
Android Device တွေမှာအလုပ်တွေ အလိုလို လုပ်ပေးနိုင်တဲ့ Tasker ဆိုတဲ့နာမည်ကြီး Automation App ရှိပါတယ်။Tasker မှာ Feature တွေများပြားပြီးစုံလင်လှပါတယ်။ Tasker ကိုအသုံးပြုရတာအနည်းငယ်ရှုပ်ထွေးမှုတော့ရှိပါတယ်။ Mini Tasker က Tasker လို App ဖြစ်ပြီး အသုံးပြုရတာလွယ်ကူမှုရှိပါတယ်။
အလိုလိုလုပ်ပေးနိုင်တဲ့အလုပ်တွေထဲကကောင်းမွန်တဲ့ Tasks အချို့ ကိုပြောပြရရင်
· Headset ကို Phone မှာချိတ်ဆက်လိုက်တာနဲ့ Music Player ကိုဖွင့်ပေးပြီးသီချင်းတွေ အလိုလိုဖွင့်ပေးနိုင်ပါတယ်။ဒီလိုလုပ်ပေးနိုင်တဲ့ App တွေရှိပါပေမယ့် Mini Tasker လို App မျိုးရှိရင်အဲဒီ App တွေမလိုအပ်တော့ပါဘူး။
· မသိတဲ့ဖုန်း Calls, သတ်မှတ်ထားတဲ့ ဖုန်း Calls တွေကို Silence လုပ်ပေးနိုင်ပါတယ်။
· Battery အားနည်းလာရင် Brightness ကိုလျှော့ချပေးနိုင်ပါတယ်။
· Calendar မှာ Event တစ်ခုရောက်တိုင်း Notificaiton ပေးနိုင်ပါတယ်။
· Mobile Data ကို အချိန်သတ်မှတ်ပြီးအဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်။
ဒါတွေ အပြင် Mini Tasker လုပ်ပေးနိုင်တဲ့အလုပ်တွေ အများကြီးရှိပါသေးတယ်။
Mini Tasker လုပ်ပေးနိုင်တဲ့ Actions တွေကတော့
· Apps တွေကိုဖွင့်ပေးနိုင်ပါတယ်။
· Music Playback တွေကို Control လုပ်ပေးနိုင်တယ်။
· Phone’s Volume ကို Control လုပ်ပေးနိုင်ပါတယ်။
· Notifications တွေကို Set up လုပ်ပေးနိုင်ပါတယ်။
· SMS messages တွေကို Forward လုပ်ပေးနိုင်ပါတယ်။
· Wi-Fi,Background Sync,Mobile Data,Airplane,GPS,Bluetooth,NFC စတာတွေကို အဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်။
· Screen Brightness တွေကို ပြောင်းပေးနိုင်ပါတယ်။
· Calls တွေကို Silence လုပ်ပေးနိုင်ပါတယ်။
Action တစ်ခု ပြုလုပ်ဖို့  + Sign ကိုနှိပ်ပါ။ Actions တွေကို ‘Apps and Music’,’Calls’,’SMS and Notifications’,’Battery and Screen’ ဆိုပြီး Category တွေခွဲခြားထားပါတယ်။

Conditon (Context) ကိုလည်းသတ်မှတ်ပေးရမှာဖြစ်ပြီးအဲဒီ Condition နဲ့ ကိုက်ညီမှုရှိတာနဲ့ Action(task) တွေကိုအလိုလိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ Time,Calendar Event,Activity Detection,Phone Docking,Low Battery,Charger or Headset Connection စသဖြင့် ရွေးချယ်စရာ Condition တွေလည်းများစွာပါရှိပါတယ်။
Mini Tasker မှာ Users တွေကပြုလုပ်ထားတဲ့ Tasks တွေလည်းပါရှိပါတယ်။အဲဒီ Tasks တွေကို အဆင်သင့်သုံးနိုင်ပါတယ်။

Mini Tasker ကအသုံးဝင်တဲ့ Automation App တစ်ခုဖြစ်ပြီး Android Phone တိုင်းမှာဆောင်ထားသင့်ပါတယ်။
0 comments:
Post a Comment