Zippyshare ဆိုဒ်မှာ ဖိုင် Upload တင်နည်း နှင့် Share လင့် ယူနည်း

ပထမဦးဆုံး Zippyshare ဆိုဒ်မှာ အကောက်ဖောက်ဖို့  ဂျီမေးလ် တစ်ခု ရှိရပါ့မယ်။

ဂျီမေးလ် ရှိတယ်ဆိုရင်တော့ ဒီလင့်ကိုကလစ်ပြီးသွားလိုက်ပါ။ 

အကောက်ဖောက်ဖို့  အတွက် ပေးထားတာလေးတွေ ကို ပြည့်စုံအောင်ဖြည့်ပေးပါ။

အောက်ကပုံက နမူနာ ဖြည့်ပြထားတာပါ။
ဒါဆိုရင်တော့ အကောက် အောင်မြင်စွာ ဖောက်ပြီးပါပြီ ။ ဂျီမေးလ်ကို ဖွင့်ပြီး အကောက်ကို Activate လုပ်ပေးရပါမယ်။
သင့်ဂျီမေးလ်ကို Zippyshare က Activate လုပ်ဖို့  မေးလ်တစ်စောင်ပို့ ထားပါလိမ့်မယ်။ ဖွင့်လိုက်ပါ။
Zippyshare ကပို့ ထားတဲ့ မေးလ် ကို ဖွင့်ပြီး မေးလ်ထဲက အပြာရောင်နဲ့ ရေးထားတဲ့ လင့်ကို ကလစ်လိုက်ပါ။
Zippyshare ဝက်ဆိုဒ်ကို ပြန်ရောက်သွားပြီး Activate လုပ်ပြီးကြောင်း Box တစ်ခုနဲ့  ပြပေးပါလိမ့်မည်။
ဖိုင် Upload တင်ဖို့  အတွက် ညာဖက်အပေါ်နားရှိ My Account ကိုနှိပ်ပါ။ ပြီးရင် ဘယ်ဖက် ရှိ Upload files ကိုကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
ဒါဆို Upload တင်ဖို့  ပေါ်လာပါလိမ့်မယ် ။ ပေါ်လာတဲ့ အထဲ က BROWSE ကိုကလစ်လိုက်ပါ။
(အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
BROWSE ကို ကလစ်လိုက်ရင်တော့ Open ဟူသော Box တစ်ခု ကျလာပါလိမ့်မယ်။
သင့်ကွန်ပျူတာ ထဲရှိ သင်တင်ချင်သည့် သီချင်း၊ဗွီဒီယို၊ဆော့ဝဲလ်၊စာအုပ်၊ဓါတ်ပုံ အစရှိတာ တစ်ခုခုရွေးပေးပြီး အောက်ခြေရှိ Open ကိုကလစ်လိုက်ပါ ။ ကျွန်တော်ကတော့ အန်းဒရိုက်ဆော့ဝဲလ် တစ်ခု ကို နမူနာ အနေနဲ့  Upload တင်ပြပါ့မယ်။
သင် Upload တင်ဖို့  ရွေးထားတဲ့ ဖိုင်ကို Upload တင်ဖို့  အတွက် START UPLOAD Buttom လေးကို ကလစ်လိုက်ပါ။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
အောက်ကပုံကတော့ Upload တင်နေပုံပါ။ အနီရောင်အတန်းလေး ပြည့်တဲ့အထိ စောင့်ပေးပါ။
အနီရောင်အတန်းလေး ပြည့်သွားရင်တော့ သင်တင်တဲ့ဖိုင်ကို Upload တင်ပြီးပြီ ဖြစ်ပါသည်။
အောက်ကလိုပုံလေးပေါ်လာပါလိမ့်မည်။ Link ဘေးရှိ http:// နဲ့ စတဲ့ လင့်လေးက သင်တင်တဲ့ ဖိုင်ကို သင် Share ချင်သည့်နေရာမှာ မျှဝေပေးဖို့  ဒေါင်းလော့လင့် ဖြစ်ပါတယ်။

