SEA Games အတွက် ဖုန်း Application

 Photo: SEA Games အတွက် ဖုန်း Application ထွက်ရှိ

ဒီဇင်ဘာ လ အတွင်း မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အတွက် သတင်း အချက် အလက် များ၊ ဆုတံဆိပ်၊ အမှတ် ရလဒ် များနှင့် Fantasy ဘောလုံး Game များ ပါဝင် သော Andriod ဖုန်း Application ကို ဖန်တီး ထုတ်လုပ် ထားကြောင်း ယင်း Application ကို ထုတ်လုပ် ခဲ့သည့် Frontiir Company ထံမှ သိရှိ ရသည်။ Andriod ပလက်ဖောင်း ပေါ် ၌ အဆို ပါ ဖုန်း Application မှတစ်ဆင့် SEA Games Access Card အချက် အလက်များ၊ ပြိုင်ပွဲ ပွဲစဉ် ဇယားနှင့် ရလဒ် များ ကို ကြည့်ရှု နိုင်မည် ဖြစ်ကြောင်း Frontiir မှ တာဝန်ရှိ သူ တစ်ဦး က ဆိုသည်။

ထို့အပြင် SEA Games အမှတ် တံဆိပ် ပါ လက်ဆောင် ၀ယ်ယူရန်၊ SEA Games ပွဲစဉ် များ အားပေး ရန်နှင့် အခြား မြန်မာ ပြည် အနှံ့ ခရီးစဉ် များ ကို အလွယ်တကူ လက်မှတ် ဖြတ် ၀ယ်ယူ နိုင်ရန်နှင့် ဘောလုံး ပွဲ အဖြေ ခန့်မှန်း ၍ ဆုများ ကို ဆွတ်ခူး နိုင်ရန် တို့ကိုပါ အဆိုပါ Application တွင် ထည့်သွင်း စီစဉ် ထားသည် ဟု သိရှိ ရသည်။ ထို့အပြင် အဆို ပါ Application တွင် Delegate Card နှင့် Access Card တို့တွင် ပါဝင်သော ဘားကုတ် ကို ဖုန်းဖြင့် Scan ဖတ်ပြီး အခြားကတ် ရှိသူများ နှင့် ဆက်သွယ် နိုင်ရန် အချက်အလက် များ ကို မှတ်သား အသုံးပြု နိုင်ကြောင်း ၎င်းတို့ ထံမှ သိရှိရသည်။ SEA Games နှင့် ပတ်သက် ပြီး ပြည့်ပြည့် စုံစုံ ပါဝင်မည့် Application ကို http://www.frontiir.com, www.seagamesmm.com အပါအ၀င် Android Application Store တို့တွင် အခမဲ့ Download ရယူ နိုင်ပြီး Access Card များကို ထုတ်ပေး နေသည့် နေရာများ တွင်လည်း အခမဲ့ သွင်း ပေးမည် ဖြစ်ကြောင်း စီစဉ် သူများ ထံမှ သိရှိရ သည်။

ထို့အပြင် အဆိုပါ Frontiir ကုမ္ပဏီ သည် ပြိုင်ပွဲ ပွဲစဉ်ဇ ယား၊ ပွဲကြည့် ရှုရန် နေရာ၊ သတင်း၊ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို လက်မှတ် ၀ယ်ယူ နိုင်သော နေရာ များနှင့် အခြား အသုံးဝင် သော အချက် အလက် များကို စုံလင်စွာ ဖော်ပြ ထားသော www.seagamesmm.com အင်တာနက် Website ကို လည်း ဖန်တီး လွှင့် တင် ထားကြောင်း သိရ သည်။

The Voice Daily
SEA Games အတွက် ဖုန်း Application ထွက်ရှိ

ဒီဇင်ဘာ လ အတွင်း မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အတွက် သတင်း အချက် အလက် များ၊ ဆုတံဆိပ်၊ အမှတ် ရလဒ် များနှင့် Fantasy ဘောလုံး Game များ ပါဝင် သော Andriod ဖုန်း Application ကို ဖန်တီး ထုတ်လုပ် ထားကြောင်း ယင်း Application ကို ထုတ်လုပ် ခဲ့သည့် Frontiir Company ထံမှ သိရှိ ရသည်။ Andriod ပလက်ဖောင်း ပေါ် ၌ အဆို ပါ ဖုန်း Application မှတစ်ဆင့် SEA Games Access Card အချက် အလက်များ၊ ပြိုင်ပွဲ ပွဲစဉ် ဇယားနှင့် ရလဒ် များ ကို ကြည့်ရှု နိုင်မည် ဖြစ်ကြောင်း Frontiir မှ တာဝန်ရှိ သူ တစ်ဦး က ဆိုသည်။

ထို့အပြင် SEA Games အမှတ် တံဆိပ် ပါ လက်ဆောင် ၀ယ်ယူရန်၊ SEA Games ပွဲစဉ် များ အားပေး ရန်နှင့် အခြား မြန်မာ ပြည် အနှံ့ ခရီးစဉ် များ ကို အလွယ်တကူ လက်မှတ် ဖြတ် ၀ယ်ယူ နိုင်ရန်နှင့် ဘောလုံး ပွဲ အဖြေ ခန့်မှန်း ၍ ဆုများ ကို ဆွတ်ခူး နိုင်ရန် တို့ကိုပါ အဆိုပါ Application တွင် ထည့်သွင်း စီစဉ် ထားသည် ဟု သိရှိ ရသည်။ ထို့အပြင် အဆို ပါ Application တွင် Delegate Card နှင့် Access Card တို့တွင် ပါဝင်သော ဘားကုတ် ကို ဖုန်းဖြင့် Scan ဖတ်ပြီး အခြားကတ် ရှိသူများ နှင့် ဆက်သွယ် နိုင်ရန် အချက်အလက် များ ကို မှတ်သား အသုံးပြု နိုင်ကြောင်း ၎င်းတို့ ထံမှ သိရှိရသည်။ SEA Games နှင့် ပတ်သက် ပြီး ပြည့်ပြည့် စုံစုံ ပါဝင်မည့် Application ကို http://www.frontiir.com/, www.seagamesmm.com အပါအ၀င် Android Application Store တို့တွင် အခမဲ့ Download ရယူ နိုင်ပြီး Access Card များကို ထုတ်ပေး နေသည့် နေရာများ တွင်လည်း အခမဲ့ သွင်း ပေးမည် ဖြစ်ကြောင်း စီစဉ် သူများ ထံမှ သိရှိရ သည်။

ထို့အပြင် အဆိုပါ Frontiir ကုမ္ပဏီ သည် ပြိုင်ပွဲ ပွဲစဉ်ဇ ယား၊ ပွဲကြည့် ရှုရန် နေရာ၊ သတင်း၊ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို လက်မှတ် ၀ယ်ယူ နိုင်သော နေရာ များနှင့် အခြား အသုံးဝင် သော အချက် အလက် များကို စုံလင်စွာ ဖော်ပြ ထားသော www.seagamesmm.com အင်တာနက် Website ကို လည်း ဖန်တီး လွှင့် တင် ထားကြောင်း သိရ သည်။

0 comments:

Post a Comment