Android phone ကနေ Windows ကို အင်စတောလုပ်နည်း

သင့် android phone ကနေ windows ကို အင်စတောလုပ်ဖို့ နည်းကို ရေးပေးပါမယ်။ သင့်မှာ Windows Cd/Dvd အခွေ၊ USB stick တွေမရှိရင် ဒီနည်းကအသုံးဝင်ပါတယ်။Windows installer disc ကို သင့် ဖုန်း မှာ ဆောင်သွားသလို ပါပဲ ။အဲဒီလို ဆောင်ထားတဲ့အတွက် သင့်ဖုန်းကနေပဲ ၀င်းဒိုး အင်စတောလုပ်တာတွေ၊ ၀င်းဒိုးကို repair လုပ်တာတွေ၊system restore လုပ်တာတွေ၊၀င်းဒိုးကပြဿနာတွေကို အဖြေရှာတာတွေ၊Boot မတက်တော့တဲ့ ကွန်ပြူတာကဖိုင်တွေကို ပြန်လည်ရှာဖွေ သိမ်းဆည်း တာတွေ ကို ပြုလုပ်နိုင်ပါတယ်။ဒီလို လုပ်ဖို့ အတွက် DriveDroid ဆို တဲ့ android application ကိုသုံးပါမယ်။သင့်ဖုန်းဟာ root လုပ်ထားဖို့ လို ပါတယ်။နောက်ပြီး DriveDroid က android 2.2 နဲ့ သူ့ အထက်မှာ ပဲအလုပ်လုပ်ပါတယ်။

သင့်မှာလိုအပ်တာတွေက
DriveDroid (Google Play Store) (or) DriveDroid 0.7.2   (My Dropbox)
4GB free space on your Android phone(Rooted)
A Windows 7 installation disk or ISO  (ဒီဆောင်းပါးမှာတော့ သင့်ဖုန်းကနေ Windows 7 ကိုအင်စတောလုပ်နည်းကို ရေးဖို့ အတွက် Windows 7 ကိုသုံးမှာပါ။တစ်ခြား Windows OS တွေကိုလည်းသုံးနိုင်ပါတယ်။)
A PC with Windows 7 and 7-zip installed (Windows Installer Disc ကို အသုံးပြုမယ့်သူတွေအတွက် 7-zip မလို ပါ။)
Diskpart utility (Windows 7 မှာ နဂိုပါပြီးသားဖြစ်ပြီး မရှိရင် Download လုပ်ပါ။)
Image Creation
သင့်ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။သင့်ဖုန်းက DriveDroid ကို run ပြီး preferences ထဲက USB Mass Storage(UMS) ဆိုတဲ့ check box မှာအမှန်ခြစ်ပေးပါ
 
ပြီးရင်  +  button ကိုနှိပ်ပြီး Create blank image ကိုနှိပ်ပါ။Windows 7.img လို့ နာမည်ပေးပြီး 3500 MB လို့ ဆိုက်သတ်မှတ်ပေးပါ။Partition table(MBR) ဆိုတဲ့ check box မှာ အမှန်ခြစ်ဖြုတ်ပေးပါ။နောက်ပြီး file system ဆိုတဲ့ dropdown arrow ကိုနှိပ်ပြီး None ရွေးပေးပါ။ပြီးရင် Create image ညာဘက်က အမှန်ခြစ်ပုံကို နှိပ်ပါ။
 
