Samsung Galaxy Nexus I9250 4.3 ကို Root လုပ်မယ်…

Nexus
Root မလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွေကို backup ယူထားပါ..
ပြီးရင် လိုအပ်တဲ့ File တွေကို Download ဆွဲပါ..  fastboot ကို ဒီမှာ Down ပါ..


Recovery.img ကို ဒီမှာ Down ပါ…


Super Su ကို ဒီမှာ Down ပါ..


ပြီးရင် Phone ကို Fastboot Mode ၀င်ရပါမယ်…Phone ကို Power ပိတ်ပါ..

Battery ပါဖြုတ်ပြီး ငါးစက္ကန့် လောက်နေပြီးတော့မှ Battery ပြန်တပ်ပြီး Fastboot Mode ၀င်ရပါမယ်..

Vol Down +  Vol  Up + Power ခလုတ်သုံးခုကို ငါးစက္ကန့် လောက်စုံဖိထားပါ..Vol Down ခလုတ်ကို တစ်ချက်ခြင်းနှိပ်ကြည့်ပါ..

Recovery Mode ,  Power Off ,  Start , Restart bootloader ဆိုပြီးရှိပါတယ်..

Restart bootloader မှာ power ခလုတ်ကိုနှိပ်ပါ.. bootloader mode သို့ ဝင်သွားပါမယ်..

Download ဆွဲထားတဲ့ Fastboot file ကိုဖြည်ချပြီး အဲ့ဒီ Folder ထဲမှာ Shift ကိုဖိထားပြီး Right click ထောက်ပြီး Open command here ကို Click လိုက်ပါ…

CMD box တစ်ခုပေါ်လာပါမယ်… Fastboot Mode ၀င်ထားတဲ့ ဖုန်းကို Computer နဲ့ ချိတ်လိုက်ပါ…

( မှတ်ချက် -  Computer မှာ Samsung USB Driver သွင်းထားရပါမယ် )

ပြီးတာနဲ့  CMD box ထဲမှာ fastboot flash recovery recovery.img  ဆိုပြီး အတိအကျ ရိုက်ထည့်ပေးလိုက်ပါ..

CWM သွင်းပြီးပါပြီး… Super Su ကို SD card ထဲ Copy ကူးထည့်ပါ…

Phone ကို USB ကြိုးဖြုတ်ပြီး Battery ဖြုတ် ငါးစက္ကန့် လောက်နေပြီး Phone ကို recovery mode ၀င်ရပါမယ်..

ပထမတုန်းကလိုပဲ  Vol Down +  Vol  Up + Power ခလုတ်သုံးခုကို ငါးစက္ကန့် လောက်စုံဖိထားပါ..

recovery mode မှာ power ကိုတစ်ချက်နှိပ်ပြီး Custom recovery ထဲကနေ Install Zip ထဲက Choose for sd card ကိုရွေးပြီး

Update super su ကိုရွေးပေးလိုက်တာနဲ့  Install လုပ်ပြီး Reboot System now ကိုရွေးပေးလိုက်ပါ…

Phone power ပြန်ပွင့်လာရင်တော့ Super Su လေးကို တွေ့ ရပါပြီ…
MMSD မှပြန်လည်ဖော်ပြပါသည်


0 comments:

Post a Comment