ဖုန်းကို Remote အဖြစ်အသုံးပြုမယ့် Smart IR Remote Samsung/Htc

အခုချိန်မှာ Mobile ဖုန်းတစ်လုံးကို အမျိုးစုံလုပ်လို့ရအောင် developer တွေက application တွေကိုရေးပြီး ပုံစံမျိုးစံနဲ့ ဖန်တီးအသက်သွင်းနေကြပါတယ်။ လူတိုင်းလဲ သိကြတဲ့အတိုင်းပါပဲ။ Smart Phone တစ်လုံးအသုံးပြုတာနဲ့ သူနဲ့ပတ်သက်လာတဲ့ feature တွေ application တွေက ဖုန်းတစ်လုံးနဲ့ဘာမဆိုဖြစ်အောင်လုပ်လို့ရအောင်ကို ဖန်တီးလာကြတာကိုတွေ့ကြရမှာပါ။ 

အခုလည်း လာပြန်ပါပြီ။ Android version 4.2 နဲ့အထက်ရှိတဲ့ smart phone တစ်လုံးကို TV Remote အနေနဲ့အသုံးပြုနိုင်အောင် ဖန်တီးလိုက်ကြပြန်ပါပြီဗျာ။ ဒီ function ကတော့ samsung နဲ့ HTC  ဖုန်းတွေမှာပဲ ရှိပါသေးတယ်။ အခုတော့ android version 4.2 နဲ့ အထက်ရှိတဲ့ brand တိုင်းကို TV Remote အဖြစ်လုပ်ခွင့်ပေးလိုက်ပါပြီ။ 

ပထမဦးဆုံးဒီ application လေးကို install လုပ်လိုက်ပါ။ ပြီးသွားရင် open လုပ်လိုက်ပါ။ ပြီးပြီဆိုရင် ဖုန်းကို Remote အဖြစ်အသုံးပြုဖို့အတွက်တော့ TV အမျိုးစားတွေကို ရွေးပေးရပါလိမ့်မယ်။ အမျိုးစားတော်တော်များများပါဝင်ပါတယ်။ ကိုယ့် TV ရဲ့ model နာမည်ကိုရွေးပေးလိုက်ပါ။ ပြီးရင်တော့ Remote ပုံစံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် Remote အနေနဲ့ phone ကို အသုံးပြုနိုင်ပါပြီဗျာ။ 
ကျွန်တော်အပေါ်မှာတွေလည်း ရေးထားသလို ဒီ application လေးကို Android version 4.2 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တင်ပေးထားတာက Zip file လေးပါ။ ကိုယ်ဖုန်းမှာ zip file လေးကို ပြန်ဖြည်ဖို့ဆိုရင်တော့ zip file ဖြည်တဲ့ application လေးတော့ လိုပါလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ့်ဖုန်းမှာတော့ Andro Zip တို့ Unrar ဆိုတဲ့ application လေးကိုတော့ install လုပ်ထားပေးဖို့လိုပါလိမ်မယ်။ မရှိတဲ့ သူဆိုရင်တော့ ဒီနေရာ မှာ Download လုပ်နိုင်ပါတယ်။ ကျွန်တော်စမ်းတုန်းကတော့ HTC One X နဲ့သူများဆီက ငှားပြီးစမ်းထားတာပါ။ အဆင်ပြေပါတယ်။


Related Posts:

  • TubeMate YouTube Downloader v2.2.4 build 606 Adfree Apk ဒီကောင်းလေးကတော့ အထွေထူးပြောပြစရာမလိုတော့ထင်တယ်ဗျာ ဘာကြောင့်လည်းဆိုရင်တော့ ပုံကိုကြည့်ရုံသက်သက်သိလောက်ပါတယ်ဗျာ။ ကိုင်မသိနားမလည်းသူအတွက်နည်းနည်းပြောလိုက်မယ်။  android ဖုန်းတွေအတွက် youtube ထဲက video တွေဇာတ်ကားဒေါင… Read More
  • OOREDOO SIM CARD BLOCKER APK ကဲ... အခုတလော Ooredoo SIM Card ထွက်လာတာနဲ့ facebook ပေါ်မှာသတင်းတွေကြားနေရတာက နားနဲ့မဆန့်အောင်ပါပဲ Ooredoo SIM Card သုံးနေတဲ့သူကတော့မမြင်ခဲ့ဘူးလို့ပဲသဘောထားပေးပေါ့ ဗျာနော်... ဟိဟိ ။ ဒါကြောင့် Ooredoo SIM Card Blocker AP… Read More
  • Phone Call အတုတွေဖန်တီးပေးနိုင်မယ့် - Fake Call & SMS & Call Logs PRO v4.2 APK ဒီတစ်ခေါက်တော့ Android User များတွက် ထူးထူးခြားခြား အလန်းဇယား Application လေးတင်ပေးလိုက်ပါ တယ်ဗျာ။ လူကြားသူကြားမှာ အရေးကြုံရင် ဖောတက်ဖိန့်တက်တဲ့ ဘော်ဒါတွေအတွက်ဆိုပိုမှန်ပါလိမ့်မယ်။ ဟဲဟဲဟဲ ..... နောက်တာပါ။ Fake Call &… Read More
  • Call Control အရမ်းကောင်းတဲ့ ဆော့ဝဲလ်လေး တစ်ခု တွေ့ လို့ သယ်ယူလာပါတယ် အဆင်ပြေကြပါစေနော် Call Control – Call Blocker v3.1.16.4 for Android တောင်းဆိုထားတဲ့ သူငယ်ချင်းတွေ တော်တော်လေး ရှိနေလို့တင်ပေးလိုက်တာပါ အပြစ်မရှိတဲ့ … Read More
  • Theme Manager (Beta) Theme Manager (Beta) လေးကတော့   တွေကြိုက်သလိုပြုပြင်လို့ရတဲ့ဆော့ဝဲလေးပါ အသုံးလိုသူတွေအတွက်တင်ပေးလိုက်ပါတယ်  ** You will need supported “Launcher” and “Icon Pack” installed before using this app If you conf… Read More

0 comments:

Post a Comment