ဒါဆိုရင် background မှာ blank image တစ်ခု ဖန်တီးနေပြီး notification bar ကိုဆွဲချပြီးကြည့်ရှုနိုင်ပါတယ်။
Partitioning and Formatting
DriveDroid ကနေပြုလုပ်ပြီးတဲ့ blank image ကို တစ်ချက်နှိပ်ပါ။Option မှာ (read-write) ကိုရွေးပေးပါ။Windows က format ချဖို့ အသိပေးမှာဖြစ်ပြီး Cancel ကိုနှိပ်ပါ။
Start menu ကနေ cmd.exe လို့ ရိုက်ပြီး command prompt ကိုဖွင့်ပါ။ပြီးရင် diskpart လို့ ရိုက်ပြီး enter ခေါက်ပါ။
ချိတ်ဆက်ထားတဲ့ disk တွေကို တွေ့ ရဖို့  list disk ဆိုတဲ့ command ရိုက်ပေးပါ။
ပြုလုပ်ထားတဲ့  3500 mb ဆိုက်ရှိတဲ့ Disk 3 ကို တွေ့ မြင်ရပြီး select disk 3 ကို ရိုက်ပါ။
နောက်တစ်ဆင့်မှာ clean လို့ ရိုက်ပါ။
နောက်တစ်ဆင့်မှာ create partition primary လို့ ရိုက်ပါ။
format fs=ntfs quick လို့ ရိုက်ပြီး ntfs file system အနေနဲ့ format ချပါ။
ပြီးရင် active လို့ ရိုက်ပေးပါ။
exit ရိုက်ပြီး command prompt ကိုပိတ်ပါ။
Copying Files
ဒါဆိုရင် ntfs file system format ပြုလုပ်ပြီးတဲ့ disk တစ်ခုရရှိပါပြီ။ဒီဆောင်းပါးမှာတော့ပြုလုပ်ထားတဲ့ disk ဟာ disk G ပါ။
သင့်မှာ windows installer disc ရှိရင်တော့ အဲဒီ disc ထဲက ဖိုင်တွေကို ပြုလုပ်ထားတဲ့ disk ထဲကို ကော်ပီကူးထည့်ပါ။ISO ဖိုင်အသုံးပြုသူတွေ အတွက် ISO ဖိုင်ကို right click နှိပ်ပြီး 7-zip>Extract files ကိုနှိပ်ပါ။
Destination ကို ပြုလုပ်ထားတဲ့ Disk ကို ရွေးပေးပါ။
ဖိုင်တွေကို extract လုပ်ပြီးရင်တော့  disk ထဲကို ၀င်ကြည့်ရင်အောက်ကပုံမှာလို တွေ့ ရမှာပါ။
ဒါဆိုရင် သင့်ဖုန်း ကနေ windows အင်စတောလုပ်ဖို့ ပြုလုပ်ပြီးပါပြီ။သင်အင်စတောလုပ်ချင်တဲ့ကွန်ပြူတာ က BIOS setting မှာ USB ကနေ boot တက်ဖို့ ရွေးပေးပြီး ၀င်းဒိုးအင်စတောလုပ်လို့ ရပါပြီ။

Related Posts:

  • Depicable Me 1.1.0 သူငယ်ချင်းတို့အားလုံးသိကြတဲ့အတိုင်ပါပဲ။ များသောအားဖြင့် 3D ကြည့်တဲ့ သူငယ်ချင်းအများစုက ပိုပြီးသိလိမ့်မယ်လို့ထင်ပါတယ်။ ဘာဘာညာညာနဲ့စကားပြောကြတဲ့ အရုပ်လေးတွေပါ။ အဲဒီ ကာတွန်းရုပ်လေးတွေကို ဇာတ်လိုက်နေရာထားပြီး ဆော့ရမယ့် gam… Read More
  • LET’S CREATE! POTTERY MOD (UNLIMITED COINS) V1.52 APK  အဟောင်းလေးပေမယ့်ဆော့လို့ကောင်းလို့ တင်ပေးလိုက်ပါတယ် အိုလုပ်တဲ့ဂိမ်းပါ အိုးလှလှလေးတွေလုပ်ပြီး ရောင်းလို့လည်းရတယ် အော်ဒါမှာတာတွေလည်း လုပ်ပြီးပို့ပေးရတယ်  ကိုယ်စိတ်တိုင်းကျလုပ်ပြီးသိမ်းထားလို့လည်းရတယ်&nb… Read More
  • Cut The Rope HD V 2.3.2 For Android                          Cup the Rope HD apk လေးကတော့ တက်ဘလက်တွေနဲ့ စကရင်ကြီးတဲ့ ဖုန်းတွေအတွက် ဆော့လိုကောင်းစေမယ့် Full HD နဲ့ရုပ်ထွက် ကောင်းကောင်းဆော့လိုကေ… Read More
  • Soccer Scores Pro - FotMob V10.2 For Android ဥရောပတစ်ဝှမ်းက ဘောလုံးပွဲတွေရဲ့ရလဒ်ကို မိမိဖုန်းထဲကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မယ့် ဆော့ဝဲလေးဖြစ်ပါတယ် ဘောလုံးပွဲမစခင် အသင်းမှာပါဝင်မယ့် ကစားသမားတွေ(line up) ကိုလည်းကြိုတင်ခန့်မှန်းပေးသွားမှာဖြစ်သလို ကစားသ… Read More
  • Final Defence Mod (Free Shopping) APK                  ကမ်းခြေကနေ တက်လာသမျှရန်သူကို လက်နက်မျိုးစုံနဲ့ပစ်ရတဲ့ဂိမ်းလေးပါ အပစ်အခတ်ကြိုက်သူများအတွက် အမုန်းပစ်ရအောင်တင်ပေးလိုက်ပါတယ် ကြိုက်မယ်လို့မျှော်လင့်ပါတယ် … Read More

0 comments:

Post a Comment