
နာမည်ကြီး လူသုံးများနေတဲ့ တရုတ် ခဲပန်းချီ App လေး version အသစ်ထွက်လာပါတယ်။ English version ဖြစ်သွားပါပြီ။ ယခု version မှာတော့ Style ဆိုတာ အသစ်ပါလာပါတယ်။ နောက်ခံ ဒီဇိုင်းတွေနဲ့ ဖန်တီးနိုင်တဲ့ function ပါ။ English version ဖြစ်သွားမှပဲ တစ်ချို့ဟာလေးတွေ သိသွားတော့တယ်။
ဒီ App လေးက နေ့စဉ် ဒီဇိုင်းအသစ်များကို အခမဲ့ ပေးနေပါတယ်။
နေ့စဉ် MomentCam ကို ဖွင့်လိုက်တိုင်း ဒီဇိုင်း Pack တစ်ခုစီ ..
လက်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။ internet ဖွင့်ပေးထားပြီး
နေ့စဉ် အသုံးပြုကြည့်ပါ။ ကျွန်တော်လဲ သေချာတော့ မစမ်းရသေးပါဘူး။
ဒါပေမဲ့ ကျွန်တော် update လုပ်လိုက်ပြီး ပထမဆုံးအကြိမ်ဖွင့်လိုက်တာနဲ့
ဒီဇိုင်း Pack အသစ်တစ်ခု download ဆွဲခွင့်ပေးသွားပါတယ်။ ဒါကြောင့်
နေ့စဉ် ဒီဇိုင်းအသစ်လေးတွေ အခမဲ့ download တစ်ကြိမ်ဆွဲခွင့် ..
ပေးနေတယ်ဆိုတာ ဟုတ်လောက်ပါတယ်။ ကလိပြီးသားပုံများကို ..
SD Card အောက်က MomanCamera ဆိုတဲ့ folder အောက်က ..
Album ဆိုတဲ့အထဲမှာ Save လုပ်ပေးပါတယ်။ ကဲ update လုပ်လိုက်ကြဦးဘော်ဒါတို့။ Play Store ကနေလဲ အလွယ်တကူ
update လုပ်လို့ရပါတယ်။ Android 2.3 နှင့်အထက်
ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
0 comments:
Post a Comment