Android မှာ ကျားထိုးမယ် ( Checkers Game for Android )

ဒီနေ့ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဦးလေးကြီးနှစ်ယောက် ..
အကြိတ်အနယ် ကျားထိုးနေကြတာ တွေ့ခဲ့တယ်။
သူတို့ကျားထိုးတာကြည့်ပြီး ကျွန်တော် စဉ်းစားမိတယ်။ ကျားထိုးတာ android အတွက် 
များရှိလားဆိုပြီးလေ။ 
ဒါနဲ့ ကျားထိုးတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲမသိတော့ ဘာရိုက်ပြီးရှာရမလဲ စဉ်းစားမရဖြစ်တယ်။ 
ဒါနဲ့ google မှာပဲ တစ်ခုပြီးတစ်ခုရိုက်ကာ ရှာတယ်။
နောက်ဆုံးတော့ ကျားထိုးတာကို အင်္ဂလိပ်လို Checkers လို့ခေါ်မှန်းသိရတယ်။ ဒါနဲ့ Checkers android game တွေရှာခဲ့တယ်။ 
သုံးလေးခုတော့ တွေ့တယ်။ အဲ့ထဲကနေ နှစ်ယောက်ဆော့ (ဟိုဘက် ဒီဘက်) ရတဲ့ဂိမ်းကို တင်လိုက်တယ်။
2 Players ဆော့လို့ရတော့ဘော်ဒါတွေနဲ့ ဆော့လို့ရတာပေါ့ဗျာ။ ကျွန်တော်ကတော့ Chess မထိုး တတ်ဘူး။ ကျားတော့ 
ထိုးတတ်တယ် ဟီး။
ကဲ .. Android မှာ ကျားထိုးလို့မရဘူးလို့ ဘယ်သူပြောလဲ။ ဘယ်သူမှမပြောဘူး :P ကျားထိုးကျွမ်းသူတွေ တစ်ပွဲတစ်လမ်းလောက် 
အချင်းချင်း နွှဲလိုက်ကြဦးဗျာ။

Android 2.2 နှင့်အထက် ဖုန်းများတွင် ကစားနိုင်ပါတယ်ခင်ည :)


Related Posts:

  • မြန်မာခြင်းလုံး ဖုန်းထဲမှာ  ခြင်းခတ်ခြင်တဲ့ မိတ်ဆွေတွေအတွက်မြန်မာခြင်းလုံးဂိမ်းလေးတင်ပေးလိုက်ပါတယ်။ Level 500 အထိပါပြီး online ကနေသူငယ်ချင်းတွေနဲ့ အတူတူဆော့လို့ရတယ်ပါတယ် နာမည် ကတော့ Seagames chin loneပါ ဆိုဒ်ကတော့ 54 mb ရှိပါတယ် ခ… Read More
  • Toy Defense 2 v1.7.2 APK တာဝါဂိမ်းကြိုက်သူများအတွက် လမ်းမှာလက်နက်တွေကြိုချထားပြီး လာသမျှရန်သူကိုပစ်ရတဲ့ဂိမ်းပါ အရုပ်စစ်သားလေးတွေနဲ့ မြေပြင်ရောဝေဟင်ပါကာကွယ်ရမှာပါ လက်နက်တွေကိုအဆင့်မြင့်လို့ရပါတယ် လိုချင်ရင်တော့အောက်မှာဒေါင်းဗျာ ဒီမှာဒေ… Read More
  • Super Mario Bros 1-3 v.3.4.0 APK (Android မှာဆော့လိုရပြီ) ငယ်ငယ်တုန်းကဆော့ဖူးမှာပါ။ Mario PSP, Nintendo, TV Game ဆိုရင် မသိတဲ့လူမရှိပါဘူး။ အခု Android အတွက်ထုတ်ပေးထားပါတယ်။ အဲ့ဒီအတိုင်း လုပ်ထားပြီး Android မှာဆော့လို့ရတဲ့ စနစ်လည်းပါပါတယ်။ August 7 2013 ထုတ်ဖြစ်ပါတယ်။ အောက်ပါအတု… Read More
  • Prince of Persia Shadow&Flame game Prince of Persia Shadow&Flame game လေးကိုတော့ လူတိုင်းသိမှာပါ။(23.10.2013 )ရက်နေ့ ကမှ update ထွက်လာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။playstore မှာဆိုရင်တော့ (4$ )လောက်ပေးရပါတယ်။ကစားနေကျမိတ်ဆွေတွေအနေနဲ့ ကတော့ မြင်တာန… Read More
  • Cut The Rope HD V 2.3.2 For Android                          Cup the Rope HD apk လေးကတော့ တက်ဘလက်တွေနဲ့ စကရင်ကြီးတဲ့ ဖုန်းတွေအတွက် ဆော့လိုကောင်းစေမယ့် Full HD နဲ့ရုပ်ထွက် ကောင်းကောင်းဆော့လိုကေ… Read More

0 comments:

Post a Comment