr.AD%20-%20BuddyCon%202.0.apk

copy - https://copy.com/wnl1HmmYNxWp

ပျော်ရွှင်ပါစေ။

Mr.AD

0 comments:

Post a Comment