အောက်ကပုံမှာ အနီရောင်းလေးထောင့်ကွက် နှင့် အစိမ်းရောင်မြား ထိုးပြထားတဲ့ လင့်နှစ်ခု အနက် သင်အဆင်ပြေမည့်လင့်ကို Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပြီ ဖြစ်ပါတယ်။ (အောက်မှာပုံနှင့်လည်းပြထားပါတယ်။)
သင် Upload တင်ထားတဲ့ ဖိုင်ကို ပြန်ကြည့်ချင်ရင်တော့ ညာဖက်အပေါ်ရှိ My Account ကို ကလစ်ပါ။
ပေါ်လာသည့် အထဲ က File Manager ကိုဆက်ကလစ်ပါ။ ဒါဆို သင် Upload တင်ထားတဲ့ ဖိုင်ကို တွေ့ ရမှာ ဖြစ်ပါတယ် ။ သင် Upload တင်ထားတဲ့ ဖိုင်ကို ကလစ်လိုက်ပါ ။ပြီးရင် နောက်ထပ် Tab တစ်ခုမှာ ဒေါင်းလော့လုပ်ဖို့  ကျလာပါလိမ့်မယ်။
အောက်ကပုံမှာ ကျွန်တော် အနီရောင်လေးထောင့်ကွက် နှင့် အစိမ်းရောင် မြားထိုးပြထားတဲ့ www. လင့်ကိုလည်း Copy ကူးပြီး သင် Share ချင်သည့်နေရာမှာ Paste လုပ်ပြီး မျှဝေနိုင်ပါတယ်။




ဖြူးမြို့ကဖြူးသားလေးမှပြန်လည်မျှဝေသည်



Related Posts:

  • ဘလော့ တက်ပလက် ချိန်းနည်းလေးပါ ဒါကတော့ ဘလော့ တက်ပလက် ချိန်းနည်းလေးပါ..အရင်ကလည်း တင်ပေးခဲ့ဘူးပါတယ်.. ခုဘလော့တွေမှာ ဘလော့ကာ စတိုင်က ပြောင်းလဲနေတော့ မျက်စိလည်ကုန်ကြတာပါ..အရင် စတိုင်အဟောင်းနဲ့ တုန်းကသုံးရတာ အရမ်းလွယ်ကူပြီး ရှင်းနေတာဘဲလေ  ခု ဒါနဲ့ကျတော့… Read More
  • TemplateTemplate များဒေါင်းရန်… Read More
  • Post ရဲ့ အောက်က ပုံလေးတွေ .... ဒီနည်းကလေးကို သိနေတာ တော့ ကြာပါပီ .. ဒါပေမယ့်လည်း မပြောဖြစ်တာနဲ့ .. ကြာနေတာ ဖြစ်သွားပါတယ် .. Blog က ပိုစ့်တွေ ရဲ့အောက်ကနေပြီးတော့ ပုံကလေးတွေ နဲ့ ပြထားတာ တာ မြင်ဖူး ကြမှာပါ .. လုပ်တာကတော့ မခက်ပါဘူး .. ဒါပေမယ့် မလုပ်တတ်သေးရင… Read More
  • Template ဒေါင်းယူပြီး xml ဖိုင်ရယူနည်း ( ဘလော့အတွက် အရေးပါသောကဏ္ဍ)  မင်္ဂလာပါ ဘလော့ခရီးသည်ကိုလာရောက်အားပေးကြသော မိတ်ဆွေအပေါင်းတို့ ဗျားး ခုတင်မှာလေးကတော့ C-Box ကတောင်းဆိုမှုလေးဖြစ်သလို ဘလော့သမားတွေအတွက် မသိမဖြစ် သိထားရမည့် အကြောင်းရာလေးဆိုလည်း မမှားပါဘူးး  ဘလော့တွေမှာ မိမိတို့ စိတ… Read More
  • Zippyshare ဆိုဒ်မှာ ဖိုင် Upload တင်နည်း နှင့် Share လင့် ယူနည်း ပထမဦးဆုံး Zippyshare ဆိုဒ်မှာ အကောက်ဖောက်ဖို့  ဂျီမေးလ် တစ်ခု ရှိရပါ့မယ်။ ဂျီမေးလ် ရှိတယ်ဆိုရင်တော့ ဒီလင့်ကိုကလစ်ပြီးသွားလိုက်ပါ။  အကောက်ဖောက်ဖို့  အတွက် ပေးထားတာလေးတွေ ကို ပြည့်စုံအောင်ဖြည့်ပေးပါ။ အောက်ကပုံက… Read More

0 comments:

Post a Comment