ဗျောက်အိုး (Firecrackers ) app

ယခုဆိုရင် မြို့ရွာကျေးနယ် တော်တော်များများမှာ ဗျောက်အိုးဖောက်သံတွေ ကြားနေရပြီထင်ပါတယ်။
ဗျောက်အိုးဖောက်တာကို ကျွန်တော်ကတော့ သက်သက်မဲ့ ငွေကို မီးရှို့တယ်လို့ပဲမြင်တယ်။ ဈေးကြီးတယ်လေ။ မီးပူလဲ လောင်နိုင်တယ်။
ဒါပေမဲ့ ဗျောက်အိုးဖောက်ခြင်းဟာ သီတင်းကျွတ်လရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေပြီ။ ဒီတော့ဗျာ ငွေမကုန်၊ မီးပူမလောင်ပဲ ပျော်စရာကောင်းတဲ့
ဗျောက်အိုး (Firecrackers ) app လေးကို သတင်းကျွတ်အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။

အတော်လန်းတဲ့ App လေးပါ။ ဗျောက် သေးသေးလေးတွေကနေ အကြီးကြီးတွေအထိပါရှိပါတယ်။ တကယ့်ကို အပြင်က ဗျောက်အိုး ပုံစံတွေနဲ့တူအောင် ဖန်တီးထားပါတယ်။
စနက်တံ မီးလောင်သွားပုံကအစ၊ အသံ creation တွေလဲ တော်တော် လန်းပါတယ်။ ဒီ App လေးကို ရှာတွေ့ခဲ့တာ ကြာပါပြီ။ သီတင်းကျွတ်ကျမှ ပေးမယ်လို့ဆုံးဖြတ်ထားတာ။
အခု သီတင်းကျွတ်ရောက်ပြီဆိုတော့ ဘော်ဒါတွေဆီ ပို့ပေးလိုက်ပါပြီ။
ဖုန်းစပီကာနဲ့တော့ ဗျောက်အိုးသံတွေက မကျယ်ပါဘူး။ အပြင် စပီကာ အကြီးကြီးတွေနဲ့တွဲပြီး ဖောက်လိုက်လို့ကတော့ ရှယ်ပဲပေါ့။ ပိုက်ဆံလဲ မကုန်၊ ဗျောက်အိုးအစုံလဲ ကလိလို့ရတယ်။ Pro version လေးဆိုတော့
ဗျောက်အိုးတွေ အစုံပါတယ်။ သူငယ်ချင်းတွေကို စနောက်လို့လဲရအောင် Lock screen တစ်ခုလဲပါရှိပါတယ်။ Lock screen က အတုပါ။ အချိန်တန်ရင် ဗျောက်အိုးတစ်ချောင်းကျလာပြီးပေါက်ကွဲပါလိမ့်မယ်။
ကဲ ကလိကြပေတော့။ Android 2.2 နှင့်အထက်တွင်အသုံးပြုနိုင်ပါတယ်။

Related Posts:

  • Animated Photo Frame Widget Plus v4.7.3 Apk 12MB    ဒီဆောစ့်ဝဲလ်လေးတော့ ဓာတ်ပုံအများကြီးကို Slideshow လုပ်ပြီးမိမိဖုန်းနဲ့ မျက်နှာပြင်မှာ Widget အနေနဲ့ထားတဲ့ ဆောစ့်ဝဲလ်လေးဖြစ်ပါတယ်အသုံးပြုချင်တဲ့ သူငယ်ချင်းတွေ အောက်ကလိပ်စာမှာရယူနိုင်ပါတယ် ဒီမှာဒေါင်းပါ… Read More
  • Built In မြန်မာစာမပါသောAndroid ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းခြင်း ဒါကတော့ကျွန်တော်စမ်းသပ်ထားတဲ့ကျွန်တော့်ရဲ့Samsung Galaxy Tab 2 P3100 လေးဖြစ်ပါတယ်။။။ Version ကတော့ 4.2.2 ကိုတင်ထားပါတယ်…မြန်မာစာက Built in မပါတော့တော်တော်လေးစိတ်ညစ် ခဲ့ပါတယ်….အခုတော့ကျွန်တော်တော်တော်လေးစိတ်သက်သာသွားပ… Read More
  • YAWGA ယောဂကျင့်စဉ် APK    "YAWGA ယောဂကျင့်စဉ် APK" ဤ ယောဂ ကျင့်စဉ် App ဟာဆိုရင် ဆရာကြီးဦးခင်မောင်ဆွေ ၏ ယောဂပို့ချချက်များကို ဖုန်းနှင့် အလွယ်တကူကြဥ၁့်ရှူ့ လေ့ကျင့်နိုင်စေရန်ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ပါတယ်။ရှိပြီး Android Version2.2န… Read More
  • AnTuTu Tester Tester လေးပါ။ သူများဆီက ဖုန်းပြန်ဝယ်မယ်ဆိုရင် ဒါလေးနဲ့ အရင်စမ်းသပ်ပြီးမှ ၀ယ်စေချင်ပါတယ်။ ဘာတွေ ကောင်းမကောင်း(သို့) အလုပ် လုပ်မလုပ် စမ်းသပ်နိုင်လဲ ဆိုတော့ .. LCD Test - အနီ၊ အပြာ၊ အစိမ်း၊ အမဲ၊ မီးခိုး၊ အဖြူ .. စတဲ့အေ… Read More
  • Easy Install Myanmar Fonts for Android Root !!!   Root ဖောက်ထားတဲ့ Android ဖုန်းတော်တော်များများကို လွယ်ကူစွာနဲ့မြန်မာဖောင့်သွင်းဖို့အတွက်Apk လေးကိုတင်ပေးလိုက်ပါတယ်။Mobile Application ရဲ့ Product ဖြစ်တဲ့ Font Changer လေးနဲ့အသုံးပြုသွားမှာပါ။ အောက်မှာအရင်ဒေါင်းလော့… Read More

0 comments:

Post a Comment