Everything Launcher

Launcher အဆန်းလေးတစ်ခု တွေ့လိုက်ပြန်ပြီ။ သူလန်းပုံက ..
တမူထူခြားပြန်တယ်။ Everything ဆိုတဲ့အတိုင်း မိမိ စိတ်ထဲမှ အလိုရှိရာကို
တောင့်တလို့ရတဲ့ လိုတရ Launcher တစ်ခုလို့ညွှန်းလိုက်ချင်ပါတော့တယ်။ 
Launcher အများစုမှာ ကိုယ်ပိုင် Themes များစွာ ထုတ်လုပ်ထားပါတယ်။ Themes တွေပြောင်းလဲပြီး အသုံးပြုတတ်တဲ့ သူတွေအတွက် Everything Home ကတော့ စိတ်ကျေနပ်မှုအပြည့်ဝ ပေးပါလိမ့်မယ်။ 

Themes တွေကို install လုပ်စရာမလိုပဲ ပြောင်းလဲပေးပါလိမ့်မယ်။
Everything Home Launcher ကို ဖုန်းထဲ ထည့်လိုက်တာနဲ့ ..
သင်အလိုရှိရာ Themes များစွာလဲ တစ်ခါတည်း ပိုင်ဆိုင်သွားပါပြီ။
internet connection တော့ လိုအပ်ပါတယ်။ လန်းပုံလေးက ဒီလို။
What's on your mind? ဆိုပြီး စာတန်းလေးနဲ့ မေးပါလိမ့်မယ်။
internet ချိတ်ထားပြီး သင်စိတ်ထဲရှိရာကို ရေးလိုက်ပါ။

ဥပမာ mr.bean လို့ရေးလိုက်ရင် Everything Home ရဲ့ Themes မှာ
Mr.Bean Themes အဖြစ် ပြောင်းလဲသွားပါတော့တယ်။ 
wallpaper လဲ mr.bean ပုံဖြစ်သွားပါတယ်။ Google ကိုနှိပ်ရင်လဲ ..
Mr.Bean အကြောင်းတွေ ရှာပြီးသား ဖော်ပြပါမယ်။ youtube ဖွင့်လဲ
Mr.Bean video တွေ တန်းတက်လာပါလိမ့်မယ်။ အမိုက်စားကြီးဗျ။
ကျွန်တော် Myanmar ဆိုပြီး ရိုက်ကာ ကလိကြည့်ပါတယ်။
မြန်မာပြည်မြေပုံကြီး wallpaper ဖြစ်သွားကာ Myanmar themes အဖြစ်
ချက်ချင်းပဲ ပြောင်းသွားတယ်။ google map ၀င်ကြည့် Myanmar မြေပုံ၊
Everything Home မှာပါတဲ့ icon တွေအကုန်လုံးနီးပါး မြန်မာအကြောင်းတွေ
ဖော်ပြကုန်တော့တယ်။ ဒီလိုစိတ်ကူးဆန်းဆန်းနဲ့ဖန်တီးထားတာကို ..
အတော်လေးစား သဘောကျမိတယ်။ 

အဲ့ဂလိုတွေ ဖန်တီးပေးနေတော့ Everything Home နဲ့ဆိုရင် ..
ကျွန်တော်တို့ဖုန်းက အမြဲတမ်း ဆန်းသစ်နေမှာ သေချာပါတယ်။
Beta Version ပဲ ရှိပါသေးတယ်။ Full Version သာထွက်လာခဲ့ရင် ..
ပိုပြီး အသေးစိတ် အချက်လက်တွေကို ဖော်ပြပါလိမ့်မယ်လို့ အာမခံထားပါတယ်။ သီချင်းချစ်သူတွေအတွက်လဲ ရေလည် ဂွတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားအဆိုတော်နာမည်သာ ရိုက်လိုက်ပါ။ သူ့ပုံ wallpaper နဲ့အတူ သူ့အကြောင်းတွေ အကုန်လုံး Theme အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ သီချင်းရှာရ လွယ်သွားပြီး ကိုယ့်အကြိုက်တွေကို ချက်ချင်းရှာပေးတာဖြစ်လို့ ကျေနပ်စရာပါပဲ။ 

Launcher ဒီဇိုင်းကလဲ သပ်ရပ်ပြီး လှတယ်။ ကိုယ့်ဖုန်းထဲမှာ ထည့်ထားတဲ့ app တွေကိုလဲ ကဏ္ဍအလိုက် folder သဘောမျိုး စုစည်းပေးသွားတယ်။ လိုတရ Launcher ကို အခုပဲ ကလိကြည့်လိုက်တော့။ Android 4.0 နဲ့အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

Related Posts:

  • Easy Install Myanmar Fonts for Android Root !!!   Root ဖောက်ထားတဲ့ Android ဖုန်းတော်တော်များများကို လွယ်ကူစွာနဲ့မြန်မာဖောင့်သွင်းဖို့အတွက်Apk လေးကိုတင်ပေးလိုက်ပါတယ်။Mobile Application ရဲ့ Product ဖြစ်တဲ့ Font Changer လေးနဲ့အသုံးပြုသွားမှာပါ။ အောက်မှာအရင်ဒေါင်းလော့… Read More
  • Minion Camera   Minion Camera ကမိုက်တယ်ဗျ။ ကိုယ်ရိုက်တဲ့ပုံတွေမှာ Minion လေးထည့်ပေးထားလို့ရတယ်။ ကျွန်တော်လည်း Minion ကိုစိတ်ဝင်စားတဲ့သူပဲဗျ။ ပြီးရင် Facebook ပေါ်လည်း တိုက်ရိုက်တင်လို့ရတယ်ဗျ။ ဒီဇင်ဘာ ၆ ၂၀၁၃ ထုတ်ပါ။ ပိုပြီးသိချင်ရ… Read More
  • Angry Bird ချစ်သူတို့အတွက် နောက်ဆုံး ထွက်လေးပါ    Angry Bird ချစ်သူတို့အတွက် နောက်ဆုံး ထွက်လေးပါ ခင်ဗျာGame Level အသစ်တွေနဲ့ Themes အသစ်တွေတော့ ထပ်တိုးလာပါတယ်ကစားမယ်ဆိုအောက်မှာ ဝင်ယူလိုက်ပါ ခင်ဗျာ ဒီမှာဒေါင်းပါ … Read More
  • SEA Games အတွက် ဖုန်း Application   SEA Games အတွက် ဖုန်း Application ထွက်ရှိ ဒီဇင်ဘာ လ အတွင်း မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အတွက် သတင်း အချက် အလက် များ၊ ဆုတံဆိပ်၊ အမှတ် ရလဒ် များနှင့် Fantas… Read More
  • ဖုန်းဆိုင်တွေသွားစရာမလိုတော့ပဲ Root ဖောက်၊ မြန်မာ font သွင်းနိုင်တဲ့ APK (RAR)    ဒီ application ကိုတော့ ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့ သိကြလိမ့်မယ်လို့ထထင်ပါတယ်။ ဒီ application လေးက EXE file software တွေမလိုပဲ ဖုန်းမှာတင် Root ဖောက် မြန်မာ font သွင်းတာတွေကို တစ်ခါတည်းလုပ်လို့ရပါပြီဗျာ။ … Read More

0 comments:

Post a Comment